fbpx

တစ်နေ့တာကျန်းမာရေးအတွက် အိပ်ရာနိုးနိုးချင်း ပြုလုပ်သင့်တဲ့ အရေးကြီး အချက်တစ်ချက်

အိပ်ရာ နိုးနိုးချင်း ဘာလုပ်သင့်သလဲ။
တစ်ချို့ကတော့ မျက်စီအရင်ဖွင့်တယ်လို့
ပြောကြတယ်၊ဟုတ်ပါတယ်။
အဖြေမှန်ပါတယ် :3
အိပ်ရာနိုးနိုးချင်း အရင်လုပ်ရမှာက
မျက်လုံး နှစ်လုံး အရင် ဖွင့်ရမှာ ဖြစ်ပါတယ်။ နောက်တာနော်။
ဒီကနေ့ မျှ‌ဝေပေးချင်တာကတော့
မျက်လုံးနှစ်လုံး ပွင့်တာနဲ့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့
ကျန်းမာရေးအတွက် မဖြစ် မနေလုပ်သင့်တဲ့ အချက်တစ်ချက်ရှိပါတယ်။
အကယ်ရျ် လ သင်သာ ခန္ဓာကိုယ်ဂရုစိုက်တဲ့
လူ တစ်‌‌ေယာက်ဖြစ်ပီး သင့်ကျန်းမာရေး အတွက် အချိန် ၃ မိနစ်လောက် ရှိခဲ့မယ်ဆိုရင် ဒီ post အဆုံးထိဖတ်ပေးဖို့တိုက်တွန်းချင်ပါတယ်။
မနက်မိုးလင်း မျက်လုံးနှစ်လုံးပွင့်တာ သင့်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ကျန်းမာရေး အတွက်
အရေး ကြီးဆုံး အချက်ကတော့
ရေတစ်ခွက် ပြည့်ပြည့်ဝဝ သောက်ခြင်းဖြစ်ပါတယ်။

နေ့ရက်တိုင်းကို အားပြည့်အင်ပြည့် ကြည်လင် ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့
ခမ်းနားစရာ မလိုပါဘူး။
ရိုးရှင်းတဲ့ ရေတစ်ခွက်နဲ့ ဆို နေ့သစ်ကို စတင်ဖို့ အကောင်း ဆုံးပါဘဲ။
မနက်ခင်းတိုင်းမှာ……………
ရေတစ်ခွက် သောက်သုံးမယ်ဆိုရင်
အရင်ဆုံးရလာမယ့် အကျိုးကျေးဇူးက တစ်နေ့တာမှာကောင်းကောင်းလှုပ်ရှားနိုင်မှာပဲဖြစ်ပါတယ်။
ရေဓါတ်ပြည့်ဝတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်စေမှာတော့ အသေအချာပါပဲ။
ဒီလိုမျိုး
လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးကိူ
မနက်ခင်းတိုင်းမှာ ကျင့်သုံးမယ်ဆိုရင် ဘယ်လို ကြီးမားတဲ့ အကျိုးကျေးဇူး ရမလဲ ဆိုတာကို အချိန် ၃ မိနစ်လောက်ပေးပီး မိမိချစ်တဲ့ ခန္ဓာကိုယ် အတွက် ဖတ်ရူပေးပါအုံး ခင်ဗျာ။

အသားအရေကို ကြည်လင်စေတယ်

တကယ်လို့ သင့်အနေနဲ့ ကြည်လင်တဲ့
အသားအရေကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ရေသောက်ပေးပါ။
မနက်နိုးနိုးချင်းမှာ ရေသောက်လိုက်တဲ့အခါ
အူလမ်းကြောင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို အညစ်အကြေးကနေတဆင့် ခန္ဓါကိုယ်ပြင်ပကိုရောက်ရှိသွားစေပါတယ်။
ခန္ဓါကိုယ်က အဆိပ်အတောက်တွေကို
ဖယ်ရှားနိုင်လေလေ အသားအရေက
ပိုကြည်လင်ကျန်းမာလေလေပါ။
အစာအိမ်ထဲမှာ အစာမရှိခင်ရေသောက်ချပေးတာ
ခန္ဓါကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို အထောက်အကူပြုပေးပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်တယ်

ခန္ဓါကိုယ် ကျန်းမာသန်စွမ်းဖို့ ရေ က မရှိမဖြစ်
အရေးပါတဲ့ အရာပါ။
မနက်ခင်း………. အိပ်ရာကနေ ထထချင်း
ဘာမှမလုပ်သေးခင် ရေတစ်ခွက်လောက်သောက်ပေးလိုက်တာက ကိုယ်ခံအားကိုကောင်းမွန်စေနိုင်သလို မကြာခဏ ဖျားနာတာနဲ့ ရောဂါတွေ ကူးစက်ခံရတဲ့အန္တရာယ် ကနေကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။
မနက်ခင်းရေသောက်တာကရောဂါတော်တော်များများကို ကာကွယ် ကုသရာရောက်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ ခန္ဓါကိုယ်မှာဖြစ်ရတဲ့ရောဂါအများစုက အစာအိမ်ကနေ အစပြုလာကြတာပါ။ ဒါကြောင့် အစာအိမ်နဲ့အစာခြေစနစ်ကို ကျန်းမာနေအောင် ဂရုစိုက်လိုက်မယ်ဆိုရင်ရောဂါအများစုကနေ ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဒါကြောင့် မနက်နိုးနိုးချင်းရေတစ်ခွက်သောက်ပြီး ကျန်းမာတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်လိုက်ပါ။

အစားနည်းနည်းပဲ စားမိစေနိုင်တယ်

ရေက အနံ့အရသာ မရှိပေမယ့် သောက်ရတာလွယ်ပါတယ်။ ဘာမှမစားသေးခင်ရေကို ပြည့်ပြည့်ဝဝသောက်ထားမယ်ဆိုရင် မလိုအပ်ဘဲ အစားတွေ အများကြီးမစားမိအောင် အန္တရာယ်ကင်းကင်းနဲ့ကာကွယ်နိုင်မှာပါ။ ဘော်ဒီလှလှလေးပိုင်ချင်သူတွေအတွက်လည်း နည်းလမ်းကောင်းပေါ့။ အစားနည်းနည်းပဲ စားမိအောင် ရေများများသောက်ပေးပါ။

အူမကြီးကို သန့်စင်စေနိုင်တယ်

ရေသောက်တာက အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ မနက်အိပ်ရာထထချင်းမှာ အရင်ဆုံးရေတစ်ခွက်သောက်လိုက်မယ်ဆိုရင် အစာအိမ်၊အူလမ်းကြောင်း နဲ့ အူမကြီးနံရံတွေမှာ ရှိနေတဲ့ အညစ်အကြေးတွေကိုဆေးကြောလိုက်သလိုဖြစ်သွားပြီး အူနံရံက အစာအာဟာရတွေ စုပ်ယူမှုကို ပိုမိုကောင်းမွန်အောင် အထောက်အကူပြုနိုင်မှာပါ။

အားလုံး ကိုဗစ်ရောဂါဆိုးကြီးမှ လွတ်မြောက်ကြပါစေကြောင်း DailyInfoMyanmar မှ ဆုတောင်းပေးလိုက်ရပါတယ်။