fbpx

တောင်းရမ်းစားသောက်သူရဲ့ကလေးကိုတောင် နေ့တိုင်းအနွံတာခံတဲ့ သူငယ်ချင်းဇေယျာသော်အကြောင်းပြောလာတဲ့ ရန်ရန်ချမ်း

ACID အဖွဲ့ရဲ့အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ NLD ပါတီဝင်တစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဇေယျာသော်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြသလို သူ့ရဲ့ ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်း ရန်ရန်ချမ်းကလည်း နေ့စဉ်နဲ့အမျှ သတိရနေတာပဲဖြစ်ပါတယ်။ ဇေယျာသော်နဲ့ ပက်သတ်တဲ့ အမှတ်တရတွေကို အမြဲတမ်းပြောလေ့ရှိတဲ့ ရန်ရန်ချမ်းဟာ ဒီတစ်ခါမှာလည်း တောင်းရမ်းစားသောက်သူရဲ့ ကလေးကိုတောင် ကြင်နာနွေးထွေးတဲ့ ဇေယျာသော်အကြောင်း အခုလိုပြောပြလာပါတယ်။

“ကျွန်တော်တို့ခပ်ငယ်ငယ်လူပျိုပေါက်အရွယ်လဘက်ရည်ဆိုင်အသေထိုင်တဲ့အချိန်ဘန်းစကားနဲ့ဆိုရင်တော့ဒေါင်ပေါ့။ ရပ်ကွက်ထဲဆိုင်အစုံပတ်ထိုင်တတ်ကြပေမဲ့ကိုယ့်အိမ်နဲ့အနီးဆုံးကထိုင်လို့အကောင်းဆုံးဖြစ်တတ်တာသဘာဝပဲဆိုတော့ကျွန်တော်တို့လည်းအိမ်နားကဆိုင်နှစ်ဆိုင်လောက်မှာပဲအထိုင်များကြတော့တာပေါ့။ အဲ့လိုဘိအမိုက်စားဒေါင်တွေပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ဘော်ဒါအုပ်လိုက်ကအဲ့ဆိုင်တွေမှာအချိန်တိုင်းလိုလိုရှိတာဘာမှတော့အထူးအဆန်းမဟုတ်ဘူးပေါ့။ ထူးဆန်းတာက‌တော့ကျွန်တော်တို့ထဲတစ်ကောင်ပဲ လမ်းဘေးကခွေးဝဲစားအစာလာတောင်းလည်း အိမ်မွေး Golden Retrieverသန့်သန့်လေးကိုပလူးသလိုနမ်းလို့နမ်းနှာခေါင်းချင်းပွတ်လို့ပွတ်လုပ်တာ”

“နောက်ကျွန်တော်တို့ထိုင်တိုင်း အဲ့ဆိုင်ကိုပိုက်ဆံလိုက်တောင်းတဲ့သားအမိလာတာရှိတယ်ကျွန်‌တော်တို့မုန့်ဖိုးပိုရင်ထဲ့တယ်မပိုရင်သူလည်းလက်ကြိုခါပြလိုက်ရင်သိတယ်မတောင်း‌တော့ဘူး…..ဘယ်လောက်အချိန်ကာလကြာကြာကျွန်တော်တို့ထိုင်ပြီးသူတို့သားအမိကလည်းဒီဆိုင်မှာပုံမှန်တောင်းသလည်းဆို အစကချီပြီးတောင်းတဲ့ကလေးနေရာမှာနောက်ကလေးတစ်ယောက်မွေးပြီး အရင်နို့ဆို့အရွယ်လေးကလျှောက်ပြေးလွှားစော့တဲ့အရွယ်လေးကိုရောက်မှန်းမသိရောက်လာတာပဲကြည့်တော့ အဲ့ကလေးကိုကျွန်တော်တို့စိတ်ထဲလည်းအသိတစ်ယောက်ရဲ့ကလေးလိုလိုဘာလိုလိုကိုဖြစ်ရော အမယ်!အဲ့ပိုက်ဆံတောင်းတဲ့မိန်းမလုပ်ပုံကိုပြောပြရဦးမယ်။ လုပ်ဆိုကိုယ့်ထဲကကောင်ကိုကလည်းအနေအထိုင်မတတ်တာ။”

