fbpx

အမှု့ရုပ်သိမ်းလိုက်တဲ့အနုပညာရှင်များအား သုံးရက်အတွင်းအပြီးလွှတ်ပေးမည်ဟုသိရ

စစ်ကောင်စီကနေ အမှု့ရုပ်သိမ်းလိုက်တဲ့ ထိန်းသိမ်းခံ အနုပညာရှင်တွေကို အောက်တိုဘာ ၁၈ ရက်ကစပြီး ၃ရက်အတွင်း အပြီးလွှတ်ပေးသွားဖို့ရှိတယ်လို့ သူတို့ရဲ့ရှေ့နေတွေထံကသိရပါသည်။

စစ်ကောင်စီရဲ့ထုတ်ပြန်ကြေညာ ဖော်ပြချက်အရ အကြမ်းဖက်သူတွေနဲ့ အကြမ်းဖက်တိုက်ခိုက်တွေမှာ ပါဝင်သူတွေမှအပ ဆန္ဒပြဖြစ်စဉ်တွေနဲ့ ဆန့်ကျင်လှုံ့ဆော်မှုတွေမှာပါဝင်ခဲ့လို့ အရေးယူခံထားရသူတွေကို ဖြေလျှော့ပေးလိုက်တယ်လို့ ပါရှိပါသည်။

ဆန္ဒပြစဉ်ကပါဝင်ခဲ့ခြင်း၊ လူမှု့ကွန်ရက်ကို အသုံးပြုပြီး ဆန့်ကျင်လှုံ့ဆော်မှု့တွေကို ပြုလုပ်ခဲ့လို့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – က အရ အရေးယူခံထားရတဲ့ အနုပညာရှင် (၂၄)ဦးနဲ့ လူမှု့ကွန်ရက်မှာလူသိများသူ ၁၀ ဦးကို အရေးယူထားတဲ့ ဥပဒေနဲ့အညီ ပိတ်သိမ်းတယ်လို့ ဆိုပါသည်။

အနုပညာရှင်အချို့ရဲ့ ဥပဒေအကြံပေးတစ်ဦးဖြစ်တဲ့ ဦးခင်မောင်မြင့်ကတော့ ဒီကနေ့ ကနေ စတင်လွှတ်ပေးဖို့ ပြင်ဆင်နေပြီး ဒီနေ့ အပါအဝင် ၃ရက်အတွင်း အပြီးလွှတ်ပေးဖို့ရှိတယ်လို့ သိရကြောင်းပြောပါတယ်။

အမှုရုပ်သိမ်းပြီးပြန်လည်လွတ်မြောက်ကြမယ့်အထဲ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ပိုင်တံခွန် နဲ့ ပိုပို တို့အပါအဝင်အခြားထင်ရှားသူအချို့ပါဝင်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘီဘီစီအနေနဲ့ ကတော့ ပြန်လည်လွတ်မြောက်မယ့် အနုပညာရှင်တွေစာရင်းကို အကျဉ်းဦးစီးဌာနနဲ့ဆက်သွယ်အတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဒီနေ့မှာ အာဏာသိမ်းပြီးတဲ့နောက်ဆန္ဒပြရာမှာပါဝင်ခဲ့သူ ၁၃၀၀ကျော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးထားသလို တရားရုံးအသီးသီးမှာအမှုရင်ဆိုင်ဆဲ လူဦးရေ ၃၀၀၀ကျော်ကို လည်း အမှု့ကနေ ရုပ်သိမ်းပေးခဲ့ပါသည်။

(Zawgyi Version)

စစ္ေကာင္စီကေန အမႈ႔႐ုပ္သိမ္းလိုက္တဲ့ ထိန္းသိမ္းခံ အႏုပညာရွင္ေတြကို ေအာက္တိုဘာ ၁၈ ရက္ကစၿပီး ၃ရက္အတြင္း အၿပီးလႊတ္ေပးသြားဖို႔ရွိတယ္လို႔ သူတို႔ရဲ့ေရွ႕ေနေတြထံကသိရပါသည္။

စစ္ေကာင္စီရဲ့ထုတ္ျပန္ေၾကညာ ေဖာ္ျပခ်က္အရ အၾကမ္းဖက္သူေတြနဲ႔ အၾကမ္းဖက္တိုက္ခိုက္ေတြမွာ ပါဝင္သူေတြမွအပ ဆႏၵျပျဖစ္စဥ္ေတြနဲ႔ ဆန႔္က်င္လႈံ႔ေဆာ္မႈေတြမွာပါဝင္ခဲ့လို႔ အေရးယူခံထားရသူေတြကို ေျဖေလၽွာ့ေပးလိုက္တယ္လို႔ ပါရွိပါသည္။

ဆႏၵျပစဥ္ကပါဝင္ခဲ့ျခင္း၊ လူမႈ႔ကြန္ရက္ကို အသုံးျပဳၿပီး ဆန႔္က်င္လႈံ႔ေဆာ္မႈ႔ေတြကို ျပဳလုပ္ခဲ့လို႔ ရာဇသတ္ႀကီးပုဒ္မ ၅၀၅ – က အရ အေရးယူခံထားရတဲ့ အႏုပညာရွင္ (၂၄)ဦးနဲ႔ လူမႈ႔ကြန္ရက္မွာလူသိမ်ားသူ ၁၀ ဦးကို အေရးယူထားတဲ့ ဥပေဒနဲ႔အညီ ပိတ္သိမ္းတယ္လို႔ ဆိုပါသည္။

အႏုပညာရွင္အခ်ိဳ႕ရဲ့ ဥပေဒအႀကံေပးတစ္ဦးျဖစ္တဲ့ ဦးခင္ေမာင္ျမင့္ကေတာ့ ဒီကေန႔ ကေန စတင္လႊတ္ေပးဖို႔ ျပင္ဆင္ေနၿပီး ဒီေန႔ အပါအဝင္ ၃ရက္အတြင္း အၿပီးလႊတ္ေပးဖို႔ရွိတယ္လို႔ သိရေၾကာင္းေျပာပါတယ္။

အမႈ႐ုပ္သိမ္းၿပီးျပန္လည္လြတ္ေျမာက္ၾကမယ့္အထဲ ေျပတီဦး၊ အိျႏၵာေက်ာ္ဇင္၊ပိုင္တံခြန္ နဲ႔ ပိုပို တို႔အပါအဝင္အျခားထင္ရွားသူအခ်ိဳ႕ပါဝင္မယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

ဘီဘီစီအေနနဲ႔ ကေတာ့ ျပန္လည္လြတ္ေျမာက္မယ့္ အႏုပညာရွင္ေတြစာရင္းကို အက်ဥ္းဦးစီးဌာနနဲ႔ဆက္သြယ္အတည္ျပဳေနဆဲျဖစ္ပါတယ္။

စစ္ေကာင္စီဟာ ဒီေန႔မွာ အာဏာသိမ္းၿပီးတဲ့ေနာက္ဆႏၵျပရာမွာပါဝင္ခဲ့သူ ၁၃၀၀ေက်ာ္ကိုလြတ္ၿငိမ္းခ်မ္းသာခြင့္ေပးထားသလို တရား႐ုံးအသီးသီးမွာအမႈရင္ဆိုင္ဆဲ လူဦးေရ ၃၀၀၀ေက်ာ္ကို လည္း အမႈ႔ကေန ႐ုပ္သိမ္းေပးခဲ့ပါသည္။