fbpx

စစ်အုပ်စု အားနည်းနေချိန် နွေဦးတော်လှန်ရေးကို အချိန်တိုနဲ့နိုင်အောင် ဘယ်လိုတိုက်ကြမလဲ

ဇော်တူးဆိုင်:

ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို သယ်ဆောင်ပေးနိုင်တဲ့ နိုင်ငံရေးအခြေအနေတွေ၊ အကြောင်းတရားတွေကတော့ရှိနေပါပြီ။ အဓိကကျတဲ့ အချက်တစ်ခုကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စီမံအုပ်ချုပ်မှု အစွမ်းနည်း၊ အတွေအကြုံနည်းတာဖြစ်ပါတယ်။ ပြောရရင် သူ့အရင်စစ်ခေါင်းဆောင်တွေဖြစ်တဲ့ ဦးနေဝင်းနဲ့ ဦးသန်းရွေတို့လို ဝါမရှိဘူး၊ သမ္ဘာမရှိဘူး။ သူ့ကို သူ့တပ်မတော်တစ်ခုလုံးကတောင် ယုံကြည်နိုင်တဲ့အခြေအနေမရှိပါဘူး။

ဟောင်ကောင်အခြေစိုက် တရုတ်ပိုင် ဖီးလ်နစ်တီဗီနဲ့ အင်တာဗျူးမှာ ဗိုလ်မင်းအောင်လှိုင်က တိုင်းပြည်တစ်ခုလုံးကို တပ်မတော်ကမထိန်းချုပ်နိုင်ဘူး၊ သူ့ရဲ့ စစ်အာဏာသိမ်းမှုကို ထင်တာထက် ဆန့်ကျင်တဲ့သူများတယ်ဆိုပြီး ဝန်ခံသွားတယ်။ ဒါဟာ သူ့ကိုယ်သူယုံကြည်မှုနည်းနေတာကို ပြသလိုက်တာပဲဖြစ်တယ်။
နိုင်ငံရေးတိုက်ပွဲတွေ၊ စစ်ပွဲတွေကို အနိုင်ရနိုင်အောင်တိုက်ကြတဲ့အခါမှာ တဘက်ရန်သူအားနည်းနေတုန်း ဦးဆောင်မှုကောင်းကောင်းနဲ့ ဖိပြီးတိုက်နိုင်ရင် အချိန်တိုတိုနဲ့ အောင်မြင်မှုရပါတယ်။ သံပူခိုက်မှာ အားစိုက်ထုနှက်ကြဖို့လိုပါတယ်။

စစ်အုပ်စုကိုအောင်နိုင်ဖို့ နွေဦးတော်လှန်ရေ:မှာ ဦးဆောင်လုပ်ကိုင်နေတဲ့ခေါင်းဆောင်တွေကြားမှာ ဒီထက်ပိုကောင်းအောင်လုပ်သင့်တယ်လို့မြင်တဲ့အချက်တွေ ဆွေးနွေ:ပါမယ်။

(က) ဗမာနိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေး ရင်ကျက့်မှုနဲ့ ရက်ရောမှုတွေ ဒီထက်ပိုရှိဖို့နဲ့ စုပေါင်းဦးဆောင်မှု Collective leadership ကို ရအောင်လုပ်ဖို့-

တိုင်းရင်းသားတွေနဲ့ လူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အသီးသီး တန်းတူရည်တူပါဝင်နိုင်တဲ့ တပ်ပေါင်းစုမျိုးကိုဖွဲ့နိုင်ပြီ: စုပေါင်းဦးဆောင်မှသာလျှင် နွေဦးတော်လှန်ရေ:ဟာ အချိန်တိုတိုအတွင်းမှာ အောင်နိုင်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD/ဒီချုပ်)မှာ လက်ရှိဦးဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးတဲ့အချိန်မှာ နိုင်ငံရေးအရ စုပေါင်းဦးဆောင်မှုဖြစ်မြောက်လာအောင် လက်ရှိအခြေအနေထက်ပိုပြီး နိုင်ငံရေးရင့်ကျက်ဖို့၊ ရက်ရောမှုတွေပေးဖို့ လိုအပ်ပါတယ်။

