fbpx

ဧည့်စာရင်းလာတိုင်သွားသူ အမျိုးသမီးနှစ်ဦးမှ အုပ်ကြီးရုံးကို ဒံပေါက်ကြွေး

ငမိုးရိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ဗုံးဖောက်ခွဲခဲ့သူများသည် ဧည့်စာရင်းလာတိုင်သွားသူ အမျိုးသမီးနှစ်ဦးCCTV ကင်မရာမှတ်တမ်းတွင်တွေ့ရှိခဲ့ပြီးနောက် ဖြတ်သွားဖြတ်လာအမျိုးသမီးများကို ခေါ်ယူစစ်ဆေးနေခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သက်န်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် အပိုင်း (၂) ရွေရည်လမ်းမပေါ်ရှိအုပ်ချုပ်ရေးမှူးရုံးသည် ဇွန်လ ၁၈ သောကြာနေ့ ည၆နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ် ရက်ကွက်
သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ် ရက်ကွက် တစ်နေရာအားတွေ့ရစဥ်။(ပုံအဟောင်းအားယူံးထာခြင်းဖြစ်သည်။)

” ကျောပိုးအိတ်လွယ်ထားတဲ့သူတွေဆိုရင် ပိုစစ်တယ် ထင်တယ်။ ညီမကိုဆိုရင် စာအုပ်တွေက အစ ဖွင့်ကြည့် ထမင်းချိုင့်ကအစ ဖွင့်ပြီးစစ်တယ်”ဟု စစ်ဆေးမေးမြန်းခံရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် CCTVမှတ်တမ်းတွင်ပြန်စစ်ရာတွင် ဧည့်စာရင်းလာတိုင်သည့် အမျိုးသမီးနှစ်ဦး လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။အထက်ပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးပေါက်ကွဲမှုတွင် စစ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#Zawgyi

ငမိုးရိပ္ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဗုံးေဖာက္ခြဲခဲ့သူမ်ားသည္ ဧည့္စာရင္းလာတိုင္သြားသူ အမ်ိဳးသမီးႏွစ္ဦးCCTV ကင္မရာမွတ္တမ္းတြင္ေတြ႕ရွိခဲ့ၿပီးေနာက္ ျဖတ္သြားျဖတ္လာအမ်ိဳးသမီးမ်ားကို ေခၚယူစစ္ေဆးေနခဲ့သည္။
ရန္ကုန္တိုင္းေဒသႀကီး သက္န္းကြၽန္းၿမိဳ႕နယ္ ငမိုးရိပ္ရပ္ကြက္ အပိုင္း (၂) ေ႐ြရည္လမ္းမေပၚရွိအုပ္ခ်ဳပ္ေရးမႉး႐ုံးသည္ ဇြန္လ ၁၈ ေသာၾကာေန႔ ည၆နာရီဝန္းက်င္တြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။

” ေက်ာပိုးအိတ္လြယ္ထားတဲ့သူေတြဆိုရင္ ပိုစစ္တယ္ ထင္တယ္။ ညီမကိုဆိုရင္ စာအုပ္ေတြက အစ ဖြင့္ၾကည့္ ထမင္းခ်ိဳင့္ကအစ ဖြင့္ၿပီးစစ္တယ္”ဟု စစ္ေဆးေမးျမန္းခံရသူ အမ်ိဳးသမီးတစ္ဦးက ေျပာသည္။
ေပါက္ကြဲမႈျဖစ္ၿပီးေနာက္ CCTVမွတ္တမ္းတြင္ျပန္စစ္ရာတြင္ ဧည့္စာရင္းလာတိုင္သည့္ အမ်ိဳးသမီးႏွစ္ဦး လုပ္ေဆာင္ခဲ့သည္ဟုဆိုသည္။အထက္ပါ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေပါက္ကြဲမႈတြင္ စစ္သားႏွစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။