fbpx

လှပတဲ့အပြုံးလေးတွေ ပိုင်ဆိုင်အောင် နည့်းလမ်းကျကျသွားတိုက်နည်းများ

အပြုံးလေးလှဖို့ ဖြူစင်တဲ့သွားတွေက ထောက်ပံ့ပါသေးတယ်နော်…

သဘာဝအတိုင်းသွားကြွေလွှာလေးတွေဖြူစင်အောင် လုပ်ဖို့နည်းလမ်းတွေအမျိုးမျိုး ရှိပေမယ့် ခုဝေမျှချင်တဲ့အကြောင်းကတော့ သွားကြွေလွှာလေးတွေအတွက် လူတွေ သတိမထားမိဘဲလုပ်မိနေတဲ့အရာတွေကို သတိပြုမိစေချင်လို့ဖြစ်ပါတယ်။ သွားတွေဖြူဖွေးနေဖို့ သွားပုံမှန်တိုက်ပါလျှက်နဲ့ ပိုဝါသွားလို့ စိတ်ညစ်နေရင် ဒီအောက်က နည်းလမ်းလေးတွေကို လိုက်လုပ်ကြည့်နော်။

သွားကြွေလွှာလေးတွေ ပျက်စီးမှုမရှိဘဲ ဖွေးသန့်နေစေဖို့ လုပ်သင့်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

* တစ်နေ့ကို သွား (၂)ကြိမ်ပုံမှန်တိုက်ဖို့လိုလား?

သွားကို တစ်နေ့နှစ်ကြိမ်ပုံမှန်တိုက်ပေးမယ်ဆိုရင် ခံတွင်းထဲမှာ၊ သွားကြားထဲမှာရှိနေတဲ့ သွားကြွေလွှာတွေပျက်စီးစေနိုင်တဲ့ ဘတ်တီးရီးယားတွေရန်က ကာကွယ်ပေးနိုင်သလို၊ ခံတွင်းအနံ့ဆိုးတာတွေ၊ သွားကိုက်၊ သွားနာ ဝေသနာတွေကနေ ကင်းဝေးစေပါတယ်။ ဒါ့ကြောင့် သွားကို တစ်နေ့ (၂)ကြိမ် ပုံမှန်တိုက်ပေးသင့်ပါတယ်နော်။

* တစ်နေ့ (၂)ကြိမ် ဘယ်အချိန်တွေမှာ သွားတိုက်သင့်လဲ? ထိထိရောက်ရောက် သွားကြွေလွှာတွေ ဖြူဖွေးသန့်နေဖို့ ဘယ်အချိန်တွေမှာသွားတိုက်သင့်လဲ?

မနက်အိပ်ယာနိုးလာတဲ့အခါ နဲ့ ညဘက်မအိပ်ခင်အချိန်တွေမှာ သွားကို တစ်နေ့ (၂)ကြိမ် ပုံမှန်တိုက်ပေးသင့်ပါတယ်။

– မနက်ခင်း အစာမစားခင် သွားတိုက်ပေးသင့်ပါတယ်။ ဆေးသိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ညဘက်အိပ်နေချိန် ခံတွင်းထဲမှာ ဘတ်တီးရီးယားတွေက ပေါက်ဖွားထားတဲ့အတွက် နိုးလာတဲ့အခါ ခံတွင်းထဲမှာ အကျိအချွဲတွေနဲ့ ခံတွင်းအနံ့ဆိုးနေတတ်ပါတယ်။ ဒါကြောင့် ဒီဘတ်တီးရီးယားတွေ ခံတွင်းထဲမှာ ပြောင်စင်စေဖို့ သွားတိုက်သင့်ပါတယ်။ အကယ်၍ သင်ဟာ မနက်ခင်းမှာ အစာမစားခင် သွားတတ်တဲ့သူမဟုတ်ဘူးဆိုရင်တော့ fluoride ပါတဲ့ ခံတွင်းသန့်စင်ရေသုံးပြီး ခံတွင်းကို သန့်ရှင်းပေးသင့်ပါတယ်။

– အစာစားပြီးပြီးခြင်း သွားတိုက်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ဆေးသိပ္ပံပညာရှင်တွေ အဆိုအရ သွားကြွေလွှာလေးတွေကို စားထားတဲ့အစာထဲက အက်စစ်အကြွင်းအကျန်ကနေ ကာကွယ်ပေးထားပါတယ်။ စားပြီးပြီးခြင်းသွားတိုက်လိုက်တဲ့အခါ fluoride ပါတဲ့သွားတိုက်ဆေးနဲ့ စားကြွင်းစားကျန်က အက်စစ်နဲ့ ဓာတ်ပြုသွာပြီး သွားကြွေလွှာတွေ ထိခိုက်ပျက်စီးစေပါလိမ့်မယ်။ ဒါ့ကြောင့် အစာစားပြီးလို့ အနည်းဆုံး နာရီဝက်/ တစ်နာရီ ကြာပြီးမှ သွားတိုက်ပေးသင့်ပါတယ်။ သွားမတိုက်ခင်မှာတော့ အာလုတ်ကျင်းတာတွေ၊ ရေသောက်တာမျိုးတွေ၊ သကြားမပါတဲ့ ပီကေဝါးတာမျိုးတွေ၊ သွားပွတ်ကြိုးသုံးတာမျိုးတွေနဲ့ သွားကြားထဲက စားကြွင်းစားကျန်လေးကို ရှင်းထုတ်ပစ်နိုင်ပါတယ်နော်။

* သွားတိုက်တဲ့အခါ သုံးသင့်တဲ့ သွားပွတ်တံ အမျိုးအစားက ဘာလဲ?

– ကိုယ့်သွားကြွေလွှာလေးတွေက ခပ်မာမာ brush တွေနဲ့ တိုက်ချွတ်မှပြောင်မယ့် ရေချိုးခန်းထဲက ကြွေပြားတွေမဟုတ်ဘူးနော်။ သွားပွတ်တံ ခပ်မာမာသုံးခြင်းက သွားကြွေလွှာတွေ ပွန်းပဲ့ထွက်ရုံသာမက၊ အားစိုက်တိုက်ပါများရင် သွားကြဉ်တာမျိုးတွေ၊ သွားဝါတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားတိုက်တံ အမျိုးအစား ခပ်ပျော့ပျော့လေးနဲ့ ဖလိုရိုက် (fluoride) ပါတဲ့ သွားတိုက်ဆေးကို လက်သည်းခွံ/ပဲစိမ်းလုံးပမာဏခန့် သုံးသင့်ပါတယ်နော်။

* ဘယ်လိုနည်းလမ်းတွေအသုံးပြုပြီး သွားတိုက်ရမလဲ?

သွားတိုက်တာကိုတော့ လူတိုင်းလုပ်နိုင်ပါတယ်။ သွားတိုက်တဲ့ နည်းလမ်းများယွင်းတဲ့အခါ သွားကြွေလွှာတွေ ပိုပျက်စီးပြီး၊ သွားကို ပိုဝါသွားစေပါတယ်။ နည်းမှန်လမ်းမှန်ဖြစ်ဖို့ပဲလိုတာနော်။ ဒါကြောင့် ဒီအောက်က နည်းလမ်းလေးတွေကို အသုံးပြုပြီး လိုက်လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။



နည်းမှန်လမ်းမှန်နဲ့ သွားတိုက်ပြီး၊ ဖြူဖွေးသန့်နေတဲ့ သွားလေးတွေနဲ့ အပြုံးလှလှလေးတွေ ဖန်တီးနိုင်ကြပါစေနော်။

Leave a Reply

Your email address will not be published.