တန်းတူရေးမှာ “ကရင်တကျပ် မြန်မာတကျပ်” လို့ ဆိုတဲ့ နိုင်ငံရေးအရ အနှစ်သာရပါတဲ့ အဆိုစကားကို အလေးထားရင်း ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးအရ ရက်ရက်ရောရောနဲ့ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ ပုံစံမျို:လိုပါတယ်။ မူကိုလက်တွေ့အကောင်အထည်ဖော်ဆောင်တာရှိရပါမယ်။ အဲဒီလို နိုင်ငံရေးရက်ရောမှုကျင့်သုံးတာတွေကနေ မူရင်းပင်လုံစာချုပ်မှာမပါနိုင်ခဲတဲ့ တိုင်းရင်းသားတွေလည်း ပူပေါင်းလာပြီး ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဒုတိယပင်လုံဖြစ်လာဖို့ပါ။
နိုင်ငံရေးရင့်ကျက်မှုနဲ့ ရက်ရောရက်မှုတွေရှိမှ တိုင်:ရင်းသားခေါင်းတွေဟာ နွေဦးတော်လှန်ရေ:ထဲက ဗမာတွေနဲ့ စစ်ကောင်စီထဲကဗမာတွေဟာ မတူကွဲပြားတယ်ဆိုတာကို လက်တွေ့မြင်လာပြီး ဘုံရန်သူစစ်ကောင်စီကိုတိုက်ဖို့ပူးပေါင်းလာမှာဖြစ်ပါတယ်။
ဒါဆို ဘယ်လို ရင့်ကျက်ရက်ရောရမှာလဲမေးစရာရှိပါတယ်။ ဗမာနိုင်ငံရေးသမားတွေရဲ့ ထိပ်တန်းနေရာယူတာတွေကို ဒီထက်လျော့ချသင့်ပါတယ်။ ဥပမာ- မြန်မာပြည်တစ်ခုလုံးလွမ်းခြုံတဲ့ နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲတွေမှာ မဲအရေအတွက်အရဆုံးဖြတ်ဖို့ ရှစ်ခုသာရှိတယ်လို့ဆိုခဲ့ရင် ပြည်မကို ကိုယ်စားပြုတဲ့ဒီချုပ်က နိုင်ငံရေးပါတီတစ်ခုအနေနဲ့ တစ်မဲပဲ ရယူသင့်ပါတယ်။

နိုင်ငံရေးရင့်ကျက်မှုနဲ့ ရက်ရောမှုတွေ အရှိန်မြင့်လာတာနဲ့အမျှ မဟာဗျူဟာတွေရေးတဲ့အခါမှာ လိုအပ်တဲ့ (၁) လက်တွေကျတဲ့ ရည်ရွယ်ချက် (Intent) (၂) လုပ်နိုင်စွမ်း (Capability) ဆိုတဲ့ အချက်တွေဟာ အလိုလို ဖြစ်လာပါလိမ်မယ်။ ဆက်ပြီးဆွေးနွေးမဲ့ မဟာဗျူဟာရဲ့ နောက်ဆုံးလိုအပ်တဲ့ နံပတ် (၃) သတ်မှတ်ချိန် (Time Frame) ကလည်း အရေးကြီးပါတယ်။

နိုင်ငံရေးကပ်စေးနဲလေလေ၊ ရင့်ကျက်မှုနဲလေလေ တော်လှန်ရေ:အချိန်ကြာလေလေပါပဲ။ အချိန်ကြာတာနဲ့အမျှ အာဏာသိမ်းစစ်ကောင်စီရဲ့အင်အားတွေက ပြန်ကောင်းလာနိုင်တဲ့ အန္တရာယ်ကြီးရှိနေတာကို သတိပြုဖို့လိုပါတယ်။

