fbpx

​​ယူကရိန်းအစိုးရမှ မြန်မာစစ်တပ်ကို စစ်လက်နက်ထောက်ပံ့နေမှုများ ရှိ/မရှိ (ရုပ်/ သံ)

​​“ယူကရိန်းအစိုးရအနေနဲ့ မြန်မာအာဏာသိမ်း တရားမဝင်စစ်ကောင်စီနဲ့ ဆက်ဆံရေး ရပ်တန့်ထားခြင်းရှိ/ မရှိ၊ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်း ထောက်ပံ့နေမှုများ ပိတ်ပင် ရပ်တန့်ထားခြင်း ရှိ/ မရှိ” မေးခွန်းနဲ့ ပတ်သက်လို့  ယူကရိန်းသမ္မတက ဒီလိုဖြေခဲ့ပါတယ်။ (ရုပ်/ သံ)

 

ရန်ကုန်၊ အောက်တိုဘာ ၁၀

 

အထက်ပါ မေးခွန်းကိုတော့ ပြီးခဲ့တဲ့လ အမေရိကန်ခရီးစဥ်အတွင်း ဘွဲ့လွန်တက်ရောက်နေတဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ မြန်မာကျောင်းသူတစ်ဦးက မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။

 

Ukrainian President Volodymyr Zelensky

ယူကရိန်းနိုင်ငံဟာ ငြိမ်းချမ်း‌ရေး လိုလားတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး၊ ယူကရိန်းနိင်ငံက ဝယ်ယူ/ ထုတ်လုပ်တဲ့ လက်နက်တွေဟာ သူတို့နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည် အတွက်သာဖြစ်တယ် ဆိုတာကို အဓိကထား ပြန်ဖြေခဲ့တာ တွေ့ရပါတယ်။

 

ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရေး စီးပွားရေး ဆက်ဆံမှုတွေဟာ လက်ရှိချိန်ထိ ဆက်လက်တည်ရှိနေပြီး၊ မြန်မာစစ်တပ်ထံ ယူကရိန်းစစ်လက်နက်များ တင်ပို့ ရောင်းချမှုများဟာလည်း ဆက်လက် တည်ရှိနေတာ တွေ့ရပါတယ်။

 

လက်ရှိမှာလည်း မြန်မာရေတပ်ကိုယ်စားလှယ် ၁၈ ဦးဟာ မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် ယူကရိန်းနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာ ရရှိဖို့ စောင့်ဆိုင်းနေပါတယ်။ သူတို့ဟာ ပြည်ဝင်ခွင့်မရလို့ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယူကရိန်းနိုင်ငံ Kyiv လေဆိပ်မှ လှည့်ပြန်ခဲ့ရပြီးနောက်၊ မလေးရှားနိုင်ငံ ယူကရိန်းသံရုံးကနေ ပြည်ဝင်ခွင့် ဗီဇာ ပြန်လည်ရယူဖို့ စောင့်ဆိုင်းနေကြတာလို့လည်း ဆိုပါတယ်။

 

အဆိုပါရေတပ်ကိုယ်စားလှယ်တွေကို ပြည်ဝင်ခွင့်မပေးဖို့နဲ့ မြန်မာအကြမ်းဖက်စစ်တပ်နှင့် စစ်ရေး စီးပွားရေး ဆက်ဆံမှု အားလုံးကို ရပ်တန့်ဖို့ Justice for Myanmar အပါအဝင် တက်ကြွလှုပ်ရှားတဲ့အဖွဲ့များက ယူကရိန်းအစိုးရထံ တောင်းဆိုထားပါတယ်။

(ရုပ်/ သံ)