fbpx

အာဆီယံကိုယ်စားလှယ်က မြန်မာကို မလာမီ ထိုင်း၌ NUG နှင့်တိုးတိုးတိတ်တိတ်တွေ့ဆုံခဲ့ဟုဆို

မြန်မာနိုင်ငံကို ရောက်ရှိလာသော အာဆီယံအထူးကိုယ်စားလှယ် အီရီဝန်ယူဆော့အနေဖြင့် မြန်မာကိုမလာခင်ကတည်းက ထိုင်းနိုင်ငံတွင်း၌ NUG ကိုယ်စားလှယ်များနှင့် သီးသန့်သိုသိပ်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာခရီးစဉ်လာရောက်ရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရမှသာဖြစ်လာမည်ဟု တွက်ဆကြန့်ကြာမှုများ ဖြစ်ခဲ့သော အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် လက်ထဲတွင် NUG ဘက်မှပြောကြားထားသော အစီအရင်ခံစာများ ရှိနေပြီးဖြစ်ကြောင်းလည်း သိရသည်။ ” ပြီးခဲ့တဲ့လကတည်းက တွေ့ထားတာ။ ဦးရည်မွန်တို့ပါတယ် ” ဟု NUG ဘက်မှသတင်းရင်းမြစ်တစ်ဦးမှသိရသည်။

အထူးကိုယ်စားလှယ်သည် ထိုင်းဘက်တွင်ဖွင့်လှစ်ထားသော ဒေါက်တာစင်သီယာမောင်၏ ဆေးခန်းကိုပင် ရောက်ခဲ့ဟန်ရှိကြောင်း ကြားသိရပြီး NUG ဘက်က တွန်းအားပေးခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရေးကြိုးစားသင့်သည်ဆိုသောအချက်အတိုင်း နစကဘက်ကို တွန်းအားပေးမှုများ လုပ်ခဲ့ကြောင်းလည်း သိရသည်။

ထိုင်းတွင် သီးသန့်တွေ့ဆုံမှုများ လုပ်ခဲ့သော်လည်း NUG နှင့် အာဆီယံကိုယ်စားလှယ်တို့က နှစ်ဖက်သဘောထားတူညီချက်တစ်ခုအဖြစ် မြန်မာခရီးစဉ်မတိုင်မီ မည်သူ့ကိုမှ ထုတ်မပြောရန် သတင်းကို ထိန်ချန်ထိန်းသိမ်းခဲ့ကြသည်ဟု ဆိုသည်။




လက်ရှိနောက်ဆုံးအခြေအနေသတင်းများအရ အာဆီယံအထူးကိုယ်စားလှယ်မှာ မြန်မာခရီးစဉ်ကို အောက်တိုဘာ(၁၂)ရက်၌ စတင်လိုက်ပြီဖြစ်ပြီး သုံးရက်ခန့်ကြာမြင့်မည့် ခရီးစဉ်အတွင်း နစကဘက်က စီစဉ်ပေးသောသူများနှင့် တွေ့ကောင်းတွေ့သွားနိုင်သည်ဟုလည်း ကြားသိရသည်။

အောက်တိုဘာ(၁၂)ရက်တွင်မူ နိုင်ငံရေးပါတီအချို့နှင့် ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကော်မရှင်ဥက္ကဋ္ဌလည်းပါဝင်စေကာ တွေ့ဆုံသွားကြမည်ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် နစက၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံမှုများ ရှိသွားမည်ဖြစ်ပြီး NLD ပါတီဝင် ဗဟိုအလုပ်အမှုဆောင်အချို့နှင့်လည်း တွေ့ဆုံရန်ရှိနေသည်ဟု ဆိုသည်။

အထူးသဖြင့် NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်များထဲ၌ NUG နှင့်ဆန့်ကျင်ဘက်မှရပ်တည်၍ နိုင်ငံရေးလှုပ်ရှားနေသော ထိပ်တန်းခေါင်းဆောင်အချို့ ရှိနေကြောင်းလည်း သိရသည်။

| NP News

| Zawgyi ဖြင့်ဖတ်ရန်

အာဆီယံကိုယ္စားလွယ္က ျမန္မာကို မလာမီ ထိုင္း၌ NUG ႏွင့္တိုးတိုးတိတ္တိတ္ေတြ႕ဆုံခဲ့ဟု ဆို

