fbpx

USDP ပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါပုံမြို့နယ်တွင်သေနတ်နဲ့ ပစ်ခတ်ခံရ

ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ဗမာအေး ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ကားထဲမှာ ထိုင်နေရင်း သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မျက်မြင်သက်သေတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

အဲဒီမျက်မြင်သက်သေရဲ့ ပြောဆိုချက်အရ သူဟာ ပစ်ခတ်ခံရမှုကြောင့် သေဆုံးတယ်လို့ ယူဆနိုင်ဖွယ်ရှိပြီး သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

သူဟာ ရပ်ကွက်အုပ်ချုပ်ရေးရုံးကအပြန် မင်းနန္ဒာလမ်းနဲ့ ရွှေဖူးမျှော်လမ်းထောင့်မှာ အပစ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

Japan Bridge in tharkayta
ဂျပန်တံတားပေါ်မှာ ဒေါပုံဖက်ကနေ မင်္ဂလာတောင်ညွန့်ဖက် လာတဲ့အခြမ်းမှာ ကားတွေအများကြီးတားပြီး စစ်နေစဥ်

အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လတုန်းက ခန့်အပ်ထားတဲ့ ပြည်ခိုင်ဖြိုးပါတီဝင် ဦးထွန်းရီလို့ လတ်တလော သိရှိထားရပြီး သူဟာရပ်ကွက်တွင်းက လူတွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေသူ ဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ ရဲနဲ့ စစ်တပ်က စစ်ဆေးနေပေမယ့် ဘယ်သူတွေ ပစ်ခတ်သွားလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

#Zawgyi
ရန္ကုန္တိုင္း ေဒါပုံၿမိဳ႕နယ္ ဗမာေအး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတစ္ဦး ကားထဲမွာ ထိုင္ေနရင္း ေသနတ္နဲ႔ ပစ္ခတ္ခံရတယ္လို႔ မ်က္ျမင္သက္ေသတစ္ဦးက ဘီဘီစီကို အတည္ျပဳပါတယ္။

အဲဒီမ်က္ျမင္သက္ေသရဲ႕ ေျပာဆိုခ်က္အရ သူဟာ ပစ္ခတ္ခံရမႈေၾကာင့္ ေသဆုံးတယ္လို႔ ယူဆႏိုင္ဖြယ္ရွိၿပီး သီးျခားအတည္ျပဳခ်က္ေတာ့ မရရွိေသးပါဘူး။

သူဟာ ရပ္ကြက္အုပ္ခ်ဳပ္ေရး႐ုံးကအျပန္ မင္းနႏၵာလမ္းနဲ႔ ေ႐ႊဖူးေမွ်ာ္လမ္းေထာင့္မွာ အပစ္ခံခဲ့ရတယ္လို႔လည္း ဆိုပါတယ္။

အဲဒီရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးဟာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မတ္လတုန္းက ခန႔္အပ္ထားတဲ့ ျပည္ခိုင္ၿဖိဳးပါတီဝင္ ဦးထြန္းရီလို႔ လတ္တေလာ သိရွိထားရၿပီး သူဟာရပ္ကြက္တြင္းက လူေတြနဲ႔လည္း ဆက္ဆံေရး အဆင္ေျပသူ ျဖစ္တယ္လို႔လည္း ေဒသခံတစ္ဦးက ေျပာပါတယ္။

ဒီပစ္ခတ္ခံရမႈနဲ႔ ပတ္သက္လို႔ ရဲနဲ႔ စစ္တပ္က စစ္ေဆးေနေပမယ့္ ဘယ္သူေတြ ပစ္ခတ္သြားလဲဆိုတာကိုေတာ့ တိတိက်က် မသိရေသးပါဘူး။