fbpx

NUG အစိုးရမှ အရေးပေါ်အခြေအနေနှင့် ရုံးပိတ်ရက်အကန့်အသတ်မရှိကြေငြာပြီးနောက် ရန်ကုန်မြို့ ပုဂ္ဂလိကကုမ္ပဏီအချို့ လစာအပြည့် ဖြင့် ရုံးပိတ်ပေး

စက်တင်ဘာ ၇ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ယနေ့ (စက်တင်ဘာ ၇ ရက်) မှစတင်၍ မြန်မာနိုင်ငံအား အရေးပေါ်အခြေအနေကြေငြာခဲ့ပြီး ရက်အကန့် အသတ်မရှိရုံးပိတ်ရက်ကြေငြာပြီးနောက် ပုဂ္ဂလိ က ကုမ္ပဏီအချိုမှ ၄င်းတို၏ ဝန်ထမ်းများအား လစာအပြည့်ဖြင့် ရုံးပိတ်ပေးလိုက်ကြောင်း သ တင်းရရှိသည်။

အရေးပေါ်အခြေအနေကြေငြာသည့် ယနေ့မနက် ပိုင်းမှစတင်၍ ဝန်ထမ်းများအားလုံးပြန်လွှတ် လိုက်ပြီး ရက်အကန့်အသတ်မရှိပိတ်ထားမည် ဖြစ်ပြီး အခြေအနေပေါ်မူတည်၍ ရုံးပြန်တက်ရ မည့်ရက်အား ပြန်လည်ဆက်သွယ်မည်ဖြစ် ကြောင်း သိရသည်။

” ဒီမနက်ကစပြီး D-Dayဆိုတော့ ညီမတိုရုံးက ပိတ်ပေးလိုက်တယ်။ အဆောင်တခုထဲမှာနေတဲ့ တခြားသူတွေလည်း ပြန်လာကြတယ်။ သူတိုရုံး တွေကိုလည်းပိတ်ပေးလိုက်တယ်။ လစာအပြည့်နဲ့ဘဲ။ ဂရုစိုက်ပြီးနေကြဖိုမှာတယ်။ ဘယ်နေ့ပြန်တက်ရမယ်ဆိုတာမပြောဘူး”ဟုရန်ကုန်မြို ဆေး ကုမ္ပဏီတခု၏ဝန်ထမ်းတဦးက ပြောသည်။

NUGအစိုးရအနေဖြင့် ယနေ့အား D-Day အရေးပေါ် အခြေအနေအဖြစ်ကြေငြာပြီးနောက် မြို နယ်အချိုတွင် ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

ထိုပြင် ရန်ကုန်မြိုအတွင်းရှိ ပြည်သူလူထုအများ စုအနေဖြင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများ စုဆောင်းဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။