fbpx

မွန်ပြည်နယ် ဘီးလင်းမှာ ပစ်သတ်ခံရတဲ့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နာရေးချက်ချင်းပြုလုပ်

ဒီနေ့ မေလ ၂၇ ရက် ၊နက် ၈နာရီကျော်မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေနဲ့ ဇနီးကို သေနတ်နဲ့ပစ်ခတ်တာကြောင့် ဦးမြင့်ဆွေနေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။

သူတို့ဟာ အလူးလေးရွာနဲ့ ဝင်းပြန်ရွာအနီးက သူတို့ပိုင် ကျွဲကောခြံကို ဆိုင်ကယ်နဲ့သွားရာမှာ လမ်းခွဲတနေရာအရောက် ဆိုင်ကယ်ကိုတားပြီး သေနတ်နဲ့ပစ်ခတ်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဦးမြင့်ဆွေအလောင်းကို ဘီးလင်းရေခဲတိုက်ကနေ အခုနေ့လယ် ၁၂ခွဲ ၁ လောက်မှာ ချက်ချင်းအသုဘချလိုက်ပြီ။ သူ့ဇနီးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် မော်လမြိုင်ဆေးရုံပို့ထားရတယ်”လို့ ဦးမြင့်ဆွေနဲ့နီးစပ်တဲ့ ဒေသခံတဦးကနေသိရပါတယ်။

USDP party man,Oo Myint Soe

အခုချိန်ထိ ပစ်ခတ်သွားသူတွေရဲ့သတင်းကိုမသိရသေးဘဲ အလူးလေးရွာနဲ့ ဝင်းပြန်ရွာဘက်ခြမ်းတွေမှာ စစ်ဆေးနေပြီး ဘီးလင်းမြို့ပေါ်မှာတော့ ပုံမှန်အတိုင်းပဲလို့ ဆိုပါတယ်။ ဒီလို ဘီးလင်းမြို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအသတ်ခံရတာကြောင့် မိသားစုဝင်နဲ့ ထပ်တူဝမ်းနည်းကြောင်း မွန်ပြည်နယ် ကြံ့ခိုင်ရေး ပါတီဘက်ကထုတ်ပြန်ပါတယ်။

ပါတီအနေနဲ့ ဒီဖြစ်စဉ်အပေါ် ဘယ်လိုဆောင်ရွက်မလဲဆိုတာ လတ်တလောမပြောနိုင်သေးဘဲ သေဆုံးမှုဖြစ်စဉ်ကိုလည်း ပြည်နယ်ပါတီဝင်တွေဘက် အတည်ပြုနေဆဲဖြစ်တယ်လို့ ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရ ဦးနန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။

#Zawgyi

ဒီေန႔ ေမလ ၂၇ ရက္ ၊ မနက္ ၈နာရီေက်ာ္မွာ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ ဦးျမင့္ေဆြနဲ႔ ဇနီးကို ေသနတ္နဲ႔ပစ္ခတ္တာေၾကာင့္ ဦးျမင့္ေဆြေနရာမွာတင္ ေသဆုံးသြားခဲ့ပါတယ္။

သူတို႔ဟာ အလူးေလး႐ြာနဲ႔ ဝင္းျပန္႐ြာအနီးက သူတို႔ပိုင္ ကြၽဲေကာၿခံကို ဆိုင္ကယ္နဲ႔သြားရာမွာ လမ္းခြဲတေနရာအေရာက္ ဆိုင္ကယ္ကိုတားၿပီး ေသနတ္နဲ႔ပစ္ခတ္သြားတာလို႔ ေဒသခံတစ္ဦးကေျပာပါတယ္။

“ဦးျမင့္ေဆြအေလာင္းကို ဘီးလင္းေရခဲတိုက္ကေန အခုေန႔လယ္ ၁၂ခြဲ ၁ ေလာက္မွာ ခ်က္ခ်င္းအသုဘခ်လိုက္ၿပီ။ သူ႔ဇနီးကေတာ့ ဒဏ္ရာျပင္းထန္တာေၾကာင့္ ေမာ္လၿမိဳင္ေဆး႐ုံပို႔ထားရတယ္”လို႔ ဦးျမင့္ေဆြနဲ႔နီးစပ္တဲ့ ေဒသခံတဦးကေနသိရပါတယ္။

အခုခ်ိန္ထိ ပစ္ခတ္သြားသူေတြရဲ႕သတင္းကိုမသိရေသးဘဲ အလူးေလး႐ြာနဲ႔ ဝင္းျပန္႐ြာဘက္ျခမ္းေတြမွာ စစ္ေဆးေနၿပီး ဘီးလင္းၿမိဳ႕ေပၚမွာေတာ့ ပုံမွန္အတိုင္းပဲလို႔ ဆိုပါတယ္။ ဒီလို ဘီးလင္းၿမိဳ႕ ႀကံ့ခိုင္ေရးပါတီဥကၠ႒အသတ္ခံရတာေၾကာင့္ မိသားစုဝင္နဲ႔ ထပ္တူဝမ္းနည္းေၾကာင္း မြန္ျပည္နယ္ ႀကံ့ခိုင္ေရး ပါတီဘက္ကထုတ္ျပန္ပါတယ္။

ပါတီအေနနဲ႔ ဒီျဖစ္စဥ္အေပၚ ဘယ္လိုေဆာင္႐ြက္မလဲဆိုတာ လတ္တေလာမေျပာႏိုင္ေသးဘဲ ေသဆုံးမႈျဖစ္စဥ္ကိုလည္း ျပည္နယ္ပါတီဝင္ေတြဘက္ အတည္ျပဳေနဆဲျဖစ္တယ္လို႔ ႀကံ့ခိုင္ေရးပါတီ ေျပာေရးဆိုခြင့္ရ ဦးနႏၵာလွျမင့္က ဘီဘီစီကိုေျပာပါတယ္။

Credit to BBC Bumerse