fbpx

အရက်သောက်ခြင်းကိုရပ်လိုက်လျှင် သင့်ရဲ့ ဦးနှောက်ကတစ်လအတွင်းဘာတွေဖြစ်လာမလဲ

အရက်အလွန်အကျွံသောက်ခြင်း၏ရုပ်ပိုင်းဆိုင်ရာအကျိုးဆက်များက အသည်းပျက်စီးခြင်းနှင့်သွေးဖိအားမြင့်တတ်ခြင်းတို့ဖြစ်ပါတယ်။
အရက်နည်းနည်းပဲသောက်သောက်များများပဲသောက်သောက် မည်သည့်အဆင့်တွင်မဆို အရက်သုံးစွဲခြင်း​ေ ဦးနှောက် ကိုထိခိုက်စေနိုင်ပီး စိတ်ရောဂါ၊ စိုးရိမ်ပူပန်မှုနှင့်စိတ်နေစိတ်ထားပြောင်းလဲမှုများကိုကြုံတွေ့နိုင်ပါတယ်။၊

အရက်ဖြတ်ခြင်းအားဖြင့် မိမိတို့ ဦးနှောက်၏ သဘာဝလုပ်ဆောင်ချက်ကိုကုသပီးပြန်လည်တည်ထောင်နိင်မှာဖြစ်ပါတယ်။ အရက်သောက်ခြင်းကိုရပ်တန့်လိုက်တာနှင့်တစ်ပြိုင်နက် ဦးနှောက်တွင်ဖြစ်ပေါ်မည့်အပြောင်းအလဲအချို့ကို ဖော်ပြပေးလိုက်ပါတယ်၊၊

(၁) အရက်သောက်ပီးတစ်ရက်အကြာ

အရက်သောက်ပီးနောက်တစ်ရက်အကြာဟာ ညဘက်မှာအရက်ဘယ်လောက်သောက်လဲအပေါ် မူတည်ပါတယ် နောက်နေ့မနက်မှာအစာမစားမိလျှင် ဆုတ်ယုတ်မှုလက္ခဏာပိုများစေပါတယ်
အရက်သောက်နေစဉ်မှာ အရက်က ဦးနှောက်အား ဓာတုပစ္စည်း dopamine ကိုထုတ်လွှတ်စေတယ်။
Dopamine ကနောက်တစ်နေ့တွင်စိတ်ဓာတ်ကျစေခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနှင့် ပျို့ချင်ခြင်းကဲ့သို့သောရုပ်ပိုင်းဆိုင်ရာဆုတ်ယုတ်မှုလက္ခဏာများအပြင် စိတ်တိုလွယ်ခြင်း ကိုပါဖြစ်စေနိုင်ပါတယ်။

(၂) တစ်ပတ်ကြာပီးနောက်

အကြမ်းအားဖြင့်ခုနစ်ရက်ပတ်လုံးရှောင်ကြဉ်ပြီးနောက် စိတ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများကိုစတင်ခံစားရပါတယ်။ ပထမဦးဆုံးအနေနဲ့ ပိုမိုကောင်းမွန်သောအိပ်စက်ခြင်းကိုခံစားရပါလိမ့်မယ်။
ပီးရင်တော့ ကိုယ်ခံအားတိုးတက်လာခြင်း၊ စိတ်ဓာတ်တိုးတက်လာခြင်းတို့ သိသိသာသာဖြစ်ပေါ်လာပါတယ်။

The National Sleep Foundation က “အရက်ကသင့်ကိုမြန်မြန်အိပ်ပျော်စေနိုင်သော်လည်း နောက်ပိုင်းမှာအိပ်စက်ခြင်းကိုထိခိုက်စေနိုင်ပါတယ်” ဆိုပီးဖော်ပြထားပါတယ်။
အရက်သောက်တဲ့နေ့တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သော်လည်း သောက်တာကြာလာတဲ့အခါမှာ အရက်မသောက်တဲ့နေ့တွေဆို အိပ်မပျော်ြခင်း၊စိတ်ဓာတ်ကျခြင်းများဖြစ်စေပါတယ်။

အရက် မသောက်ပဲတစ်ပတ်အကြာမှာ ပိုမိုကောင်းမွန်သောအိပ်စက်ခြင်းကိုရရှိလာမှာဖြစ်ပြီး ပိုမိုကောင်းမွန်သောအိပ်စက်ခြင်းက စိတ်အပြောင်းအလဲများကိုထိန်းချုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကြည်လင်ပြတ်သားမှုနှင့်မှတ်ဥာဏ်ကိုပိုမိုကောင်းမွန်စေပါတယ်။

(၃) တစ်လကြာပီးနောက်

တစ်လအကြာမှာ သင်ကိုတိုင် အရက်မသောက်ပဲ ကျန်းမာတဲ့လူနေမူပုံစံကို ထိန်းသိမ်းရန်ပိုမိုလွယ်ကူလာပီး အခြားကျန်းမာရေးကိုအချိန်ပေးရန်အချိန်ပိုရလာပါလိမ့်မယ်။
ဥပမာ စနေနေ့ညကသောက်တာကို တနင်္ဂနွေနေ့မှာ ပြန်ကောင်းအောင်လုပ်မယ့်အစား၊ တနင်္ဂနွေနေ့မှာကျန်းမာရေးအတွက် အချိန်ပိုရလာပါလိမ့်မယ်။

Leave a Reply

Your email address will not be published.