fbpx

TikTok ကနောက်ကွယ်မှာ Clipboard ကိုတရားမဝင်ဘယ်လိုအသုံးချနေလဲ

Ios 14 ရဲ့ privacy feature မှာ TikTok နဲ့အခြား Application များက ဖုန်းရဲ့ clipboard(note) privacy ကို အသုံးနေကြောင်း Twitter နဲ့ Youtube မှသုံးဆွဲသူများက ထောက်ပြခဲ့ပါတယ် သုံးဆွဲသူများက ဒါကစိုးရိမ်စရာသိပ်မရှိဘူးလို့ပြောပီး ios 14 ရဲ့ feature က Application တစ်ခုက ဖုန်းရဲ့ clipboard ထဲကို access လုပ်တဲ့အခါမှာ ပြောပြတယ်ဆိုတာ သတိထားမိလာပါတယ်

သုသေသီများဖြစ်တဲ့ ‘Tala haj Bakry’ နဲ့ ‘Tommy Mysk’ တို့က clipboard ထဲကိုဝင်ရောက်နိုင်တဲ့ Application အခု(၃၀) ကို စာရင်းလုပ်ခဲ့ပီး အဲ့ Application တွေထဲမှာ Tik Tok ကထိပ်ဆုံးကပါဝင်နေပါတယ်

Twitter မှ user တစ်ယောက်ကသူရဲ့ keyboard ကစာရိုက်တိုင်း TikTok က clipboard ကို access လုပ်နေကြောင်းပြောပြခဲ့ပါတယ် TikTok ကတာဝန်ရှိသူများက ဒါဟာ anti-spam feature တစ်ခုဖြစ်ကြောင်းပြောဆိုခဲ့ပီး အဲ့ feature ကိုလာမယ့် update မှာဖယ်ရှားလိမ့်မယ်လို့ပြောခဲ့ပါတယ်

အလားတူ နာမည်ကြီးဖြစ်တဲ့ pupg game ကလဲ clipboard အချက်အလက်ကို ရယူနေကြောင်း user များကပြောပြခဲ့ပါတယ်

ဘယ်လောက်များတဲ့ Application များက အကြောင်းပြချက်မရှိဘဲနဲ့ ကျတော်တို့ clipboard မှာသိမ်းထားတဲ့ အချက်အလက်ကို ရယူနေလဲဆိုတာမသိနိုင်ပါဘူး
Chrome တို့လို browser app များက urls အတွက် clipboard ကို access လုပ်တဲ့ Application မျိုးတွေ ကြတော့အကြောင်းပြချက်ခိုင်လုံတဲ့အတွက်စိတ်ချရပါတယ်

အဲ့တာကြောင့် ဘဏ်အကောင့် Passwordတို့ Social Media Password တို့လိုဟာတွေကို မိမိရဲ့ clipboard(note) မှာမမှတ်ထားအောင်သတိပြုသင့်ပါတယ်

Leave a Reply

Your email address will not be published.