ကမ္ဘာ့နိုင်ငံတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ရရှိလာပြီဖြစ်လို့ လူအများက အရင်လို ပုံမှန်သွားလာချင်မှာဖြစ်ပေမဲ့ အဲဒီလို သွားဖို့ဆိုရင်တော့ ကိုဗစ်ကာကွယ်ဆေးပတ်စ်ပို့ လျှောက်ထားဖို့ လိုအပ်လာနိုင်ပါတယ်။
တနည်းအားဖြင့် ကာကွယ်ဆေးမှတ်တမ်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ လိုလာနိုင်ပါတယ်။
အခုကိုပဲ ဂျပန်ကို ဝင်ရောက်လာသူတွေဟာ လွန်ခဲ့တဲ့ ၇၂ နာရီအတွင်း ကိုဗစ်-နဂ္ဂတစ် (ကိုဗစ်-၁၉ မတွေ့ရှိကြောင်း) အထောက်အထား ယူဆောင်လာရမယ်လို့ တောင်းဆိုနေပါပြီ။

ကိုဗစ်-၁၉ စမ်းသပ်မှုနဲ့ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီး အချက်အလက်တွေကို စမတ်ဖုန်းတွေမှာ ထဲ့သွင်းဖို့ ကုမ္ပဏီတွေနဲ့ နည်းပညာအုပ်စုတွေက စမ်းသပ်ဆောင်ရွက်နေပါပြီ။
ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံ၊ ရုံးဌာနတွေအပြင် နိုင်ငံကူးရာမှာပါ ဒီလိုအချက်အလက်တွေကို လက်ကိုင်ဖုန်းမှာ ဖော်ပြနိုင်အောင် လုပ်နေကြတာပါ။
ဆွစ်ဇာလန်အခြေစိုက် Common Trust Network ကဆိုရင် CommonPass app ကို တီထွင်ဖန်တီးလိုက်ပါတယ်။ ဒီအပလီကေးရှင်းမှာ ကိုဗစ်-၁၉ အပါအဝင် ကျန်းမာရေး အချက်အလက်တွေ ပါဝင်မှာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိ သူတွေက QR ကုဒ်စနစ်နဲ့ အမြန်ဆုံးစစ်ဆေးနိုင်မှာပါ။
ဒ့ါအပြင် စစ်ဆေးရေးပွိုင့်တွေမှာ စစ်ဆေးပြီးသမျှ အချက်အလက်တွေလဲ ဒီ app မှာ မှတ်တမ်းဝင်နေမှာဖြစ်ပါတယ်။
ဒီစနစ်ကို အကောင်အထည်ဖော်ဖို့ Cathay Pacific, Lufthansa, Swiss Airlines, United Airlines စတဲ့ လေကြောင်း လိုင်းတွေနဲ့လဲ ပူးပေါင်းဆောင်ရွက်နေပါတယ်။
အမေရိကန်နည်းပညာကုမ္ပဏီ IBMကလဲ ကိုရိုနာဗိုင်းရပ်စစ်ဆေးမှု၊ ကိုယ်အပူချိန်တိုင်းတာမှု၊ ကာကွယ်ဆေးမှတ်တမ်း စတဲ့အချက်အလက်တွေ ပါဝင်မဲ့ Digital Health Pass ဆိုတဲ့ app ကို တီထွင်ထုတ်လုပ်နေပါတယ်။
နေ့စဉ် ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ အောက်ကလင့်လေးကိုနှိပ်ပီးလာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။https://www.facebook.com/dailyinfomm
Ref – CNN