fbpx

ညီအစ်ကို သုံးယောက်နဲ့ သေမင်းပုံပြင်

တစ်ခါတုန်းက ညနေခင်း တစ်ခုမှာပေါ့။
အထီးကျန်ကျန် ဆန်ဆန် လမ်းလျှောက်နေတဲ့ ညီအစ်ကို သုံးယောက်ရှိသတဲ့။
အာ့ဒီ ညီ အစ်ကို သုံးယောက်ဟာ အထီးကျန်စွာဖြင့် ခရီးဆက် လာခဲ့ရာ
နေ၀င်ခါနီး ညနေဆည်းဆာ အချိန်မှာ အကွေ့အကောက်များပြီးနက်ရှိုင်း တဲ့ မာယာများတဲ့ ပုံစံ ရှိတဲ့ အမှောင် မြစ်တစ်စင်းဖြတ်ကူးပီး ခရီးဆက်ဖို့ အကြောင်းဖန်လာပါတယ်။

အာ့ဒီမြစ်ကို ‌ရေကူးခြင်း သို့မဟုတ် ဟိုဘက်ကမ်းကိုကူးယူဖို့ကြိုးစားသူတိုင်းဟာ သေဆုံးခြင်းကို ကြုံတွေ့ရသတဲ့။
ဒါပေမယ့် မှော်ပညာကိုတတ်မြောက်ထားတဲ့ ညီ အစ်ကို သုံးဦးဟာ ဟိုဖက်ကမ်းကို ကူးပီး ခရီးဆက်လက်နှင်ဖို့အတွက် သူတို့ အလိုရှိတဲ့ အတိုင်း တံတားတစ်ဆင်းကို ဖန်တီး လိုက်ပီး တံတားပေါ်ကနေဖြတ်ကူးလာခဲ့ပါတယ်။

တံတားအလည်လောက်ကို ရောက်တဲ့အခါမှာတော့ ခေါင်းစွတ်ခြုံထားထားတဲ့ ဘာမှန်းမသိတဲ့အရာ တစ်ခုက ပိတ်ပီးရပ်နေခဲ့ပါတယ်။အဲ့ဒီ အရာဟာ သေမင်းဖြစ်ပီး ဒီမြစ်ကို ဖြတ်ကူးသူတိုင်းဟာ သေဆုံးရမှာ ဖြစ်သော်လည်း ညီအစ်ကို သုံးယောက်ဟာ မှော်ပညာသုံးပီး ဖြတ်ကူးခဲ့တဲ့ အတွက် လိမ်ညာလှည့်ဖျား(Cheating)တယ်လို့ယူဆပီး‌ ညီ အစ်ကို သုံးယောက်ကို
အလွန် စိတ်ဆိုး‌ေဒါသထွက်ခဲ့ပါတယ်။
ဒါပေမဲ့ ပရိယာယ်များတဲ့ သေမင်းဟာ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ပက်သက်ပီး ဂုဏ်ပြုခဲ့ပီး ဆုလဘ်ဆောင်များချီးမြင့်မည် ဖြစ်ကြောင်း သေမင်းထံမှ ကြိုက်တာတစ်ခု တောင်းဖို့ ပြောခဲ့ပါတယ်။

ပထမဆုံး အနေဖြင့် ရန်လိုတတ်တဲ့ အစ်ကိုကြီးက လောကကြီးထဲမှာရှိတဲံ့ အားအကောင်းဆုံး မှော်နှင်တံကို တောင်းဆိုခဲ့ပါတယ်။သေမင်းဟာ ဆန္ဒ ကိုဖြည့်ဆည်းပေးတဲ့ အနေနဲ့
မြစ်ကမ်းနံဘေးတွင်ရှိနေသောအနီးအနားရှိအပင်များထဲမှအသက်အကြီးဆုံအပင်၏အကိုင်းအခက်တစ်ခုမှ အမြစ်ကိုယူပီး မှောတ်နှင်တံ ကိုဖန်တီးပေးလိုက်ပါတယ်။
ဒုတိယ မာနထောင်လွှားတဲ့ အစ်ကို ဖြစ်သူဟာ တော့ သေမင်းကို လှောင်ပြောင်ချင်တဲ့ အနေနဲ့
သေဆုံးသူတွေကို ပြန်ခေါ်ဖို့ စွမ်းအားကိုတောင်းခဲ့ပါတယ်။သေမင်းဟာ ရှင်သန်ထမြောက်ခြင်း ကျောက်တုံး
ကို မြစ်ကမ်းပါးမှကောက်ယူထားသော ကျောက်တုံးဖြင့် ပြုလုပ်ပီး ပေးခဲ့ပါတယ်။
နောက်ဆုံး ညီ နှိမ့်ချပီးပညာရှိတဲ့အငယ်ဆုံးကတော့ သေမင်းကို မယုံကြည်သည့်အပြင် အတွက် သေမင်းထံမှ မည်သည့်အရာမှ မတောင်းဆိုဘဲ ‌ေရှ့ခရီးလည်းကို ဆက်သွားခွင့်ပြုပါ ရိုးရိုးလေးလို့ပဲ ပြောခဲ့ပါတယ်။
အနည်းငယ် အံ့သြသွားတဲ့ သေမင်းဟာ ဘာပြန်ပြောရမှန်းမသိတဲ့ အတွက် ကိုယ်ပျောက် ၀တ်ရုံ တစ်ခုပေးခဲံပါတယ်။ညီ အစ်ကို သုံးယောက်လည်း သူတို့ရဲ့ လဘ်ဆောင်တွေကို ယူကာ လိုရာ ခရီးကို အသီးသီး ထွက်ခွာ သွားကြပါတော့တယ်။

