fbpx

၁၆နိုင်ငံကျော်ကို ကူးစက် ပြန့်နှံ့လျက်ရှိတဲ့ မူလထက် ၇၀ရာခိုင်နှုန်းကူးစက်မြန်တဲ့ဗြိတိန်ရဲ့ကိုရိုနာဗိုင်းရစ်မျိုးကွဲအသစ်

ယူကေနိုင်ငံမှာ မူလ ဗိုင်းရပ်စ်ထက် ၇၀ ရာခိုင်နှုန်း ကူးစက်မြန်တဲ့ မျိုးဗီဇကွဲ ကူးစက်မှု အကြောင်းကို ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့အပြီးမှာ သိပ္ပံပညာရှင်တွေက “VUI-202012/01” အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာလလယ်လောက်တည်းက စတင်ကူးစက်နေတာလို့ ယူဆနေကြပြီး ယူကေရဲ့ ဒေသ အများအပြားမှာ ကူးစက်ခံနေရတာပါ။ ပညာရှင်တချို့ကတော့ အမျိုးအစားသစ်ကို “B117” အဖြစ် နာမည်ပေးထားပါတယ်။

ယခင်အပတ်က တောင်အာဖရိကနိုင်ငံမှာလည်း မျိုးဗီဇသစ် ကူးစက်မှု တွေ့ရှိကြောင်း အတည်ပြုပြောကြားလိုက်ပြီး “501.V2” လို့ သတ်မှတ်ထားပါတယ်။ ဒီဇင်ဘာ ၂၄ ရက်မှာတော့ အာဖရိက ကူးစက်ရောဂါ ထိန်းချုပ်ရေး အကြီးအကဲက နိုင်ဂျီးရီးယားနိုင်ငံမှာလည်း နောက်ထပ် COVID-19 အမျိုးအစားသစ် “P681H” ကူးစက်ခံနေရတယ်လို့ ပြောကြားလိုက်ပါတယ်။

ကူးစက်မြန် ကိုရိုနာဗိုင်းရစ်မျိုးကွဲအသစ် ကူးစက်ပျံနှ့ံလျက်ရှိတဲ့ နိုင်ငံများ
၁.ယူကေ
၂.သြစတြေးလျ
၃.ဒိန်းမတ်
၄.ကနေဒါ
၅.ပြင်သစ်
၆.အီတလီ
၇.ဂျပန်
၈.ဂျော်ဒန်
၉.လက်ဘနွန်
၁၀.နယ်သာလန်
၁၁.နိုင်ဂျီးရီးယား
၁၂.စင်ကာပူ
၁၃.စပိန်
၁၄.တောင်အာဖရိက
၁၅.တောင်ကိုရီးယား
၁၆.ဆွီဒင်

နေ့စဉ် ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ အောက်ကလင့်လေးကိုနှိပ်ပီးလာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။https://www.facebook.com/dailyinfomm

Leave a Reply

Your email address will not be published.