“အဖြစ်ကဒီလို သူတို့မိသားစုဆိုင်အဝန်းအဝိုင်းထဲကိုတောင်းဖို့စဝင်လာပြီဆိုတာနဲ့ ကလေးငယ်လေးကိုနို့ဖမ်းတိုက်ပြီးအကြီးလေးကိုကိုယ့်ကောင်ဆီကိုသွားဆိုပြီးတန်းလွတ်လိုက်တာပဲမသိရင်မိန်းမကအလုပ်လုပ်စရာရှိလို့ ယောက်ျားရေအကြီးကောင်လေးရှင်ထိန်းပေးထားစမ်းပါဆိုတဲ့အပေါက် အဲ့ကလေးကလည်းလာရင်ရိုးရိုးမလာဘူး ဟိုကောင့်ကိုဆက်ဆံပုံကတစ်ကယ့်သူအဖေလိုကို ပြုံးပြီးဖက်ယက်ကျောကနေတက်တာဂုတ်အပေါ်ထိရောက်တယ် ကိုယ့်ကောင်ကလည်းစကားတစ်ပြောပြောနဲ့ထိန်းပေးရှာတယ်ဗျာ ဟိုကတောင်းပြီးရင်အကြီးလေးကိုလာခေါ်ပြီးဒိုးသွားရော တကယ်တော့အဲ့ဒါကြီးကတစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ပါဗျာ….. PS : ကလေးထိန်းကြီး ===> ဇေယျာသော်(ခေါ်) မောင်ကျော်” ဆိုပြီး ပြောလာပါတယ်။

ရန်ရန်ချမ်းကတော့ လူတန်းစားမရွေး ကြင်နာနွေးထွေးတဲ့ သူငယ်ချင်းဇေယျာသော်အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဇေယျာသော်လည်း အမြန်ဆုံးလွတ်မြောက်လာပါစေနော်။

  • ဇော်ဂျီဖြင့်ဖတ်ရန်

တောင်းရမ်းစားသောက်သူရဲ့ကလေးကိုတောင် နေ့တိုင်းအနွံတာခံတဲ့ သူငယ်ချင်းဇေယျာသော်အကြောင်းပြောလာတဲ့ ရန်ရန်ချမ်း

ACID အဖွဲ့ရဲ့အဆိုတော်တစ်ယောက်လည်းဖြစ်သလို၊ NLD ပါတီဝင်တစ်ယောက်လည်းဖြစ်တဲ့ ဇေယျာသော်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကပဲ စကစရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဇေယျာသော်အတွက် ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြသလို သူ့ရဲ့ ငယ်ငယ်တည်းက လည်ပင်းဖက်ပေါင်းလာတဲ့ သူငယ်ချင်း ရန်ရန်ချမ်းကလည်း နေ့စဉ်နဲ့အမျှ သတိရနေတာပဲဖြစ်ပါတယ်။ ဇေယျာသော်နဲ့ ပက်သတ်တဲ့ အမှတ်တရတွေကို အမြဲတမ်းပြောလေ့ရှိတဲ့ ရန်ရန်ချမ်းဟာ ဒီတစ်ခါမှာလည်း တောင်းရမ်းစားသောက်သူရဲ့ ကလေးကိုတောင် ကြင်နာနွေးထွေးတဲ့ ဇေယျာသော်အကြောင်း အခုလိုပြောပြလာပါတယ်။

“ကျွန်တော်တို့ခပ်ငယ်ငယ်လူပျိုပေါက်အရွယ်လဘက်ရည်ဆိုင်အသေထိုင်တဲ့အချိန်ဘန်းစကားနဲ့ဆိုရင်တော့ဒေါင်ပေါ့။ ရပ်ကွက်ထဲဆိုင်အစုံပတ်ထိုင်တတ်ကြပေမဲ့ကိုယ့်အိမ်နဲ့အနီးဆုံးကထိုင်လို့အကောင်းဆုံးဖြစ်တတ်တာသဘာဝပဲဆိုတော့ကျွန်တော်တို့လည်းအိမ်နားကဆိုင်နှစ်ဆိုင်လောက်မှာပဲအထိုင်များကြတော့တာပေါ့။ အဲ့လိုဘိအမိုက်စားဒေါင်တွေပိုင်ဆိုင်ထားတဲ့ကျွန်တော်တို့ဘော်ဒါအုပ်လိုက်ကအဲ့ဆိုင်တွေမှာအချိန်တိုင်းလိုလိုရှိတာဘာမှတော့အထူးအဆန်းမဟုတ်ဘူးပေါ့။ ထူးဆန်းတာက‌တော့ကျွန်တော်တို့ထဲတစ်ကောင်ပဲ လမ်းဘေးကခွေးဝဲစားအစာလာတောင်းလည်း အိမ်မွေး Golden Retrieverသန့်သန့်လေးကိုပလူးသလိုနမ်းလို့နမ်းနှာခေါင်းချင်းပွတ်လို့ပွတ်လုပ်တာ”

