fbpx

မအူပင်မြို့တွင် တစ်ရက်ထဲ ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ပွား

ဧရာဝတီတိုင်း မအူပင်မြို့တွင် မေလ ၂၃ရက်နေ့ ညပိုင်းတွင် တစ်ရက်ထဲ ပေါက်ကွဲသုံးကြိမ်ဖြစ်ပွါးခဲ့တယ်လို့ ဒေသခံများကပြောပါတယ်။

ည ၇နာရီ ၁၀မိနစ်ခန့်တွင် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းအနောက်ဖက် အမျိုးသမီးအိမ်သာအနီးတွင် ပေါက်ကွဲမှုတစ်ကြိမ်၊ ည ၇နာရီ ၂၀မိနစ်ခန့်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် တစ်ကြိမ်၊ ည ၉နာရီခန့်တွင် မအူပင်မြို့ စက်မှုဇုံအဝင်အနီးတွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ပေါက်ကွဲမှုတွေကြောင့် လူထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံများက ပြောပါတယ်။
“ညဦးပိုင်း စာသင်ကျောင်းက ပေါက်တာတော့ အတော်ကျယ်ကျယ်ကြားလိုက်ရတယ်၊ စည်ပင်ရုံးကတော့ နည်းနည်းဝေးတော့ မသိလိုက်ဘူး၊ စစ်ကားတွေနဲ့ ပတ်စစ်နေတုန်း စက်မှုဇုံဖက် ထပ်ပေါကတယ်လို့ပြောတယ်”လို့ မအူပင်ဒေသခံတစ်ဦးကပြောပါတယ်။

မေလ ၂၄ရက်နေ့ မနက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မအူပင်မြို့ရဲ့ ဌာနဆိုင်ရာရုံးများရှေ့မှာ လမ်းပိတ်ဆို့ထားတာ၊

သတင်း – Mizzima