အစ်ကိုအကြီးဟာ ခရီးရက်အတန်ကြာအောင် သွားပီးနောက် သူစကားများရန်ဖြစ်ဖူးခဲ့သည့် မှော်ဆရာတစ် ဦးနေထိုင်သည့်ရွာတစ်ရွာသို့ ‌ေရာက်သွားခဲ့ပါတယ်။ သူဟာ သူ့ရဲ့ အစွမ်းတွေမှာ ယစ်မူးပီး တစ်ခြား မှော်ဆရာ တွေ စိန်ခေါ်ခဲ့ပါတယ်။ ရန်စရှိဖူးတဲ့ မှော်ဆရာနဲ့ ထပ်မံ စကားများကာ အစ်ကိုကြီးဟာ သူ့ရဲ့ အစွမ်းထက််ဆုံး မှော်နှင်တန်နဲ့ ကြမ်းတန်း ရုတ်ရင်းစွာ သတ်ပစ်လိုက်ပါတယ်။ အစ်ကိုအကြီး ဟာ အသက်မဲ့နေတဲ့ ကြမ်းပြင်ပေါ်က သူ့ရဲ့ ရန်သူကိုချန်ပီး အာ့ဒီညမှာအနီးအနားက တည်းခိုခန်းမှာ သွားတည်းခိုခဲ့ပါတယ်။


အဲ့ဒီညမှာပဲ မှော်ဆရာ အကြီးဆုံးအစ်ကိုကြီးဟာ သေမင်းပေးလိုက်တဲ့ ပါ၀ါတွေမှာ ယစ်မူးပီး အောင်ပွဲခံပါတယ်။ စပျစ်၀ိုင်တွေသောက်ကာ တည်းခိုခန်းမှာ အိပ်မောကျနေချိန် တစ်ခြားမကျေနပ်တဲ့ မှော်ဆရာ တစ်ဦးက လည်ပင်းကို ဓားနဲ့ စိုက်ပီး လုပ်ကြံ ခံခဲ့ရကာ စွမ်းအားအကြီးဆုံး မှော်နှင်တံဟာ ခိုးယူခံခဲ့ရပါတယ်။ သေမင်းဟာ ပထမဆုံးအနေနဲ့ အစ်ကိုကြီးကို ပြန်လည် ခေါ်ဆောင် သွားခဲ့တယ်။

ဒုတိယညီအစ်ကိုက မွေးရပ်မြေကိုပြန်ကာ သူအိမ်မှာတစ်ယောက်တည်းနေခဲ့ပါတယ်။
သူဟာ တစ်ချိန်တုံးက လက်ထက်ဖို့ မျှော်မှန်းထားပီ အရွယ်မတိုင်ခင် သေဆုံးသွားတဲ့ သူချစ်ရတဲ့ကောင်မလေးနဲ့ တူတူနေပီး ပျော်ရွှင်ဖို့အတွက် သေမင်းပေးထားတဲ့ ရှင်သန်ခြင်း ကျောက်တုံးကို အသုံးပြုပီး သေခြင်းတရားကနေပြန်ခေါ်ဖို့ကြိုးစားပါတယ်။
သူံရဲ့ချစ်သူဟာ မသေမျိုး အဖြစ်ပြန်ရောက်လာခဲ့သော်လည်း ခံချက်စားချက်မရှိ သွေးသားစိတ်ဆန္ဒမပါဘဲ သက်မဲ့ ဖုတ်ကောင် လို လူပ်ရှားမူတွေက အေးစက်တောင့်တင်းနေခဲ့ ပါတယ်။
ထင်သလိုဖြစ်မလာတဲ့ ဒုတိယမြောက် အစ်ကိုဟာ မျှော်လင့်ချက်မဲ့ပီး ကိုယ့်ကိုကိုယ် အဆုံး စီရင်ခဲ့ပါတယ်။သေမင်းဟာ လောကကြီးထဲမှ ဒုတိယမြောက်အစ်ကို ကို ခေါ်ဆောင်ခဲ့ပါတယ်။

သေမင်းဟာ အငယ်ဆုံး မှော်ဆရာ ကို လိုက်ရှာခဲ့သော်လည်း နှစ်ပေါင်း မြောက်များစွာ အထိ ရှာမတွေ့ခဲ့ပါဘူး။
ဒါပေမယ့် ဘ၀ရဲ့နောက်ဆုံးချိန် ‌ေရာက်ရှိလာချိန်မှာတော့ အငယ်ဆုံး မှော်ဆရာ ရဲ့ ရှေ့ကို သေမင်းဟာ နောက်တစ်ခါ ရောက်လာပြန်ပါတယ်။
မှော်ဆရာဟာ သူ့ရဲ့ ကိုယ်ပျောက် ၀တ်ရုံကို သူ့ရဲ့ သားငယ် ထံသို့ ပေးကာ သေမင်း အား သူငယ်ချင်း မိတ်ဆွေ ကဲ့သို့ နူတ်ဆက်စကားဆိုကာ
သေမင်းနဲ့ စကားတွေဖောင်ဖွဲ့ပီး ပြောကာ လောကကြီးမှထွက်သွားလေ တော့သည်။