(ခ) အနောက်နိုင်ငံက အစိုးရတွေ၊ ပထဝီအနေအထားအရ ခပ်ဝေးဝေးက နိုင်ငံတွေကိုပဲ ချဉ်းကပ်အကူညီတောင်းတာတွေလျော့ပြီး ကိုယ့်အိမ်နီးချင်းနိုင်ငံတွေ၊ အာရှက အရပ်ဘက်အဖွဲ့အစည်းတွေကိုထိတွေ့ဆက်ဆံဖို့လိုပါတယ်။ ဗမာနဲ့ ကျန်တဲ့တိုင်းရင်းသားတွေအကြား အချိန်ပေး၊ များများထိတွေ့ဆက်ဆံဖို့လိုပါတယ်။

ရှေ့တန်းမှာရောက်နေတဲ့ မိတ်ဆွေတစ်ယောက်နဲ့စကားပြောတော့ တို့ဗမာတွေက ထမင်းနဲ့ပဲပြုတ် စားနေတဲ့လူမျိုးတွေဖြစ်လို့ Pasta တွေ Pizza တွေ အတင်းလာလာကျွေးနေတာဟာ ခဏတာမှာ အရသာပြောင်းလို့ အနေသာပေမဲ့ နေ့တိုင်းတော့ မစားချင်ကြ၊ မကြိုက်ကြတာများတယ်လို့ ဆိုပါတယ်။ ဒီသဘောပါပဲ။

အာဏာသိမ်းခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တွေထဲက အဓိကကျတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ဆွေးနွေးမှုမှာ အနောက်တိုင်းကအစိုးရနဲ့ နိုင်ငံခြားသားတွေပါတဲ့ Zoom အစည်းအဝေးတွေက လွှမ်းမိုးလို့နေပါတယ်။ ကိုယ့်ကိုယ်အလွယ်တကူထောက်ခံတဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေဖြစ်လို့ ဒီလိုဖြစ်တယ်ဆိုတာ နားလည်လို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးက Make the impossible possible မဟုတ်ပါလား။ စိတ်ပိုင်းဆိုင်ရာအရ Comfort zone ထဲကရုန်းထွက်ဖို့လိုပါမယ်။ ခက်ခဲပေမဲ့ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေ၊ အာရှကနိုင်ငံတွေရဲ့ အရေးပါမှုကို ပစ်မယ်လို့မရဘဲ စည်းရုံးရပါလိမ့်မယ်၊ ကိုယ့်ဘက်ပါအောင်လုပ်ရပါလိမ့်မယ်။။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားတွေအကြား စုစည်းမှုတည်ဆောက်ရပါလိမ့်မယ်။။ အဲဒီတော့ အိမ်နီးချင်းနိုင်ငံတွေကအစိုးရတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ဆက်ဆံ၊ ဆွေးနွေးတာတွေကို မြင့်တင်ရပါမယ်။

တကယ်တမ်းကျတော့ မြန်မာပြည်နဲ့ထိစပ်နေတဲ့ နိုင်ငံတွေနဲ့ အရှေတောင်အာရှမှာပါတဲ့ နိုင်ငံတွေက နွေဦးတော်လှန်ရေ:ဘက်ကို ပါလာမှသာ ပါဝါအင်အားချိန်ခွင်လျှာသာလာပြီး စစ်အာဏာရှင်ကို အပြုတ်တိုက် အနိုင်ဆင်နွဲနိုင်မှာဖြစ်ပါတယ်။ ဒီအမှန်တရားဟာ ခါးသီးနေဦးတော့ လက်ခံရမှာဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေနဲ့ဆက်ဆံမယ်ဆိုရင် လက်တွေကျတဲ့ ပါဝါအင်အားနဲ့ အကျိုးစီပွားတွေကို နားလည်ရမယ်။ အပေးအယူလုပ်နိုင်မယ်။ လက်တွေ့ကျရပါမယ်။ သူတို့မှာမရှိတာကိုဘဲကြည့်ပြီး ဝေဖန်နေတာနဲ့အချိန်ကုန်လို့မရပါဘူး။ ကျွန်တော်တို့က မြန်မာပြည်က စစ်အုပ်စုကို တော်လှန်ရမှာဖြစ်ပါတယ်။

