fbpx

ပြင်ဦးလွင် အဝင်ဂိတ်တွင် COVID-19 အကြောင်းပြ၍ ခရီးသွားများကို တရားခံပုံစံ စစ်ဆေးနေ

ပြင်ဦးလွင်မြိုသို လာရောက်သည့် ခရီးသွားပြည်သူများအား စစ်ကောင်စီက COVID-19 ကင်းစင်ရေးစီမံချက်အကြောင်းပြကာ ရဲစခန်းသိုအချုပ်ကားဖြင့်ခေါ်ဆောင်သွား၍ ပြစ်မှုကျူးလွန်ထားသည့် တရားခံများကဲ့သိုဓာတ်ပုံရိုက် မှတ်တမ်းတင်ခြင်းများပြုလုပ် စစ်ဆေး နေကြောင်း သိရသည်။

“ကျွန်တော်တိုကို ကားပေါ်ကအကုန်ဆင်းခိုင်းတယ်။ COVID စစ်မလိုဆိုပြီး နှာခေါင်းထိုးစစ်တယ်။ Negative ဖြစ်ရဲ့သားနဲ့ရဲစခန်းသွားရမယ် ။ ခဏစောင့်ဆိုလို စောင့်ရတယ်။ နောက်တော့ တခြားလူတွေနဲ့အတူအချုပ်ကားပေါ်တက်ခိုင်းပြီး ရဲစခန်းတစ်ခုဆီခေါ်သွားတယ်။ အဲဒီမှာနှစ်နာရီကျော်လောက်ကြာတော့ ပုံစံဆိုလားဖြည့်ရတယ်။ နောက်တော့ဓာတ်ပုံရိုက်ယူပြီး ပြန်လွှတ်လိုက်တာပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောသည်။

ကျောက်တောင်ဂိတ်၊ နယ်ကျော်စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်ကစ၍ စစ်ကောင်စီက COVID-19 ရောဂါကင်းစင်ရေးစီမံချက်ဟုဆိုကာ နယ်ကျော်ကတ်စစ်ဆေးခြင်း၊ နယ်ကျော်ကတ်မပြနိုင်လျှင် နှာခေါင်းထိုးစစ်ပြီး Positive တွေ့လျှင် ၁၄ ရက် Quarantine ဝင်ခိုင်းခြင်းနှင့် Negative အဖြေထွက်ပါက အချုပ်ကားဖြင့် ရဲစခန်းသိုခေါ်ဆောင်သွားကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်နေကြောင်း ယခုရက်ပိုင်း ပြင်ဦးလွင်မြို သွားရောက်ခဲ့သူများထံမှ သိရသည်။

ပြင်ဦးလွင်မြိုခံတစ်ဦးက “အဲဒါလုပ်နေတာတစ်ပတ်လောက်ရှိပြီဗျ။ သူတိုကတစ်နေရာထဲမှာ အထိုင်ချပြီးလုပ်တာမဟုတ်ဘူး။ မိုဘိုင်းစနစ်နဲ့မိန်းလမ်းတွေမှာ လိုက်စစ်နေကြတာ၊ မိတဲ့သူခံရတာပါပဲ။ အများအားဖြင့်တော့ မြိုအဝင်(မန္တလေးဘက်ကအဝင်)ကျောက်တောင်ဂိတ်မှာစစ်ပြီး၊ မြိုမရဲစခန်းခေါ်သွားတာပါ။ အချုပ်ကား နဲ့ခေါ်တာ ဟုတ်ပါတယ်” ဟုပြောသည်။

COVID-19 ကင်းစင်ရေးစီမံချက်ဟုခေါင်းစဉ်တပ်၍ ခရီးသွားပြည်သူများအား ရဲစခန်းသိုအချုပ်ကားနှင့်ခေါ်သွားခြင်း၊ ပြစ်မှုကျူးလွန်ထားသည့်တရားခံများနှင့်မခြား ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်းတိုသည် လူ့ဂုဏ်သိက္ခာကိုချိုးဖဲ့ပြီးလူ့အခွင့်အရေးကိုချိုးဖောက်နေခြင်းဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

Zawgyi

ျပင္ဦးလြင္ၿမိဳသို လာေရာက္သည့္ ခရီးသြားျပည္သူမ်ားအား စစ္ေကာင္စီက COVID-19 ကင္းစင္ေရးစီမံခ်က္အေၾကာင္းျပကာ ရဲစခန္းသိုအခ်ဳပ္ကားျဖင့္ေခၚေဆာင္သြား၍ ျပစ္မႈက်ဴးလြန္ထားသည့္ တရားခံမ်ားကဲ့သိုဓာတ္ပုံရိုက္ မွတ္တမ္းတင္ျခင္းမ်ားျပဳလုပ္ စစ္ေဆး ေနေၾကာင္း သိရသည္။

