fbpx

တစ်ချို့ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာဟာ တိုင်းပြည်အခြေအနေနဲ့ မဆိုင်ဘူးလို့ ပြောလာတဲ့ ဝေဠုကျော်

ဝေဠုကျော်က တစ်ချို့သောပြည်သူတွေ ဘာကြောင့်ဆင်းရဲဒုက္ခရောက်နေရလဲဆိုတာကို အခုလိုပဲ ပြောပြထားပါတယ်​နော်

” တချို့ဘဝတွေက ကပ်ရောဂါတွေ တိုင်းပြည်အခြေအနေတွေနဲ့မဆိုင်ဖူး။ကံကြမ္မာကိုက မွဲလွန်းလို့ ဒုက္ခပင်လယ်ဝေနေရတယ့် ဘဝတွေပါ။

အလုပ်မရှိလို့ ကြပ်တည်းကြတာ မဟုတ်တော့ဖူး။
အလုပ်ရှိလည်းမလုပ်နိူင်တော့တယ့် အခြေအနေပါ။

တောင်ဒဂုံ ၊၁၉ရပ်ကွက် က ကျမ်းမာရေးမကောင်းကြတယ့် သားအမိ ၂ယောက် အကြောင်းလေး ပြောပြချင်တာပါ။

သားဖြစ်သူက စကားမပြောနိူင်တယ့် ဆွံ့အသူ။
အဖေကမရှိဖူး ။ဆုံးသွားခဲ့တာကြာပြီ။

အမေက ရောဂါပေါင်းစုံနဲ့ ဗိုက်ကြီးကပူလို့ပေါ့။ အမေ့ဆေးဖိုး နဲ့ စားသောက်ဖို့အတွက် မောင်ရွှေအ လေးက ရပ်ကွက်ထဲ ဟိုလူ ဒီလူ ခိုင်းတာလုပ်ပေး။

အစားအသောက်က ငါးပိရည်ပဲ စားနိူင်တာများတော့ ငယ်ငယ်ရွယ်ရွယ် သွေးတိုးပြီးလေဖြတ်ပါလေရော။နေတယ့်အိမ်လေးကဆွေးမြေ့ပြိုပျက်

တော်သေးတာက အနီးနားက အသုပ်စုံရောင်းတယ့်အဒေါ့်အိမ်တက်နေလို့ရတာပါ။အဒေါ်ကလည်း မုဆိုးမပဲ။သူကလည်း မနည်းရုန်းကန်နေရတာလေ။

ကပ်ရောဂါပြန်မထခင်က သူတို့အိမ်လေးပြန်ဆောက်ပေးဖို့ တစ်ခေါက်ရောက်ခဲ့တုန်းက မောင်ရွှေအက ပက်လက် ။

အခုတော့ ထိုင်နိူင်ပြီဆိုတော့ အခြေအနေတိုးတက်လာပါပြီ။အရပ်က ဝိုင်းထောက်ပံ့ ပေးနေရတယ့် ကလေး။

အခုသူတို့သားအမိဆီသွားပြီး အလှူငွေ ၅သောင်းကျပ် နှင့်ဆန် ၊ဆီ၊ကြက်ဥ၊ အဝတ်အထည်အသစ်လေးတွေ ကိုကူညီထောက်ပံ့ပေးခဲ့ပါသည် ” ဆိုပြီး ရေးသားဖော်ပြထားပါတယ်

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝေလးကို ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ။

– Respectively Credit