ဥပမာ-တရုတ်အစိုးရကို လက်ရှိမြန်မာပြည်မှာရှိနေတဲ့ သူတို့ရဲ့စီပွားရေးအကျိုးစီပွားတွေကို အာမခံပေးမယ်လို့ NUG က လှုံ့ဆော်ပြောဆိုပြီး တရုတ်က နွေဦးတော်လှန်ရေးအတွက် ကူညီပံ့ပိုးမှုတွေမလုပ်ရင်တောင် စစ်ကောင်စီကို မထောက်ခံတာ၊ အသိအမှတ်မပြုအောင်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။

ရိုဟင်ဂျာအရေ:ဆိုရင် ဗမာနဲ့တိုင်းရင်သားတွေကြားမှာ ဆွေးနွေ:မှုအားနည်:ပြီး အနောက်တိုင်းက မေးခွန်းတွေ မေးလို့ / ဖိအားပေးလို့ အစီအစဉ်တွေမရှိဘဲ၊ အချင်းချင်းကြား ဆွေးနွေ:မှုတွေသေချာမလုပ်ဘဲ ပေါ်လစီတွေချကြတော့ အဖြေမထွက် ‘ရွာလည်’ နေတာကိုကြုံကြရတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ အနောက်တိုင်းသားတွေနဲ့သာအပြောများပြီး မြန်မာချင်းကြတော့ နှီးနှောတိုင်ပင်မှုနည်းသမို့ အခုလိုဖြစ်တာလို့ သုံးသပ်ပါတယ်။ မြန်မာချင်းပြောတာနည်းတော့ ရှေ့မရောက်ဘဲဖြစ်နေပါတယ်။
(က)မှာ ဆွေးနွေ:ထားသလို တိုင်:ရင်းသားခေါင်းဆောင်တွေနဲ့ ထိပ်သီ:နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အများသဘောတူတဲ့ ပေါ်လစီတွေ ချနိုင်ရင် တိုင်းပြည်ရဲ့ရပ်တည်ချက် ဖြစ်သွားပါမယ်။

NUG နှင့် CRPH တွေရဲ့ဖေ့စ်ဘွတ် စာမျက်နှာတွေထဲက အကြောင်းအရာနဲ့ရည်ရွယ်ချက်တွေကို မြန်မာစာနဲ့ရေးသင့်ပါတယ်။ နွေဦးတော်လှန်ရေးကစခဲ့တာ သိပ်မကြာခင်ဆိုရင် နှစ်ဝက်ကျိုးပါတော့မယ်။ ဦးဆောင်အဖွဲ့အစည်းတွေက သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို့ပဲရေ:ထားသေးတယ်။ ခက်တာက ပရိတ်သတ်က မြန်မာစာပဲအဖတ်များတဲ့ ဖေ့စ်ဘွတ်သုံးတဲ့ မြန်မာက ဖေ့စ်ဘွတ်သုံးစွဲသူ ၂၂ သန်းကျော်သောပရိတ်သတ်ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးဟာ မြန်မာတွေကိုသတင်းစကားပါးရမှာဖြစ်တယ်။ မြန်မာတွေရင်ထဲရောက်ဖို့လိုပါတယ်။ နွေဦးတော်လှန်ရေးကို ထောက်ခံတဲ့သူတိုင်: ဦးဆောင်အဖွဲ့အစည်းတွေရဲ့ ရည်ရွယ်ချက်ကို နေ့တိုင်းကြည့်ပြီး သူတို့လည်း ရည်ရွယ်ချက်ထဲမှာ ပါတယ်ဆိုတာကို စိတ်ခံစားရလာအောင် လုပ်ဆောင်ရပါမယ်။

