fbpx

အာဖဂန်စစ်ဘုရင်နဲ့ ဒုသမ္မတဟောင်းရဲ့ အဖိုးတန်ဇိမ်ခံအိမ်ကို သိမ်းပိုက်လိုက်တဲ့ တာလီဘန်များ

တာလီဘန်တွေရဲ့ သူတို့ရဲ့ရန်သူတော်ဖြစ်တဲ့ စစ်ဘုရင် Abudul Rashid Dostum ပိုင်ဆိုင်တဲ့ အဖိုးတန်ဇိမ်ခံအိမ်ကြီးကို သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ရေကူးကန်၊ ရေပူစမ်း၊ ဖန်လုံအိမ်အာနိသင်နဲ့ ငါးကန်တွေထည့်သွင်းတည်ဆောက်ထားတဲ့ စံအိမ်ကြီးဖြစ်ပြီး Abdul ဟာ အာဖဂန်ဒုသမ္မတဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။…

 

စစ်ဘုရင် Abudul Rashid Dostum




လက်ရှိမှာတော့ တာလီဘန်ရဲ့ အာဏာအရှိဆုံးလူတစ်ဦးဖြစ်တဲ့ တပ်မှူး Qari Salahuddin Ayoubi ရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးတပ်ဖွဲ့ဝင် ၁၅၀ ဦးက အဆိုပါဇိမ်ခံအိမ်မှာ နေထိုင်နေပြီဖြစ်ပါတယ်။ နေအိမ်တွင်းပစ္စည်းတွေကတော့ သာမာန်အာဖဂန်လူမျိုးတွေအတွက် တစ်သက်မှာတစ်ကြိမ်မှတောင် မမြင်ဖူးနိုင်တဲ့ အရာတွေဖြစ်ပြီး မျက်လုံးအပြူးသားဖြစ်သွားစေလိမ့်မယ်လို့ The Sun က ဆိုပါတယ်။…

 

တာလီဘန်ရဲ့ အာဏာအရှိဆုံးလူတစ်ဦးဖြစ်တဲ့ တပ်မှူး Qari Salahuddin Ayoubi



ကြီးမားတဲ့ ဖန်မီးလုံးကြီးတွေဟာ ခမ်းနားတဲ့ အိမ်ခန်းမတွေအတွင်း မျက်နှာကျက်ကနေ တွဲလောင်းကျနေပြီး အဖိုးတန်ဆိုဖာခုံကြီးတွေနဲ့ နားနေခန်းကို တန်ဆာဆင်ထားပါတယ်။ ဘီလျံနာတစ်ဦးအလား ခမ်းနားထည်ဝါစွာနဲ့ တည်ဆောက်မွမ်းမံထားပြီး တာလီဘန်တို့အတွက်တော့ မက်မောဖွယ်ရာစံအိမ်လည်းဖြစ်ကာ တိုက်ခိုက်ရေးသမားတွေဟာ အခန်းကျယ်တစ်ခုအတွင်း စုပေါင်းနေထိုင်နေကြတာဖြစ်ပါတယ်။…

 





ဒါပေမယ့်လည်း ပြည်နယ်လေးခုက တာလီဘန်တပ်ဖွဲ့တွေရဲ့ အကြီးအကဲဖြစ်သူ Ayoubi ကတော့ ဇိမ်ခံပ စ္စည်းတွေဟာ သူတို့အတွက် အသုံးမဝင်ဘူးလို့ ဆိုပါတယ်။ “အစ္စလာမ်က ကျွန်တော်တို့ကို ဇိမ်ကျတဲ့ဘဝမျိုး အလိုရှိတာမဟုတ်ပါဘူး၊ သေဆုံးပြီးတဲ့နောက် သုခဘုံမှာ ဒါတွေရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ မူလပိုင်ရှင် Dostum ကတော့ အာဖဂန်သမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့သူဖြစ်ပါတယ်။…

 

 

လေထီးတပ်သားဟောင်းတစ်ဦးဖြစ်ပြီး ကွန်မြူနစ်ခေါင်ေးဆာင်၊ စစ်ဘုရင်နဲ့ ဒုသမ္မတဟောင်းဟာ စစ်ရာ ဇဝတ်မှုတွေကျူးလွန်ခဲ့သူဖြစ်ပေမယ့် တာလီဘန်တွေအပေါ် မုန်းတီးမှုနဲ့ စစ်ဘက်ဆိုင်ရာအတွေ့အကြုံကြွ ယ်ဝသူဖြစ်လို့ အဆိုပါအချက်တွေက သူ့ကို အသက်ရှင် သန်စေမယ့် မျှော်လင့်ချက်အဖြစ် ရှိနေပါတယ်။ အရင်အစိုးရလက်ထက်မှာ အကျင့်ပျက်ခြစားမှုနဲ့ ငွေညှစ်ခြင်းတို့ကနေ ကြီးမားတဲ့အကျိုးအမြတ်တွေကို သူရရှိခဲ့တယ်လို့လည်း စွပ်စွဲမှုတွေရှိနေခဲ့ပါတယ်။…



အာဖဂန်အရာရှိအများအပြားဟာ ရပ်ကွက်တစ်ခုမှာ ဇိမ်ခံအိမ်တွေဆောက်လုပ်ဖို့ တရားမဝင်မြေကွက်တွေကိုဝယ်ယူခဲ့တာကြောင့် ဒေသခံတွေကြားမှာ သူခိုးရပ်ကွက်လို့တောင် ကျော်ကြားခဲ့ပါတယ်။ အခုအခါမှာတော့ အဖိုးတန်ဇိမ်ခံအိမ်ကြီးဟာ တာလီဘန်တို့လက် အောက်ကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ Dostum ဟာ တာလီဘန် ၂၀၀၀ ကျော်ကို ပူပြင်းနေတဲ့နေရောင်အော က်မှာ ကွန်တိန်နာတွေအတွင်းထည့်ကာ သတ်ဖြတ်ခဲ့သူလို့ စွပ်စွဲခံခဲ့ရသူလည်းဖြစ်ပါတယ်။…

 





ဒီအတွက်ကြောင့် တာလီဘန်တပ်မှူး Ayoubi က သူ့တပ်သားတွေဟာ ဒီအိမ်ကိုရောက်လာခဲ့ရင်လည်း အဖိုးတန်ပစ္စည်းတွေလို့ မြင်တွေ့မယ့်အစား ဒီပစ္စည်းတွေက သူတို့ဘဝတွေကို ဖျက်ဆီးခဲ့တာဖြစ်တယ်လို့သာ မှတ်ယူမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။…

 

Video ကြည့်ရန်