fbpx

တောထဲမှာ ခက်ခဲစွာပြေးရင်းပုန်းရင်း ဘာဂစ်တာမှမရှိပဲ ရေးစပ်ခဲ့တဲ့ ဒါရိုက်တာကိုပေါက်ရဲ့သီချင်း‌ ဗီဒီယို

ဒါရိုက်တာကိုပေါက်ကတော့ တော်လှန်ရေးကြီးမှ ာပြည်သူတွေနဲ့အတူ အမှန်တရာဘက်က ပါဝင်ပြီး လမ်းထွက်ကာ လူထုလှုပ်ရှားမှုတွေမှာအားတက်သရော ပါဝင်လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ၅၀၅က၊ဖြင့် မတရား အမှုဖွင့်ထားခြင်းခံရပြီး မတရား အဖမ်းဆီး ထိန်းသိမ်း ခံထားရပါတယ်နော်။

ဒါရိုက်တာကိုပေါက်ကလဲ မုန်တိုင်းရှိရာရဲ့ ဖြစ်တည်ရာ၊ ဖေဖဝါရီ၁၇ရက်နေ့ဖ မ်းဝရမ်းထုတ်ခံရပြီးနောက်ပိုင်း ကျနော်ရန်ကုန်မှာပြေးရ၊ ပုန်းရနဲ့စိုးရိမ်ထိတ်လန့်မှုတွေကြားမှာရှင်သန်နေခဲ့ရတဲ့ နေ့တွေညတွေဟာ ကျနော့အတွက် တော်တော်ခက်ခဲခဲ့ပါတယ်။

ဖေဖဝါရီ၁၇ရက်နေ့ဖ မ်းဝရမ်းထုတ်ခံရပြီးနောက်ပိုင်း ကျနော်ရန်ကုန်မှာပြေးရ၊ ပုန်းရနဲ့စိုးရိမ်ထိတ်လန့်မှုတွေကြားမှာရှင်သန်နေခဲ့ရတဲ့ နေ့တွေညတွေဟာ ကျနော့အတွက် တော်တော်ခက်ခဲခဲ့ပါတယ်။တစ်ချို့သူငယ်ချင်းတွေက ကူညီကြတယ်၊ တစ်ချို့သူငယ်ချင်းဆိုသူတွေက မသိချင်ယောင်ဆောင်ပြီး ဖုန်းမကိုင်ကြဘူး၊လိုတာပြောနော်လို့ မက်ဆေ့က စာရေးပို့ကြပေမယ့် တကယ်လက်တွေ့မှာ ကျတော့ထွက်ပြေးကြတယ်၊ တစ်ခါလောက်ပဲတွေ့ဖူးတဲ့သူတွေက ကျနော့ကို အကြာကြီး ကူညီခဲ့ကြတယ်။

သူတို့ကျွေးတဲ့ ထမင်းတွေအများကြီး ကျနော်စားခဲ့ရတယ်၊ တစ်ခါမှမတွေ့ဘူး မဆုံဘူးတဲ့ TAXIသမားလေးက သူ့အိမ်မှ ာခိုးသိပ်ပေးခဲ့တယ်၊ဒါတွေဟာ တကယ်ဖြစ်ခဲ့တယ်၊ တစ်ချို့တွေက အခုထိကြောက်နေကြဆဲ။လူ့ဘဝဆိုတာ ဒီလိုပါပဲ၊ သူတို့မလဲ အခက်အခဲတွေရှိလိမ့်မယ်လို့ ထင်ပါတယ်၊ ဝရမ်းပြေးတစ်ယောက်နဲ့ ပတ်သက်ဖို့ တစ်ချို့ ကြောက်ကြတာလည်းရှိမှာပေါ့၊ ထားလိုက်ပါတော့လေ ၊အပြစ်မပြောပါဘူး၊ နားလည်ပါတယ်။အဲ့ဒီလိုနဲ့ မုန်တိုင်းရှိရာ သီချင်းကို ခက်ခဲစွာပြေးပုန်းရင်းတီးစရာ ဘာဂစ်တာမှမရှိဘဲ ဘောပင်နဲ့စားပွဲခုံ ခေါက်ပြီးမယ်လို ဒီအလွတ်ကျက်ပြီးရေးခဲ့ရတဲ့ သီချင်းဖြစ်ပါတယ်။

အဲ့ဒီလိုနဲ့ မုန်တိုင်းရှိရာ သီချင်းကို ခက်ခဲစွာပြေးပုန်းရင်းတီးစရာ ဘာဂစ်တာမှမရှိဘဲ ဘောပင်နဲ့စားပွဲခုံ ခေါက်ပြီးမယ်လို ဒီအလွတ်ကျက်ပြီးရေးခဲ့ရတဲ့ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းမှာ အကောင်းစားမယ်လိုဒီတွေ အဆင့်မြင့် ဂစ်တာသင်္ကေတတွေ အမိုက်စားစာသားတွေပါချင်မှ ပါပါလိမ့်မယ်၊ ဒါပေမယ့် ဒီသီချင်းထဲမှ ာကျနော့ဘဝတွေ အများကြီးနဲ့ အရင်းတည်ပြီးစိမ့် ထွက်လာတဲ့ သွေးတွေနဲ့ ရေးထားခဲ့တဲ့ သီချင်းလေးပါ။ဒီသီချင်းထဲကလို မိုးခါးရေတွေ ကျနော်မသောက်ခဲ့ပါဘူးဆိုပြီး ရေးသားဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။



Zawgyi Version