(ဂ) စိတ်ခံစားမှုနဲ့ အချက်အလက်တွေကို အမြဲ ခွဲကြားနိုင်အောင် ကြိုးစားဖို့လိုပါတယ်။

အမေရိကန်သမ္မတဟောင်: ဘားရက် အိုဘားမားရဲ့မိန်းမ မီရှဲလ် အိုဘားမားက ဟီလာရီ ကလင်တန်အတွက် မဲဆွယ်တုန်းက ပြောဖူးတာလေးရှိပါတယ်။ “When they go low, we go high.” ပါတဲ့။ အဓိပါယ်အမျိုးမျိုး ကောက်လို့ရပါလိမ့်မယ်။ ကျွန်တော်ကတော့ နိုင်ငံရေးတိုက်ပွဲတွေ တိုက်နေတုန်းမှာ တဘက်ရန်သူ သို့မဟုတ် ပြိုင်ဘက်တွေက ဘယ်လောက်အောက်တန်းကျကျပြောနေလုပ်နေဦးတော့ ကိုယ့်ဘက်ကကောင်းအောင်စဉ်းစားလုပ်ကိုင်နေဖို့လိုတယ်ဆိုတာလို့ နားလည်ပါတယ်။ နိုင်ငံရေ:တိုက်ပွဲတွေမှာ စိတ်ခံစားမှုဘက်ကို အရမ်းလိုက်မသွားဖို့ သတိပေးတဲ့ ပြောဆိုချက်လို့ ယူဆပါတယ်။

ကျွန်တော်က စိတ်ပညာရှင်မဟုတ်ပါဘူး။ ဒါပေသိ သိသလောက်ပြောရရင် စိတ်ခံစားမှုရှိတာ လူတိုင်းမှာရှိတယ်၊ ရှိရမယ်။ စိတ်ခံစားမှုနဲ့ စိတ်ခံစားမှုရဲ့ အင်အားတွေကြောင့် လူလောကမှာ တီထွင်မှုအသစ်တွေပေါ်လာတယ်။ ခေါင်းဆောင်ကောင်းတွေ ထွက်ပေါ်လာတယ်၊၊ စိတ်ခံစားမှုဖြစ်တိုင်း Emotional energy လို့ ခေါ်တဲ့ ( စိတ်ခံစားမှု အင်အား) တွေ ထွက်ပေါ်တယ်။ စိတ်ခံစားမှုကြောင့် ထွက်ပေါ်လာတဲ့ Energy (အင်အား) နှစ်မျိုး ရှိတယ်။ စိတ်ခံစားမှုမှာ Positive energy (အပေါင်းလက္ခဏာ ပြတဲ့ အင်အား) နဲ့ Negative energy လို့ ခေါ်တဲ့ ( အန္တရာယ်ရှိပြီ: အနုတ်လက္ခဏာပြတဲ့ အင်အား) တွေရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။

ဥပမာ- ကျွန်တော်အခုလို သုံးသပ်ချက်ဆောင်းပါးရေးတာဟာ စိတ်ခံစားမှုကနေလာတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေ:က နိုင်ရမယ်လို့ စိတ်ခံစားရလို့ ရေ:တာဖြစ်ပါတယ်။ ခေါင်းဆောင်တဲ့သူတွေကို အကြံပြုနိုင်ရင် ပိုထိရောက်မှုတွေလုပ်လာနိုင်ပြီး အောင်ပွဲကိုရစေမယ်လို့ ရေးတာပါပဲ။ ဒါဟာ အပေါင်းလက္ခဏာပြတဲ့ စိတ်ခံစားမှုအင်အား ဖြစ်ပါတယ်။

