fbpx

စစ်ဘေးရှောင်ပြည်သူတွေခံစားရသလို ခံစားဖူးခဲ့တာမို့ ကိုယ်ချင်းစာတယ်ဆိုတဲ့ ပြည်သူ့ရဲဘော် လူရွှင်တော် တိုင်းကျော်

နိုင်ငံကျော် ဟားငါးကောင် လူရွှင်တော်အဖွဲ့ကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်နေပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ဖို့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ပြည်သူတွေထဲက ပြည်သူဖြစ်တဲ့ ဟားငါးကောင်အဖွဲ့က တောထဲတောင်ထဲမှာနေထိုင်ရင်း ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရောက်ရှိဖို့ တက်နိုင်တဲ့ဘက်ကနေ ပါဝင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း သူတို့အဖွဲ့က လုံးဝစိတ်ဓာတ်မကျတဲ့အပြင် ပြည်သူတွေ အားတက်စေဖို့အတွက်ပါ အမြဲတမ်း တိုက်တွန်းနှိုးဆော်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အခုလက်တလောမှာလဲ တိုက်ပွဲတစ်ချို့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များပြားလာတာပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ အခက်အခဲတွေကို တိုင်းကျော်က ကိုယ်တိုင်ကြုံတွေ့ဖူးတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ အကြောင်းကို ရေးသားပြောပြထားတာပါ..။

ပြည်သူတွေထဲက ပြည်သူဖြစ်တဲ့ ဟားငါးကောင်အဖွဲ့က တောထဲတောင်ထဲမှာနေထိုင်ရင်း ပြည်သူ့အာဏာ ပြည်သူ့လက်ထဲပြန်လည်ရောက်ရှိဖို့ တက်နိုင်တဲ့ဘက်ကနေ ပါဝင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။တောထဲတောင်ထဲမှာ ပင်ပန်းဆင်းရဲစွာ နေထိုင်နေရပေမယ့်လည်း သူတို့အဖွဲ့က လုံးဝစိတ်ဓာတ်မကျတဲ့အပြင် ပြည်သူတွေ အားတက်စေဖို့အတွက်ပါ အမြဲတမ်း တိုက်တွန်းနှိုးဆော်ပေးနေကြတာလည်း ဖြစ်ပါတယ်။ အခုလက်တလောမှာလဲ တိုက်ပွဲတစ်ချို့ကြောင့် စစ်ဘေးရှောင်ပြည်သူတွေ များပြားလာတာပဲ ဖြစ်ပါတယ်။ စစ်ဘေးရှောင်နေရတဲ့ အခက်အခဲတွေကို တိုင်းကျော်က ကိုယ်တိုင်ကြုံတွေ့ဖူးတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ကိုယ်ချင်းစာတယ်ဆိုတဲ့ အကြောင်းကို ရေးသားပြောပြထားတာပါ..။

“ဆောင် မပါ အခင်းဗလာနဲ့ မြေကြီးပေါ်မှာ အိပ်ရတဲ့အခက်ခဲကို သိလို့ ၊ ကိုယ်ချင်းစာတယ်ထမင်း တရက် လုံး မစားရတဲ့ ၊ ဆာလောင်မှုကိုခံစားဖူးလို့ ကိုယ်ချင်းစာတယ်လက်နက်ကြီးတွေ နဲ့ အဆက်မပြတ်ပစ်ခတ်နေတဲ့ ကြား မှာ ၊ အသက်လုပြေးဖူးလို့ကိုယ်ချင်းစာတယ် ၊ ကူနိုင်သူတွေ လှုနိုင်သူတွေကြောင့်ညီကိုမောင်နှမတွေ ၊နွေးထွေးစွာ ကျော်ဖြတ်နိုင်ပါစေဗျာ တိုင်းကျော် ( ဟား၅ကောင် )” ဆိုပြီး တိုင်းကျော်က ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ပြည်သူတွေနဲ့အတူ တစ်သားတည်းရှိပြီး တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပါဝင်နေတဲ့ တိုင်းကျော်တို့ ဟားငါးကောင်အဖွဲ့သားတွေကိုလည်း ပြည်သူတွေက အားပေးစကားတွေ ပြောထားကြတာလည်း တွေ့ရပါတယ်..။

CRD:ORI