fbpx

ရိုးရာလက်ဝှေ့ချန်ပီယံ ကယန်းမလေးရဲ့ စကစ သို့ ကြွေးကြော်သံ

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံးအ မျိုးသမီး ရွှေခါးပတ်ချန်ပီယံ တဦးဖြစ်သူ ၊ကယန်းလူမျိုး၊ဖယ်ခုံ ဇာတိသူလေး အသက်၂၀ ကျော်အရွယ် “ဘရော်နီကာ”တယောက် ယခုအချိန်တွင် တောတွင်းတနေရာမှ အမှန်တရားဘက်က ရပ်တည် တိုက်ပွဲ ဝင်နေတာကို တွေ့ရှိရပါသည်။

မြန်မာ့ရိုးရာလက်ဝှေ့ ကိုကမ္ဘာ့ထိပ်တန်းအဆင့်သို့ရောက်အောင် ပြောင်းလဲလိုသူ ဘရော်နီကာ တယောက် ရဲ့ စိတ်ဓါတ် က မြန်မာနိုင်ငံကိုလည်း တိုးတက်ပြောင်းလဲစေချင်တာကို တွေ့ရှိရမှာပါ။

ဘရော်နီကာ ကို “ကယန်းပြည်ရဲ့ကျားသစ်မယ်” လို့တင် စားခေါ်ဝေါ်ကြသည်။ အောင်မြင်သော ပွဲများစွာအနက် ထိုင်းနိုင်ငံရဲ့ မွေ့ထိုင်းဖိုက်တာနှစ်ယောက်ကို အလဲထိုးသတ်ပြီး မြန်မာ့ လက်ဝှေ့ချန်ပီယံခါးပတ်ကို ရရှိပိုင်ဆိုင်ထားသူတယောက်ပင်ဖြစ်သည်။

လက်ရှိအချိန်တွင် တောတွင်းတနေရာမှ အမှန်တရားအ တွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်တဲ့ “ဘရော်နီကာ” က “ကျွန်တော်ရဲ့ ဒေသကို ကျွန်တော်သိပ်လွမ်းမိတယ် ။အရင်လို လွတ်လပ်ပြီး ပျော်စရာကောင်းတဲ့အချိန်တွေ ပြန်လိုချင်တယ် ။

စစ်အာဏာရှင် အမြန် ကျရှုံးပါစေ။” ဟု က ပြောကြားခဲ့ရင်း လက်နက်အားကိုး အကြမ်းဖက်စစ်ကောင်စီကို တန်ပြန် တိုက်ပွဲဝင်နေပြီဖြစ်ပါသည်။

Zawgyi Font ဖြင့်ဖတ်ရန်

ရိုးရာလက္ေဝွ႕ခ်န္ပီယံ ကယန္းမေလးရဲ႕ စကစ သို႔ ေႂကြးေၾကာ္သံ

ျမန္မာနိုင္ငံ ရိုးရာလက္ေဝွ႕ေလာကရဲ႕ ပထမဆုံးအ မ်ိဳးသမီး ေ႐ႊခါးပတ္ခ်န္ပီယံ တဦးျဖစ္သူ ၊ကယန္းလူမ်ိဳး၊ဖယ္ခုံ ဇာတိသူေလး အသက္၂၀ ေက်ာ္အ႐ြယ္ “ဘေရာ္နီကာ”တေယာက္ ယခုအခ်ိန္တြင္ ေတာတြင္းတေနရာမွ အမွန္တရားဘက္က ရပ္တည္ တိုက္ပြဲ ဝင္ေနတာကို ေတြ႕ရွိရပါသည္။

ျမန္မာ့ရိုးရာလက္ေဝွ႕ ကိုကမာၻ႔ထိပ္တန္းအဆင့္သို႔ေရာက္ေအာင္ ေျပာင္းလဲလိုသူ ဘေရာ္နီကာ တေယာက္ ရဲ႕ စိတ္ဓါတ္ က ျမန္မာနိုင္ငံကိုလည္း တိုးတက္ေျပာင္းလဲေစခ်င္တာကို ေတြ႕ရွိရမွာပါ။

ဘေရာ္နီကာ ကို “ကယန္းျပည္ရဲ႕က်ားသစ္မယ္” လို႔တင္ စားေခၚေဝၚၾကသည္။ ေအာင္ျမင္ေသာ ပြဲမ်ားစြာအနက္ ထိုင္းနိုင္ငံရဲ႕ ေမြ႕ထိုင္းဖိုက္တာႏွစ္ေယာက္ကို အလဲထိုးသတ္ၿပီး ျမန္မာ့ လက္ေဝွ႕ခ်န္ပီယံခါးပတ္ကို ရရွိပိုင္ဆိုင္ထားသူတေယာက္ပင္ျဖစ္သည္။

လက္ရွိအခ်ိန္တြင္ ေတာတြင္းတေနရာမွ အမွန္တရားအ တြက္ တိုက္ပြဲဝင္ေနသူတေယာက္ျဖစ္တဲ့ “ဘေရာ္နီကာ” က “ကြၽန္ေတာ္ရဲ႕ ေဒသကို ကြၽန္ေတာ္သိပ္လြမ္းမိတယ္ ။အရင္လို လြတ္လပ္ၿပီး ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြ ျပန္လိုခ်င္တယ္ ။

စစ္အာဏာရွင္ အျမန္ က်ရႈံးပါေစ။” ဟု က ေျပာၾကားခဲ့ရင္း လက္နက္အားကိုး အၾကမ္းဖက္စစ္ေကာင္စီကို တန္ျပန္ တိုက္ပြဲဝင္ေနၿပီျဖစ္ပါသည္။