fbpx

ဒုတိယမြောက်သမီးလေးကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ Wanted အဖွဲ့ဝင် ဖော်ကာ

Wanted အဖွဲ့ဝင် ဖော်ကာကတော့ Rock သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုရင်း အမျိုးသားပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖော်ကာဟာ SIR အဖွဲ့ကနေ ထွက်ခွာသွားခဲ့ပြီးနောက် Wanted Band နဲ့ ဆက်လက်ပြီး သီချင်းတွေ သီဆိုနေခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ဖော်ကာရဲ့သီချင်းတွေကို အရင်အတိုင်းပဲ ဆက်လက်ပြီး အားပေးနေကြဆဲဖြစ်ပါတယ်။

(၂၀၁၈) ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့မှာ ချစ်သူနဲ့ လက်ထပ်ခဲ့တဲ့ ဖော်ကာဟာ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဒီကနေ့ နိုဝင်ဘာလ (၂၁) ရက်နေ့မှာ သမီးလေးတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ ဖော်ကာက သူ့ရဲ့သမီးလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်လို့မဝနိုင်ဖြစ်နေတာကို အခုလိုပဲ တွေ့ရပါတယ်။

Rocker ကြီး ဖော်ကာကတော့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ခဲ့ပြီဖြစ်ပါတယ်။ Congratulation ပါနော် ဖော်ကာရေ…

Zawgyi Versin

Source: Htain Minn Zaw ‘s fb