fbpx

တောင်တွင်းကြီးတွင် စစ်မှုထမ်းဟောင်းများကို စစ်တပ်ကပြန်ခေါ်

မကွေးတိုင်း၊ တောင်တွင်းကြီးမြိုမှာ စစ်မှုထမ်းဟောင်းတွေကို စစ်မှုပြန်ထမ်းဖို စစ်တပ်က ပြန်လည်ခေါ်ယူနေတယ်လို မြိုနယ်စစ်မှုထမ်းဟောင်းနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

မြိုနယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတဦးက ”ပြန်ခေါ်တဲ့စစ်မှုထမ်းဟောင်းတွေထဲမှာ ဆေးဘုတ်နဲ့ ပင်စင်ယူထားတဲ့သူတွေကို အဓိကထားပြီးပြန်ခေါ်နေတာ။ အကျိုးအပြတ်နဲ့ အသက်အရမ်းကြီးနေရင်လည်း ပြန်မခေါ်ဘူး” လို ပြောပါတယ်။

ပြန်ဝင်သူတွေဟာ မူရင်းပင်စင်လစာအပြင် နောက်ထပ်လစာအဖြစ်ကျပ် ၃ သိန်းထပ်မံရရှိမယ်လို ဆိုပါတယ်။ စစ်မှုထမ်းဟောင်း ၁၀၀ နီးပါးဟာ စစ်တပ်ထဲကို ပြန်လည်ဝင်ရောက်သွားပြီလို မြိုနယ်စစ်မှုထမ်းဟောင်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

တပ်ထဲပြန်ဝင်သွားသူတဦးရဲ့ မိသားစုဝင်တဦးက ”ပင်စင်က ၈ သောင်းလောက်ပဲရတာ။ ကလေးတွေကများပြီး အလုပ်ကလည်းမရှိတော့ တပ်ထဲပြန်ဝင်သွားတာ ၂ လပြည့်တော့မယ်။ လစာ ၃ သိန်းရမယ်တော့ ပြောသံကြားတယ်။

ဘယ်တပ်ထဲမှာလည်း မသိဘူး။ အဆက်အသွယ်မရသေးဘူး။ အခုထိတော့ အိမ်ကို ပိုက်ဆံပြန်မလွှသေးဘူး။ ရှေ့တန်းတော့မထွက်ရဘူး ပြောတာဘဲ။

လုံခြုံရေးသက်သက်ပဲဆိုလို လိုက်သွားတာ။ ကျန်တာတော့ မသိတော့ဘူး” လို ပြောပါတယ်။

Zawgyi

ေတာင္တြင္းႀကီးတြင္ စစ္မႈထမ္းေဟာင္းမ်ားကို စစ္တပ္ကျပန္ေခၚ

မေကြးတိုင္း၊ ေတာင္တြင္းႀကီးၿမိဳမွာ စစ္မႈထမ္းေဟာင္းေတြကို စစ္မႈျပန္ထမ္းဖို စစ္တပ္က ျပန္လည္ေခၚယူေနတယ္လို ၿမိဳနယ္စစ္မႈထမ္းေဟာင္းနဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းကေန သိရပါတယ္။

ၿမိဳနယ္စစ္မႈထမ္းေဟာင္းနဲ႔ နီးစပ္သူတဦးက ”ျပန္ေခၚတဲ့စစ္မႈထမ္းေဟာင္းေတြထဲမွာ ေဆးဘုတ္နဲ႔ ပင္စင္ယူထားတဲ့သူေတြကို အဓိကထားၿပီးျပန္ေခၚေနတာ။ အက်ိဳးအျပတ္နဲ႔ အသက္အရမ္းႀကီးေနရင္လည္း ျပန္မေခၚဘူး” လို ေျပာပါတယ္။

ျပန္ဝင္သူေတြဟာ မူရင္းပင္စင္လစာအျပင္ ေနာက္ထပ္လစာအျဖစ္က်ပ္ ၃ သိန္းထပ္မံရရွိမယ္လို ဆိုပါတယ္။ စစ္မႈထမ္းေဟာင္း ၁၀၀ နီးပါးဟာ စစ္တပ္ထဲကို ျပန္လည္ဝင္ေရာက္သြားၿပီလို ၿမိဳနယ္စစ္မႈထမ္းေဟာင္းနဲ႔ နီးစပ္သူေတြဆီက သိရပါတယ္။

တပ္ထဲျပန္ဝင္သြားသူတဦးရဲ့ မိသားစုဝင္တဦးက ”ပင္စင္က ၈ ေသာင္းေလာက္ပဲရတာ။ ကေလးေတြကမ်ားၿပီး အလုပ္ကလည္းမရွိေတာ့ တပ္ထဲျပန္ဝင္သြားတာ ၂ လျပည့္ေတာ့မယ္။ လစာ ၃ သိန္းရမယ္ေတာ့ ေျပာသံၾကားတယ္။

ဘယ္တပ္ထဲမွာလည္း မသိဘူး။ အဆက္အသြယ္မရေသးဘူး။ အခုထိေတာ့ အိမ္ကို ပိုက္ဆံျပန္မလႊေသးဘူး။ ေရွ႕တန္းေတာ့မထြက္ရဘူး ေျပာတာဘဲ။

လုံျခဳံေရးသက္သက္ပဲဆိုလို လိုက္သြားတာ။ က်န္တာေတာ့ မသိေတာ့ဘူး” လို ေျပာပါတယ္။