fbpx

ကြားဖြတ်နားထောင်နိုင်တဲ့ spyware နည်းပညာပစ္စည်းတွေတပ်ဆင်ဖို့အာဏာမသိမ်းခင် လပေါင်းများစွာကတည်းကညွန်ကြားထား

စစ်တပ်ဟာ တယ်လီဖုန်းလိုင်းတွေကို ကြားဖြတ်နားထောင်နိုင်တဲ့ spyware နည်းပညာပစ္စည်းတွေ တပ်ဆင်ကြဖို့ ပြီးခဲ့တဲ့  ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာမသိမ်းခင် လပေါင်းများစွာကတည်းက တယ်လီကွန်း ကုမ္ပဏီတွေကို အမိန့်ပေးထားတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။

စစ်တပ်ဟာ အဲဒီနည်းပညာကို အသုံးပြုပြီး ပြည်သူလူထုရဲ့ ဖုန်းခေါ်ဆိုမှုတွေ (SMS) စာတိုပေးပို့မှုတွေ၊  အီးမေးလ်စာပို့တာတွေကို ဖုန်းအော်ပရေတာနဲ့ အင်တာနက်ကုမ္ပဏီရဲ့ အကူအညီနဲ့ ခွင့်ပြုချက်မလိုအပ်ပဲ ကြားဖြတ်နားထောင် ဖတ်ရှုနိုင်မယ့်အပြင် ဘယ်နေရာ ရောက်နေတယ်ဆိုတာကိုပါ စောင့်ကြည့်ထောက်လှမ်းနိုင်လာမှာ ဖြစ်ပါတယ်။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက စစ်တပ်အရာရှိဟောင်းတွေနဲ့အတူ စစ်တပ်ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဌာနက အရာရှိတွေ အဲဒီအမိန့်ကို အသိပေးခဲ့တယ်လို့ ဆက်သွယ်ရေးကုမ္ပဏီ အဆင့်မြင့် အရာရှိတယောက်က ရိုက်တာကို ပြောပြထားပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက် ၂၀၁၉-၂၀၂၁ ဘတ်ဂျက်ထဲမှာ အများပြည်သူကို ချပြမထားပေမယ့် ဒေါ်လာ ၄ သန်းဖိုးရှိတဲ့ ထောက်လှမ်းခြေရာခံနိုင်တဲ့ အင်တာဆက်ပ် intercept spyware နည်းပညာပစ္စည်းတွေဝယ်ယူဖို့ ပါဝင်တဲ့အကြောင်း Justice for Myanmar အဖွဲ့က ရရှိတဲ့ အထောက်အထားတွေအရ သိရပါတယ်။

အဲဒီ ခြေရာခံ ကြားဖြတ်စပိုင်နည်းပညာပစ္စည်းတွေကို တယ်လီဖုန်းနဲ့ အင်တာနက် ကုမ္ပဏီတွေအားလုံးမှာတော့ မတပ်ဆင်ရသေးဘူးလို့ သိရပေမယ့် ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်အသုံးပြုနေနိုင်ပြီလဲ ဆိုတာကိုတော့ စုံစမ်းအတည်ပြုနိုင်ခြင်းမ ရှိဘူးလို့  ရိုက်တာသတင်းမှာ ရေးသား ဖော်ပြထားပါတယ်။

#ZawGyi

စစ္တပ္ဟာ တယ္လီဖုန္းလိုင္းေတြကို ၾကားျဖတ္နားေထာင္ႏိုင္တဲ့ spyware နည္းပညာပစၥည္းေတြ တပ္ဆင္ၾကဖို႔ ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလ ၁ ရက္ေန႔ စစ္အာဏာမသိမ္းခင္ လေပါင္းမ်ားစြာကတည္းက တယ္လီကြန္း ကုမၸဏီေတြကို အမိန႔္ေပးထားတယ္လို႔ ႐ိုက္တာသတင္းမွာ ေဖၚျပပါတယ္။

စစ္တပ္ဟာ အဲဒီနည္းပညာကို အသုံးျပဳၿပီး ျပည္သူလူထုရဲ႕ ဖုန္းေခၚဆိုမႈေတြ (SMS) စာတိုေပးပို႔မႈေတြ၊ အီးေမးလ္စာပို႔တာေတြကို ဖုန္းေအာ္ပေရတာနဲ႔ အင္တာနက္ကုမၸဏီရဲ႕ အကူအညီနဲ႔ ခြင့္ျပဳခ်က္မလိုအပ္ပဲ ၾကားျဖတ္နားေထာင္ ဖတ္ရႈႏိုင္မယ့္အျပင္ ဘယ္ေနရာ ေရာက္ေနတယ္ဆိုတာကိုပါ ေစာင့္ၾကည့္ေထာက္လွမ္းႏိုင္လာမွာ ျဖစ္ပါတယ္။

ပို႔ေဆာင္ဆက္သြယ္ေရးဝန္ႀကီးဌာနက စစ္တပ္အရာရွိေဟာင္းေတြနဲ႔အတူ စစ္တပ္ထိန္းခ်ဳပ္ထားတဲ့ ျပည္ထဲေရးဌာနက အရာရွိေတြ အဲဒီအမိန႔္ကို အသိေပးခဲ့တယ္လို႔ ဆက္သြယ္ေရးကုမၸဏီ အဆင့္ျမင့္ အရာရွိတေယာက္က ႐ိုက္တာကို ေျပာျပထားပါတယ္။

အန္အယ္လ္ဒီ အစိုးရလက္ထက္ ၂၀၁၉-၂၀၂၁ ဘတ္ဂ်က္ထဲမွာ အမ်ားျပည္သူကို ခ်ျပမထားေပမယ့္ ေဒၚလာ ၄ သန္းဖိုးရွိတဲ့ ေထာက္လွမ္းေျခရာခံႏိုင္တဲ့ အင္တာဆက္ပ္ intercept spyware နည္းပညာပစၥည္းေတြဝယ္ယူဖို႔ ပါဝင္တဲ့အေၾကာင္း Justice for Myanmar အဖြဲ႕က ရရွိတဲ့ အေထာက္အထားေတြအရ သိရပါတယ္။

အဲဒီ ေျခရာခံ ၾကားျဖတ္စပိုင္နည္းပညာပစၥည္းေတြကို တယ္လီဖုန္းနဲ႔ အင္တာနက္ ကုမၸဏီေတြအားလုံးမွာေတာ့ မတပ္ဆင္ရေသးဘူးလို႔ သိရေပမယ့္ ဘယ္ေလာက္ထိ က်ယ္က်ယ္ျပန႔္ျပန႔္ တပ္ဆင္အသုံးျပဳေနႏိုင္ၿပီလဲ ဆိုတာကိုေတာ့ စုံစမ္းအတည္ျပဳႏိုင္ျခင္းမ ရွိဘူးလို႔ ႐ိုက္တာသတင္းမွာ ေရးသား ေဖာ္ျပထားပါတယ္။