အောက်တိုဘာ ၃၀၊အေဂျင်ပင်လယ်ကို ဗဟိုပြု ပီး လူပ်ခတ်ခဲ့တဲ့ ငလျင် တစ်ခုဟာ ပြင်းအား ရစ်ချက်တာစကေး ၇ ဒသမ ၀ အဆင့်ရှိပြီး အဆိုပါငလျင်ဒဏ်ကြောင့်
တူရကီ နိုင်ငံ ရဲ့ မြို့ကြီးအနှံအပြားမှာ ပြင်းထန်တဲ့ ထိခိုက်မူတွေရှိခဲ့ပါတယ်။

တူရကီနိုင်ငံရဲ့ အနောက်ဖက် စူးစူး Izmir မြို့မှာတော့ လူပေါင်း ၁၁၈ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁,၀၀၀ ကျော် ထိခိုက်ဒဏ်ရရှိခဲ့ကာ လက်ရှိအချိန်ထိ ၁၃၇ ဦး ဆေးရုံတက် ကုသနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။Izmir မြို့ အင်အားပြင်းငလျင် လှုပ်ပြီး ၄ ရက်မြောက်နေ့မှာတော့ အသက် ၄ နှစ်အရွယ် ကလေးမလေးကို အသင်ရှင်လျက် ကယ်ဆယ်ရေးသမားတွေက ကယ်တင်နိုင်ခဲ့ပါတယ်။Ayda Gezgin ဆိုတဲ့ အသက် ၄နှစ် အရွယ် ကလေးမလေးဟာ နာရီပေါင်း ၉၁ နာရီအကြာ ပိတ်မိပြီးနောက် တိုက်ခန်း ၅ လုံးရဲ့ အပျက်စီးပုံကြားထဲမှာ ပိတ်မိနေတာကိုကယ်ဆယ်ရေးသမားတွေက တွေ့ရှိပြီး ကယ် တင်နိုင်ခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတွေက Ayda Gezgin ရဲ့ အော်သံကို ကြားခဲ့ရချိန် ကယ်တယ်နိုင်ဖို့အတွက် နာရီပေါင်းအတော်ကြာ အချိန်ယူခဲ့ရပြီး ဆေးရုံမှာ လိုအပ်တဲ့ ကုသမှုတွေ ပေးနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ကျန်းမာရေး ဒုဝန်ကြီး Muhammet Guven က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
တူရကီနိုင်ငံဟာ အင်အားပြင်းငလျင်ဒဏ်ကို မကြာခဏ ခံစားရလေ့ရှိပြီး ၂၀၁၁ ခုနှစ်က နိုင်ငံအရှေ့ပိုင်း Van မြို့ မှာ လုပ်ခတ်သွားခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အဲ့ဒီနှစ်မှာပဲ နိုင်ငံအရှေ့ပိုင်း Elazig ခရိုင်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၄၁ ဦး ထပ်မံ သေဆုံးခဲ့ရပါတယ်။ယခု Izmir မြို့မှာတော့ နေအိမ်ပြိုကျ ပျက်စီးသွားသူတွေအတွက် အရေးပေါ်တဲ ၄,၆၀၀ ကျော်နဲ့ အိပ်ယာ ၁၇,၀၀၀ ကျော် ပြင်ဆင်ပေးထားရတယ်လို့ တူရကီ သဘာဝဘေးနဲ့ အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (AFAD) က ထုတ်ပြန် ကြေညာထားပါတယ်။
နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ အောက်ကလင့်လေးကိုနှိပ်ပီး လာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။