fbpx

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပထမအကြိမ်ရုံးထုတ်စစ်ဆေး

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို မေလ ၂၇ ရက်နေ့က ပထမအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့ဧပြီ ၁၅ ရက်နေ့က သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဆိုင်ကယ်စီးလာစဉ် အကြမ်းဖက်စစ်အုပ်က အိမ်စီးကားနဲ့တိုက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မုံရွာပင်မသပိတ်အဖွဲ့ဝင်တစ်ဦးက “ဒီကနေ့မှာ ဝေမိုးနိုင်ကို ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူ့ကို ဖမ်းဆီးရိုက်ခံထားတဲ့ ဒဏ်ရာများ သက်သာတာတွေ့ရတယ်။ ရုံးထုတ်လို့အပြီးမှာ အရေးတော်ပုံအောင်ရမည်ဟု လက်သုံးချောင်းထောင်ပြသွားခဲ့တယ်။ အခုချိန်ထိ မိသားစုနဲ့တွေ့ခွင့်မရသးဘူး။ ဒီနေ့ရုံးထုတ်ချိန်လည်း သူမိသားစုက အပြင်ကနေပဲ တွေ့ လိုက်ရတယ်။ နောက်ရုံးချိန်းကတော့ ဘယ်နေ့ဆိုတာမသိရသေးဘူး။ အခုရုံးထုတ်စစ်ဆေးတာက ၅၀၅(က)အမှုကိုပဲ စစ်ဆေးခဲ့တယ်” လို့ ပြောပါတယ်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မများစွာနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

#Zawgyi

စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ေတာ္လွန္တဲ့ မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို ေမလ ၂၇ ရက္ေန႔က ပထမအႀကိမ္႐ုံးထုတ္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။

ၿပီးခဲ့ဧၿပီ ၁၅ ရက္ေန႔က သပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ ဆိုင္ကယ္စီးလာစဥ္ အၾကမ္းဖက္စစ္အုပ္က အိမ္စီးကားနဲ႔တိုက္ၿပီး ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။

မုံ႐ြာပင္မသပိတ္အဖြဲ႕ဝင္တစ္ဦးက “ဒီကေန႔မွာ ေဝမိုးႏိုင္ကို ႐ုံးထုတ္စစ္ေဆးခဲ့ပါတယ္။ သူ႔ကို ဖမ္းဆီး႐ိုက္ခံထားတဲ့ ဒဏ္ရာမ်ား သက္သာတာေတြ႕ရတယ္။ ႐ုံးထုတ္လို႔အၿပီးမွာ အေရးေတာ္ပုံေအာင္ရမည္ဟု လက္သုံးေခ်ာင္းေထာင္ျပသြားခဲ့တယ္။ အခုခ်ိန္ထိ မိသားစုနဲ႔ေတြ႕ခြင့္မရသးဘူး။ ဒီေန႔႐ုံးထုတ္ခ်ိန္လည္း သူမိသားစုက အျပင္ကေနပဲ ေတြ႕ လိုက္ရတယ္။ ေနာက္႐ုံးခ်ိန္းကေတာ့ ဘယ္ေန႔ဆိုတာမသိရေသးဘူး။ အခု႐ုံးထုတ္စစ္ေဆးတာက ၅၀၅(က)အမႈကိုပဲ စစ္ေဆးခဲ့တယ္” လို႔ ေျပာပါတယ္။

မုံ႐ြာသပိတ္ေခါင္းေဆာင္ ကိုေဝမိုးႏိုင္ကို အာဏာသိမ္းစစ္ေကာင္စီက ႏိုင္ငံေတာ္ပုန္ကန္မႈအပါအဝင္ ပုဒ္မမ်ားစြာနဲ႔ တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။