ျမန္မာနိုင္ငံကို ေရာက္ရွိလာေသာ အာဆီယံအထူးကိုယ္စားလွယ္ အီရီဝန္ယူေဆာ့အေနျဖင့္ ျမန္မာကိုမလာခင္ကတည္းက ထိုင္းနိုင္ငံတြင္း၌ NUG ကိုယ္စားလွယ္မ်ားႏွင့္ သီးသန႔္သိုသိပ္စြာ ေတြ႕ဆုံခဲ့ေၾကာင္း သတင္းရရွိသည္။

ျမန္မာခရီးစဥ္လာေရာက္ေရးကို ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ခြင့္ရမွသာျဖစ္လာမည္ဟု တြက္ဆၾကန႔္ၾကာမႈမ်ား ျဖစ္ခဲ့ေသာ အာဆီယံအထူးကိုယ္စားလွယ္အေနျဖင့္ လက္ထဲတြင္ NUG ဘက္မွေျပာၾကားထားေသာ အစီအရင္ခံစာမ်ား ရွိေနၿပီးျဖစ္ေၾကာင္းလည္း သိရသည္။ ” ၿပီးခဲ့တဲ့လကတည္းက ေတြ႕ထားတာ။ ဦးရည္မြန္တို႔ပါတယ္ ” ဟု NUG ဘက္မွသတင္းရင္းျမစ္တစ္ဦးမွသိရသည္။

အထူးကိုယ္စားလွယ္သည္ ထိုင္းဘက္တြင္ဖြင့္လွစ္ထားေသာ ေဒါက္တာစင္သီယာေမာင္၏ ေဆးခန္းကိုပင္ ေရာက္ခဲ့ဟန္ရွိေၾကာင္း ၾကားသိရၿပီး NUG ဘက္က တြန္းအားေပးခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ႕ခြင့္ရေရးႀကိဳးစားသင့္သည္ဆိုေသာအခ်က္အတိုင္း နစကဘက္ကို တြန္းအားေပးမႈမ်ား လုပ္ခဲ့ေၾကာင္းလည္း သိရသည္။

ထိုင္းတြင္ သီးသန႔္ေတြ႕ဆုံမႈမ်ား လုပ္ခဲ့ေသာ္လည္း NUG ႏွင့္ အာဆီယံကိုယ္စားလွယ္တို႔က ႏွစ္ဖက္သေဘာထားတူညီခ်က္တစ္ခုအျဖစ္ ျမန္မာခရီးစဥ္မတိုင္မီ မည္သူ႔ကိုမွ ထုတ္မေျပာရန္ သတင္းကို ထိန္ခ်န္ထိန္းသိမ္းခဲ့ၾကသည္ဟု ဆိုသည္။

လက္ရွိေနာက္ဆုံးအေျခအေနသတင္းမ်ားအရ အာဆီယံအထူးကိုယ္စားလွယ္မွာ ျမန္မာခရီးစဥ္ကို ေအာက္တိုဘာ(၁၂)ရက္၌ စတင္လိုက္ၿပီျဖစ္ၿပီး သုံးရက္ခန႔္ၾကာျမင့္မည့္ ခရီးစဥ္အတြင္း နစကဘက္က စီစဥ္ေပးေသာသူမ်ားႏွင့္ ေတြ႕ေကာင္းေတြ႕သြားနိုင္သည္ဟုလည္း ၾကားသိရသည္။

ေအာက္တိုဘာ(၁၂)ရက္တြင္မူ နိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ ေရြးေကာက္ပြဲေကာ္မရွင္႐ုံး၌ ေကာ္မရွင္ဥကၠ႒လည္းပါဝင္ေစကာ ေတြ႕ဆုံသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။ ယင္းအျပင္ နစက၏ ထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ သီးျခားေတြ႕ဆုံမႈမ်ား ရွိသြားမည္ျဖစ္ၿပီး NLD ပါတီဝင္ ဗဟိုအလုပ္အမႈေဆာင္အခ်ိဳ႕ႏွင့္လည္း ေတြ႕ဆုံရန္ရွိေနသည္ဟု ဆိုသည္။

အထူးသျဖင့္ NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္မ်ားထဲ၌ NUG ႏွင့္ဆန႔္က်င္ဘက္မွရပ္တည္၍ နိုင္ငံေရးလႈပ္ရွားေနေသာ ထိပ္တန္းေခါင္းေဆာင္အခ်ိဳ႕ ရွိေနေၾကာင္းလည္း သိရသည္။