fbpx

လူမနေတာ နှစ်ပေါက်နေတဲ့ အမေ့အိမ်လေးကို ဖုန်သွားရှင်းနေတုန်း အိမ်တံခါးဖွင့်အပြီး ၅ မိနစ်အတွင်းသူခိုးတာခံလိုက်ရတဲ့ ရောသမမွှေ ကို သားစိုး

မြန်မာသံစဉ်သီချင်းတွေနဲ့ နိုင်ငံခြားတီးလုံးတွေကို ရောသမမွှေပြီး ဖန်တီးတဲ့ အဆိုတော်သားစိုးကိုတော့ တစ်နိုင်ငံလုံးက ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။သားစိုးဟာလက်ရှိမှာတော့ သူ့ရဲ့မိသားစုတွေနဲ့အတူတူစီးပွားရေးအလုပ်တွေကိုသာလုပ်ကိုင်နေပြီး သီချင်းသစ်တွေမထွက်ရှိတာအချိန်အတော်ကြာပြီပဲဖြစ်ပါတယ်။

ဒါပေမယ့် ဒီကနေ့မှာတော့ အဆိုတော်သားစိုးရဲ့ မိခင်နေထိုင်တဲ့ တာမွေမြိုနယ်ကနေအိမ် သူခိုး ခိုးခံခဲ့ရကြောင်း သိရပါတယ်။သားစိုးကသူချစ်တဲ့ပရိသတ်တွေအတွက် သူနဲ့သူ့ရဲ့မိခင်ကိုယ်တိုင်ဖြစ်ခဲ့တဲ့ သတိထားစရာအကြောင်းအရာတစ်ခုကိုသတိပေးလာပါတယ်။ဖြစ်စဉ်နဲ့ပတ်သက်လို သားစိုးကပြောပြတာက

“မနေ့ နေ့လည် ၂ နာရီက သျှင်ပါကူဆေးခန်းဘေးကကျွန်တော် အမေ့အိမ်မှာ သူခိုး ဝင်ခိုးသွားပါတယ်။လူရှိနေတုန်း ခိုးတာပါ။အလစ်သုတ်တာပေါ့။အမေ့အခန်းကမြေညီထပ်ပါ။သူအခိုးခံရပုံကလည်း တိုက်ဆိုင်လွန်းလိုပါ။ အမေကအဲအိမ်မှာမနေတာ နှစ်ချီနေပါပီ။ ဒီအတိုင်းပိတ်ထားတာပါ။အဖိုးတန်ပစ္စည်းလည်းဘာမှမရှိပါဘူး။

မနေ့ကတော့ အိမ်ခဏသွားချင်တယ်၊ဖုန်တက်တာတွေသွားရှင်းချင်လိုဆိုပြီး မသွားတာနှစ်ပေါက်နေတဲ့အိမ်ကို သွားပါတယ်။မြေညီထပ်တိုက်ခန်းသော့ကို မခါတ်ပဲ ချိတ်ရုံချိတ်ထားပြီးအခန်းထဲဝင်ရှင်းနေတဲ့ ၅ မိနစ်လောက်အတွင်းမှာပဲသူခိုးဟာ အိမ်ရှေ့ဧည်ခန်းမှာရှိတဲ့ ပိုက်ဆံအိတ်အကြီးထဲက ပိုက်ဆံထည့်ထားတဲ့ အိတ်အသေးနဲ့ ဝန်ထမ်း ၂ ယောက်ရဲ့ ဖုန်းအဟောင်းလေး ၂ လုံးကို အမြန်မသွားပါတော့တယ်။

တိုက်ဆိုင်လိုက်တာများကွာဆိုသလိုပါပဲ။မပြန်တာကြာတဲ့ အိမ်တံခါးဖွင့်အပြီး ၅ မိနစ်အတွင်းသူခိုးဟာဧည့်ခန်းက ပိုက်ဆံ ၂သိန်းရသောင်းပါတဲ့အိတ်နဲ့ဖုန်း ၂ လုံးကို မသွားပါတော့တယ်။အခိုးခံရဖိုကံပါတာရယ်အမေ့ရဲ့ သော့မခါတ်ပဲချိတ်ထားတတ်တဲ့အကျင့်ရယ်နဲ့ ထီပေါက်သွားပါတယ်။ပြောချင်တာကတော့တာမွေဘက်မြေညီအခန်းတွေ သတိထားပြီးသော့ခါတ်စေချင်ပါတယ်။

အမေ့တိုက်ခန်းက သီးသန့်လမ်းကြားပါ။လူဝင်လူထွက်နည်းပါတယ်။ဒါတောင်ပါသွားသေးတော့ ကျန်တဲ့နေရာတွေကျောက်မြောင်းဘက်တွေသတိထားစေချင်တာပါပဲ။လမ်းထဲကမြင်မိသူတချိုပြောတာကတော့ ဘောင်းဘီအဖြူနဲ့သန့်သန်ပြန့်ပြန့်ဝတ်ထားတဲ့ အမျိုးသမီး တဦး အမြန်ထွက်သွားတာ မြင်မိပါတယ်တဲ့။သူခိုးတွေဟာသားသားနားနားဝတ်ပြီးခိုးနေကြတဲ့ပုံပါ။ပုဂံမှာလှူဖိုထားတာလေးတွေပါသွားပါပီတဲ့။ဂရုစိုက်ကြပါနော် “လိုသားစိုးကပြောပါတယ်။အားလုံးပဲ ဒိလိုအချိန်ကာလမှာ သားစိုးလို အလစ်သုတ်မခံရဖို့နဲ့ သတိထားနေကြဖို့ တင်ပြလိုက်ရပါတယ်နော်