“ကၽြန္ေတာ္တိုကို ကားေပၚကအကုန္ဆင္းခိုင္းတယ္။ COVID စစ္မလိုဆိုၿပီး ႏွာေခါင္းထိုးစစ္တယ္။ Negative ျဖစ္ရဲ့သားနဲ႔ရဲစခန္းသြားရမယ္ ။ ခဏေစာင့္ဆိုလို ေစာင့္ရတယ္။ ေနာက္ေတာ့ တျခားလူေတြနဲ႔အတူအခ်ဳပ္ကားေပၚတက္ခိုင္းၿပီး ရဲစခန္းတစ္ခုဆီေခၚသြားတယ္။ အဲဒီမွာႏွစ္နာရီေက်ာ္ေလာက္ၾကာေတာ့ ပုံစံဆိုလားျဖည့္ရတယ္။ ေနာက္ေတာ့ဓာတ္ပုံရိုက္ယူၿပီး ျပန္လႊတ္လိုက္တာပဲ” ဟု ကိုယ္တိုင္ၾကဳံေတြ႕ခဲ့ရသူ တစ္ဦးက ေျပာသည္။

ေက်ာက္ေတာင္ဂိတ္၊ နယ္ေက်ာ္စစ္ေဆးေရးဂိတ္တြင္ ၿပီးခဲ့သည့္ ရက္သတၱပတ္ခန႔္ကစ၍ စစ္ေကာင္စီက COVID-19 ေရာဂါကင္းစင္ေရးစီမံခ်က္ဟုဆိုကာ နယ္ေက်ာ္ကတ္စစ္ေဆးျခင္း၊ နယ္ေက်ာ္ကတ္မျပနိုင္လၽွင္ ႏွာေခါင္းထိုးစစ္ၿပီး Positive ေတြ႕လၽွင္ ၁၄ ရက္ Quarantine ဝင္ခိုင္းျခင္းႏွင့္ Negative အေျဖထြက္ပါက အခ်ဳပ္ကားျဖင့္ ရဲစခန္းသိုေခၚေဆာင္သြားကာ မွတ္တမ္းတင္ဓာတ္ပုံရိုက္ယူျခင္းမ်ား ျပဳလုပ္ေနေၾကာင္း ယခုရက္ပိုင္း ျပင္ဦးလြင္ၿမိဳ သြားေရာက္ခဲ့သူမ်ားထံမွ သိရသည္။

ျပင္ဦးလြင္ၿမိဳခံတစ္ဦးက “အဲဒါလုပ္ေနတာတစ္ပတ္ေလာက္ရွိၿပီဗ်။ သူတိုကတစ္ေနရာထဲမွာ အထိုင္ခ်ၿပီးလုပ္တာမဟုတ္ဘူး။ မိုဘိုင္းစနစ္နဲ႔မိန္းလမ္းေတြမွာ လိုက္စစ္ေနၾကတာ၊ မိတဲ့သူခံရတာပါပဲ။ အမ်ားအားျဖင့္ေတာ့ ၿမိဳအဝင္(မႏၲေလးဘက္ကအဝင္)ေက်ာက္ေတာင္ဂိတ္မွာစစ္ၿပီး၊ ၿမိဳမရဲစခန္းေခၚသြားတာပါ။ အခ်ဳပ္ကား နဲ႔ေခၚတာ ဟုတ္ပါတယ္” ဟုေျပာသည္။

COVID-19 ကင္းစင္ေရးစီမံခ်က္ဟုေခါင္းစဥ္တပ္၍ ခရီးသြားျပည္သူမ်ားအား ရဲစခန္းသိုအခ်ဳပ္ကားႏွင့္ေခၚသြားျခင္း၊ ျပစ္မႈက်ဴးလြန္ထားသည့္တရားခံမ်ားႏွင့္မျခား ဓာတ္ပုံရိုက္မွတ္တမ္းတင္ျခင္းတိုသည္ လူ႔ဂုဏ္သိကၡာကိုခ်ိဳးဖဲ့ၿပီးလူ႔အခြင့္အေရးကိုခ်ိဳးေဖာက္ေနျခင္းျဖစ္ေၾကာင္း ေဝဖန္မႈမ်ားလည္းရွိေနသည္။