fbpx

ကိုးကန့်လက်နက်ကိုင် အဖွဲ့ကလည်း D-Day ကြေညာ

ဧရာဝတီ၊ စက်တင်ဘာ ၇၊ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတဲ့ ကိုးကန့်အဖွဲလို လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) အဖွဲကလည်း သူတိုရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် D-Day ကြေညာလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဒီကနေ့မနက်ပိုင်းမှာဘဲ တနိုင်ငံလုံး အတိုင်းအတာနဲ့ အာဏာသိမ်း စစ်ကောင်စီကို ခုခံတော်လှန်ရန် အတွက် D-Day ကြေညာလိုက်အပြီးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲတွေထဲက ပထမဆုံး ကြေညာလိုက်တဲ့ အဖွဲဖြစ်ပါတယ်။

ကိုးကန့်အဖွဲရဲ့ လူမှုကွန်ရက် စာမျက်နှာထက်မှာ အနီရောင် အောက်ခံပေါ်မှာ အဖြူရောင် D Day စာတန်းပါတဲ့ ပုံတပုံနဲ့အတူ “စုပေါင်းတန်ပြန်တိုက်ခိုက်သည့်နေ့” ဟု ဖော်ပြထားပါတယ်။

မကြာခင်ရက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အာဏာသိမ်း စစ်တပ်ဟာ ကိုးကန့်အဖွဲ လက်ချက်နဲ့ စစ်သည်နဲ့ လက်နက် အင်အား အတော်များများ ဆုံးရှုးခဲ့ရပါတယ်။