Zawgyi Version

ျမန္မာသံစဥ္သီခ်င္းေတြနဲ႔ နိုင္ငံျခားတီးလုံးေတြကို ေရာသမေမႊၿပီး ဖန္တီးတဲ့ အဆိုေတာ္သားစိုးကိုေတာ့ တစ္နိုင္ငံလုံးက ပရိသတ္ေတြအားလုံးသိၿပီးသားျဖစ္မွာပါ။သားစိုးဟာလက္ရွိမွာေတာ့ သူ႔ရဲ့မိသားစုေတြနဲ႔အတူတူစီးပြားေရးအလုပ္ေတြကိုသာလုပ္ကိုင္ေနၿပီး သီခ်င္းသစ္ေတြမထြက္ရွိတာအခ်ိန္အေတာ္ၾကာၿပီပဲျဖစ္ပါတယ္။

ဒါေပမယ့္ ဒီကေန႔မွာေတာ့ အဆိုေတာ္သားစိုးရဲ့ မိခင္ေနထိုင္တဲ့ တာေမြၿမိဳနယ္ကေနအိမ္ သူခိုး ခိုးခံခဲ့ရေၾကာင္း သိရပါတယ္။သားစိုးကသူခ်စ္တဲ့ပရိသတ္ေတြအတြက္ သူနဲ႔သူ႔ရဲ့မိခင္ကိုယ္တိုင္ျဖစ္ခဲ့တဲ့ သတိထားစရာအေၾကာင္းအရာတစ္ခုကိုသတိေပးလာပါတယ္။ျဖစ္စဥ္နဲ႔ပတ္သက္လို သားစိုးကေျပာျပတာက

“မေန႔ ေန႔လည္ ၂ နာရီက သၽွင္ပါကူေဆးခန္းေဘးကကၽြန္ေတာ္ အေမ့အိမ္မွာ သူခိုး ဝင္ခိုးသြားပါတယ္။လူရွိေနတုန္း ခိုးတာပါ။အလစ္သုတ္တာေပါ့။အေမ့အခန္းကေျမညီထပ္ပါ။သူအခိုးခံရပုံကလည္း တိုက္ဆိုင္လြန္းလိုပါ။ အေမကအဲအိမ္မွာမေနတာ ႏွစ္ခ်ီေနပါပီ။ ဒီအတိုင္းပိတ္ထားတာပါ။အဖိုးတန္ပစၥည္းလည္းဘာမွမရွိပါဘူး။

မေန႔ကေတာ့ အိမ္ခဏသြားခ်င္တယ္၊ဖုန္တက္တာေတြသြားရွင္းခ်င္လိုဆိုၿပီး မသြားတာႏွစ္ေပါက္ေနတဲ့အိမ္ကို သြားပါတယ္။ေျမညီထပ္တိုက္ခန္းေသာ့ကို မခါတ္ပဲ ခ်ိတ္႐ုံခ်ိတ္ထားၿပီးအခန္းထဲဝင္ရွင္းေနတဲ့ ၅ မိနစ္ေလာက္အတြင္းမွာပဲသူခိုးဟာ အိမ္ေရွ႕ဧည္ခန္းမွာရွိတဲ့ ပိုက္ဆံအိတ္အႀကီးထဲက ပိုက္ဆံထည့္ထားတဲ့ အိတ္အေသးနဲ႔ ဝန္ထမ္း ၂ ေယာက္ရဲ့ ဖုန္းအေဟာင္းေလး ၂ လုံးကို အျမန္မသြားပါေတာ့တယ္။

တိုက္ဆိုင္လိုက္တာမ်ားကြာဆိုသလိုပါပဲ။မျပန္တာၾကာတဲ့ အိမ္တံခါးဖြင့္အၿပီး ၅ မိနစ္အတြင္းသူခိုးဟာဧည့္ခန္းက ပိုက္ဆံ ၂သိန္းရေသာင္းပါတဲ့အိတ္နဲ႔ဖုန္း ၂ လုံးကို မသြားပါေတာ့တယ္။အခိုးခံရဖိုကံပါတာရယ္အေမ့ရဲ့ ေသာ့မခါတ္ပဲခ်ိတ္ထားတတ္တဲ့အက်င့္ရယ္နဲ႔ ထီေပါက္သြားပါတယ္။ေျပာခ်င္တာကေတာ့တာေမြဘက္ေျမညီအခန္းေတြ သတိထားၿပီးေသာ့ခါတ္ေစခ်င္ပါတယ္။

အေမ့တိုက္ခန္းက သီးသန႔္လမ္းၾကားပါ။လူဝင္လူထြက္နည္းပါတယ္။ဒါေတာင္ပါသြားေသးေတာ့ က်န္တဲ့ေနရာေတြေက်ာက္ေျမာင္းဘက္ေတြသတိထားေစခ်င္တာပါပဲ။လမ္းထဲကျမင္မိသူတခ်ိဳေျပာတာကေတာ့ ေဘာင္းဘီအျဖဴနဲ႔သန႔္သန္ျပန႔္ျပန႔္ဝတ္ထားတဲ့ အမ်ိဳးသမီး တဦး အျမန္ထြက္သြားတာ ျမင္မိပါတယ္တဲ့။သူခိုးေတြဟာသားသားနားနားဝတ္ၿပီးခိုးေနၾကတဲ့ပုံပါ။ပုဂံမွာလႉဖိုထားတာေလးေတြပါသြားပါပီတဲ့။ဂ႐ုစိုက္ၾကပါေနာ္ “လိုသားစိုးကေျပာပါတယ္။အားလုံးပဲ ဒိလိုအခ်ိန္ကာလမွာ သားစိုးလို အလစ္သုတ္မခံရဖို႔နဲ႔ သတိထားေနၾကဖို႔ တင္ျပလိုက္ရပါတယ္ေနာ္