fbpx

အလုံမြို့နယ် အမှတ်(၁) ကျောင်းတွင် ကျောင်းအပ်နှံရေးစည်းဝေးစဉ် ဗုံး(၃)လုံးပေါက်

#Unicode
ရန်ကုန်၊ မေ ၂၄
သတင်း – ခေတ်သစ်မီဒီယာ

ရန်ကုန်တိုင်း၊ အလုံမြို့နယ် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးတစ်ဦးလာရောက်၍ ကျောင်းအပ်နှံရေး စည်းဝေးနေစဉ် မေလ ၂၄ ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန်က ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲကြောင်း သိရှိရသည်။

ဗုံးကတော့ အသံဗုံးတွေ ထင်ပါတယ်။ ဆက်တိုက်ပေါက်တယ်။ အရမ်းလည်းကျယ်တယ်။ ဗုံးပေါက်ပြီးတော့ တက္ကစီပေါ်က လူ ၃ ဦးကို ရိုက်နှက်ဖမ်းသွားတာတွေ့တယ်။ ဒီနေ့ ကျောင်းမှာ ကျောင်းအပ်နှံရေး အစည်းအဝေး ပညာရေးဌာနက ဒုညွှန်မှူးဆိုလားလာပြီးတော့ စည်းဝေးနေချိန် ပေါက်တာ” ဟု အလုံမြို့ခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် လာမည့် ဇွန်လ ၁ ရက်နေ့မှစတင်၍ ကျောင်းများဖွင့်လှစ်ရန် စီစဉ်နေသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရက ကျောင်းများကို လက်ရှိ စစ်အာဏာရှင် အစိုးရ လက်အောက်တွင် ပြန်မဖွင့်သေးဘဲ ယာယီပိတ်ထားမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

ဓာတ်ပုံ- အလုံမြို့နယ် အထက ၄ အနီး တက္ကစီတစ်စီးပေါ်မှ လူ ၃ ဦးကို ရိုက်နှက်ဖမ်းဆီးနေစဉ်။ Photo -CJ

  —————————————————————–

#Zawgyi
ရန္ကုန္၊ ေမ ၂၄

သတင္း – ေခတ္သစ္မီဒီယာ

ရန္ကုန္တိုင္း၊ အလုံၿမိဳ႕နယ္ အမွတ္ ၁ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ပညာေရးဝန္ႀကီးဌာနမွ ဒုတိယညႊန္ၾကားေရးမႉးတစ္ဦးလာေရာက္၍ ေက်ာင္းအပ္ႏွံေရး စည္းေဝးေနစဥ္ ေမလ ၂၄ ရက္ေန႔ ယေန႔ နံနက္ ၉ နာရီ ၅ မိနစ္အခ်ိန္က ဗုံး ၃ လုံး ဆက္တိုက္ေပါက္ကြဲေၾကာင္း သိရွိရသည္။

“ဗုံးကေတာ့ အသံဗုံးေတြ ထင္ပါတယ္။ ဆက္တိုက္ေပါက္တယ္။ အရမ္းလည္းက်ယ္တယ္။ ဗုံးေပါက္ၿပီးေတာ့ တကၠစီေပၚက လူ ၃ ဦးကို ရိုက္ႏွက္ဖမ္းသြားတာေတြ႕တယ္။ ဒီေန႔ ေက်ာင္းမွာ ေက်ာင္းအပ္ႏွံေရး အစည္းအေဝး ပညာေရးဌာနက ဒုညႊန္မႉးဆိုလားလာၿပီးေတာ့ စည္းေဝးေနခ်ိန္ ေပါက္တာ” ဟု အလုံၿမိဳ႕ခံတစ္ဦးက ေျပာဆိုသည္။

အၾကမ္းဖက္စစ္ေကာင္စီသည္ လာမည့္ ဇြန္လ ၁ ရက္ေန႔မွစတင္၍ ေက်ာင္းမ်ားဖြင့္လွစ္ရန္ စီစဥ္ေနေသာ္လည္း အမ်ိဳးသားညီညြတ္ေရး အစိုးရက ေက်ာင္းမ်ားကို လက္ရွိ စစ္အာဏာရွင္ အစိုးရ လက္ေအာက္တြင္ ျပန္မဖြင့္ေသးဘဲ ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း တရားဝင္ ထုတ္ျပန္ေၾကညာထားသည္။

ဓာတ္ပုံ- အလုံၿမိဳ႕နယ္ အထက ၄ အနီး တကၠစီတစ္စီးေပၚမွ လူ ၃ ဦးကို ရိုက္ႏွက္ဖမ္းဆီးေနစဥ္။ Photo -CJ