“နောက်ကျွန်တော်တို့ထိုင်တိုင်း အဲ့ဆိုင်ကိုပိုက်ဆံလိုက်တောင်းတဲ့သားအမိလာတာရှိတယ်ကျွန်‌တော်တို့မုန့်ဖိုးပိုရင်ထဲ့တယ်မပိုရင်သူလည်းလက်ကြိုခါပြလိုက်ရင်သိတယ်မတောင်း‌တော့ဘူး…..ဘယ်လောက်အချိန်ကာလကြာကြာကျွန်တော်တို့ထိုင်ပြီးသူတို့သားအမိကလည်းဒီဆိုင်မှာပုံမှန်တောင်းသလည်းဆို အစကချီပြီးတောင်းတဲ့ကလေးနေရာမှာနောက်ကလေးတစ်ယောက်မွေးပြီး အရင်နို့ဆို့အရွယ်လေးကလျှောက်ပြေးလွှားစော့တဲ့အရွယ်လေးကိုရောက်မှန်းမသိရောက်လာတာပဲကြည့်တော့ အဲ့ကလေးကိုကျွန်တော်တို့စိတ်ထဲလည်းအသိတစ်ယောက်ရဲ့ကလေးလိုလိုဘာလိုလိုကိုဖြစ်ရော အမယ်!အဲ့ပိုက်ဆံတောင်းတဲ့မိန်းမလုပ်ပုံကိုပြောပြရဦးမယ်။ လုပ်ဆိုကိုယ့်ထဲကကောင်ကိုကလည်းအနေအထိုင်မတတ်တာ။”

“အဖြစ်ကဒီလို သူတို့မိသားစုဆိုင်အဝန်းအဝိုင်းထဲကိုတောင်းဖို့စဝင်လာပြီဆိုတာနဲ့ ကလေးငယ်လေးကိုနို့ဖမ်းတိုက်ပြီးအကြီးလေးကိုကိုယ့်ကောင်ဆီကိုသွားဆိုပြီးတန်းလွတ်လိုက်တာပဲမသိရင်မိန်းမကအလုပ်လုပ်စရာရှိလို့ ယောက်ျားရေအကြီးကောင်လေးရှင်ထိန်းပေးထားစမ်းပါဆိုတဲ့အပေါက် အဲ့ကလေးကလည်းလာရင်ရိုးရိုးမလာဘူး ဟိုကောင့်ကိုဆက်ဆံပုံကတစ်ကယ့်သူအဖေလိုကို ပြုံးပြီးဖက်ယက်ကျောကနေတက်တာဂုတ်အပေါ်ထိရောက်တယ် ကိုယ့်ကောင်ကလည်းစကားတစ်ပြောပြောနဲ့ထိန်းပေးရှာတယ်ဗျာ ဟိုကတောင်းပြီးရင်အကြီးလေးကိုလာခေါ်ပြီးဒိုးသွားရော တကယ်တော့အဲ့ဒါကြီးကတစ်ရက်လည်းမဟုတ်နှစ်ရက်လည်းမဟုတ်ပါဗျာ….. PS : ကလေးထိန်းကြီး ===> ဇေယျာသော်(ခေါ်) မောင်ကျော်” ဆိုပြီး ပြောလာပါတယ်။

ရန်ရန်ချမ်းကတော့ လူတန်းစားမရွေး ကြင်နာနွေးထွေးတဲ့ သူငယ်ချင်းဇေယျာသော်အကြောင်းကို ပြောလာတာပဲဖြစ်ပါတယ်။ စိတ်ထားကောင်းတဲ့ ဇေယျာသော်လည်း အမြန်ဆုံးလွတ်မြောက်လာပါစေနော်။

Source: Yan Yan Chan ‘s fb