fbpx

ရုရှားထုတ်ဂန်းများအကောင်းဆုံးဖြစ်ကြောင်း စကစ ခေါင်းဆောင်ပြော

ရုရှားလုပ်အော်တိုစက်သေနတ်အသေးတွေက ကမ္ဘာမှာ အကောင်းဆုံးအဆင်မြင့်သေနတ်တွေ ဖြစ်တယ်လို့ မော်စကိုရောက် အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြောကြားလိုက်ပါတယ်။ရုရှားလုပ်စစ်လက်နက်ပြပွဲမှာ ဂျပန်အခြေစိုက် ANN သတင်းဌာန သတင်းထောက်ရဲ့မေးမြန်းမှုကို မြန်မာစစ်ခေါင်းဆောင်က ပြန်လည်ဖြေဆိုခဲ့တဲ့  ရုပ်သံကို ဇွန်လ ၂၄ရက်နေ့က ထုတ်လွှင့်ခဲ့ပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ မြန်မာနဲ့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိတွေ သီးခြားတွေ့ဆုံဆွေနွေးမှုရှိခဲ့ကြပြီး အခုခရီးစဉ်မှာရုရှားနိုင်ငံကနေ စစ်လက်နက်အထောက်အပံ့တွေရယူဖို့ ကြိုးစားပုံရတယ်လို့ ဂျပန်ANNသတင်းမှာ သုံးသပ်ထားပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရုရှားအကြီးတန်းအရာရှိတစ်ဦးနဲ့ လက်နက်ကုမ္ပဏီ တစ်ခုက အကြီးအကဲတို့ကို မော်စကိုမြို့မှာ တွေ့ဆုံခဲ့တယ်လို့ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား မှာ ကြေညာခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လုံခြုံရေးနဲ့ စစ်ရေးအတွက် ရုရှားနဲ့မြန်မာ  ပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ရုရှားကို သွားရောက်ခဲ့တာဖြစ်တယ်လို့ အဲဒီသတင်းဌာနက ဆိုပါတယ်။မြန်မာစစ်တပ်ဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပြည်သူတွေအပေါ် နှိပ်ကွပ်နေတာတွေကြောင့် ဝေဖန်မှုတွေ အများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။ မြန်မာနိုင်ငံအပေါ် လက်နက်တွေဝင်ရောက်မှု တားဆီးဖို့ ဆုံးဖြတ်ချက်တစ်ခုကို မကြာသေးခင်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ အတည်ပြုခဲ့ပါတယ်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ မြန်မာစစ်တပ်ကို အဓိက လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့ မြန်မာစစ်တပ်တို့ရဲ့ ဆက်ဆံရေးကို ပြသဖို့အတွက် ကြိုးပမ်းမှုတစ်ရပ်ဖြစ်တယ်လို့  ရှုမြင်ရပါတယ်။

ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushev ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ ရုရှားသမ္မတရုံး အရာရှိတွေက တနင်္လာနေ့မှာ ကြေညာခဲ့ပြီး သူတို့နှစ်ဦးဟာ မြန်မာ့ပြည်တွင်းရေးမှာ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်မှုအပါအဝင် အကြောင်းအရာ အမျိုးမျိုးနဲ့ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကာ ရုရှားနဲ့ မြန်မာဟာ တခြား နယ်ပယ်အမျိုးမျိုးမှာလည်း ပိုပြီး အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်။ဒါပေမဲ့ ရုရှားသမ္မတ ပူတင်ကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှာမဟုတ်ဘူးလို့ ရုရှားသမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါတယ်။

#Zawgyi

႐ုရွားလုပ္ေအာ္တိုစက္ေသနတ္အေသးေတြက ကမာၻမွာ အေကာင္းဆုံးအဆင္ျမင့္ေသနတ္ေတြ ျဖစ္တယ္လို႔ ေမာ္စကိုေရာက္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က  ေျပာၾကားလိုက္ပါတယ္။႐ုရွားလုပ္စစ္လက္နက္ျပပြဲမွာ ဂ်ပန္အေျခစိုက္ ANN သတင္းဌာန သတင္းေထာက္ရဲ႕ေမးျမန္းမႈကို ျမန္မာစစ္ေခါင္းေဆာင္က ျပန္လည္ေျဖဆိုခဲ့တဲ့  ႐ုပ္သံကို ဇြန္လ ၂၄ရက္ေန႔က ထုတ္လႊင့္ခဲ့ပါတယ္။

စစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔အတူ ျမန္မာနဲ႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန အဆင့္ျမင့္အရာရွိေတြ သီးျခားေတြ႕ဆုံေဆြေႏြးမႈရွိခဲ့ၾကၿပီး အခုခရီးစဥ္မွာ႐ုရွားႏိုင္ငံကေန စစ္လက္နက္အေထာက္အပံ့ေတြရယူဖို႔ ႀကိဳးစားပုံရတယ္လို႔ ဂ်ပန္ANNသတင္းမွာ သုံးသပ္ထားပါတယ္။ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ ႐ုရွားအႀကီးတန္းအရာရွိတစ္ဦးနဲ႔ လက္နက္ကုမၸဏီ တစ္ခုက အႀကီးအကဲတို႔ကို ေမာ္စကိုၿမိဳ႕မွာ ေတြ႕ဆုံခဲ့တယ္လို႔ စစ္တပ္ပိုင္ ျမဝတီ႐ုပ္ျမင္သံၾကား မွာ ေၾကညာခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဟာ လုံၿခဳံေရးနဲ႔ စစ္ေရးအတြက္ ႐ုရွားနဲ႔ျမန္မာ  ပူးေပါင္းေဆာင္႐ြက္မႈနဲ႔ပတ္သက္ၿပီး ေဆြးေႏြးဖို႔ ႐ုရွားကို သြားေရာက္ခဲ့တာျဖစ္တယ္လို႔ အဲဒီသတင္းဌာနက ဆိုပါတယ္။ျမန္မာစစ္တပ္ဟာ အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ ဆႏၵျပျပည္သူေတြအေပၚ ႏွိပ္ကြပ္ေနတာေတြေၾကာင့္ ေဝဖန္မႈေတြ အမ်ားအျပားနဲ႔ ရင္ဆိုင္ေနရပါတယ္။ ျမန္မာႏိုင္ငံအေပၚ လက္နက္ေတြဝင္ေရာက္မႈ တားဆီးဖို႔ ဆုံးျဖတ္ခ်က္တစ္ခုကို မၾကာေသးခင္က ကုလသမဂၢအေထြေထြညီလာခံမွာ အတည္ျပဳခဲ့ပါတယ္။ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ႐ုရွားခရီးစဥ္ဟာ ျမန္မာစစ္တပ္ကို အဓိက လက္နက္ေတြ ေထာက္ပံ့ေပးေနတဲ့ ႐ုရွားနဲ႔ ျမန္မာစစ္တပ္တို႔ရဲ႕ ဆက္ဆံေရးကို ျပသဖို႔အတြက္ ႀကိဳးပမ္းမႈတစ္ရပ္ျဖစ္တယ္လို႔  ရႈျမင္ရပါတယ္။

႐ုရွားႏိုင္ငံ လုံၿခဳံေရးေကာင္စီ အတြင္းေရးမႉး Nikolai Patrushev ကလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံခဲ့တယ္လို႔ ႐ုရွားသမၼတ႐ုံး အရာရွိေတြက တနလၤာေန႔မွာ ေၾကညာခဲ့ၿပီး သူတို႔ႏွစ္ဦးဟာ ျမန္မာ့ျပည္တြင္းေရးမွာ ႏိုင္ငံတကာရဲ႕ ဝင္ေရာက္စြက္ဖက္မႈအပါအဝင္ အေၾကာင္းအရာ အမ်ိဳးမ်ိဳးနဲ႔ပတ္သက္ၿပီး အျမင္ခ်င္း ဖလွယ္ခဲ့ၾကကာ ႐ုရွားနဲ႔ ျမန္မာဟာ တျခား နယ္ပယ္အမ်ိဳးမ်ိဳးမွာလည္း ပိုၿပီး အနီးကပ္ ပူးေပါင္းေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ၾကပါတယ္။ဒါေပမဲ့ ႐ုရွားသမၼတ ပူတင္ကေတာ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ေတြ႕ဆုံမွာမဟုတ္ဘူးလို႔ ႐ုရွားသမၼတ႐ုံးရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားထားပါတယ္။