ဒီလို စနစ်တကျ သုံးသပ်ချက်ဆောင်းပါးကိုမရေးဘဲ အော်ဆဲ၊ အဆိုးဘက်အမြင်သက်သက်နဲ့ ပြစ်တင်ပြောဆိုတဲ့အပြုအမူနဲ့ ဖေ့စ်ဘွတ်မှာရေးလိုက်မဟဲ့လို့ဖြစ်မိရင် ကျွန်တော့်မှာ အနုတ်လက္ခဏာပြတဲ့ စိတ်ခံစားမှု အင်အားတွေ ပိုများနေတာပါပဲဖြစ်ပါတယ်။

အချုပ်ဆိုရရင် နိုင်ငံရေးအရလည်း လက်ရှိအခြေအနေကို မျက်မှောက်ကျကျ၊ လက်တွေ့ကျကျ မြင်နိုင်သုံးသပ်နိုင်ဖို့လို့အပ်ပါတယ်။

စစ်အာဏာသိမ်းလိုက်လို့ Gen Z နဲ့ CDM တွေရဲ့ ဦးဆောင်မှုကနေ ပြည်သူအများစုပါဝင်ထောက်ခံတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေ:လှိုင်းလုံးကြီးတွေ ပေါ်ထွက်လာတယ်။ CPRH က (Election mandate) ဆိုတဲ့ ရွေးကောက်ပွဲအနိုင်ရတဲ့ နိုင်ငံရေ:လုပ်ပိုင်ခွင့်နဲ့ NUG ကို ဖွဲ့ပြီး နိုင်ငံရေ:လှိုင်းလုံးကြီးတွေရဲ့အရှိန် လျော့မသွားအောင် ကြီးကြပ်စီမံခန့်ခွဲဖို့ တာဝန်တွေယူကြတယ်လို့ မြင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို လွတ်လပ်ရေးလှိုင်းလုံးကြီးတွေ ဖန်တီးနိုင်၊ ကြီးကြပ်စီမံခန့်ခွဲနိုင်ခဲ့တဲ့ အထင်ကရခေါင်းဆောင် တစ်ယောက်တောင်မှ တိုင်:ရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေ:အရ ရက်ရက်ရောရော အပေးအယူလုပ်ပြီးမှ လွတ်လပ်ရေ:ကို တိုက်ယူရခဲ့တယ်ဆိုတာကို စံနမူနာယူဖို့ သုံးသပ်တင်ပြလိုက်ရပါတယ်။

======================

ဇော်တူးဆိုင်:အကြောင်း
ငယ်နာမည် ငဇော်၊ အညာသားပါ။ တောင်သူလယ်သမားမိဘတွေကမွေးပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီး နိုင်ငံရေးအရအခြေနေမကောင်းတော့ လက်နက်ကိုင်တိုက်ချင်လို့ အသက် ၁၇ နှစ်မှာ တောခိုပါတယ်။ ဒုက္ခသည်စခန်းမှာ ခုနှစ်နှစ်နေရင်: ကျောင်းသားတပ်မတော်မှာ ရုံးလုပ်ငန်းတွေတာဝန်ယူခဲ့ပါတယ်။ နယူးဒေလီမှာ ကောလိပ်ကျောင်းပြန်တက်အပြီ: ဖောင်ဒေးရှင်းတစ်ခု မှာ ဝန်ထမ်းလုပ်ပါတယ်။ ကချင်အမျိုးသမီးနဲ့ အိမ်ထောင်ကျတော့ ဇော်တူးဆိုင်:ရယ်လို့ ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့ ဖောင်ဒေးရှင်းကြောင့် အမေရိကန်ရောက်တုံး ကိုလံဘီယာတက္ကသိုလ် (Columbia University) ကနေ နိုင်ငံတကာရေးရာ၊ ဘောဂဗေဒဆိုင်ရာမူဝါဒ (Public Policy) မဟာဘွဲ့ ရရှိခဲ့ပါတယ်။ – (Mizzima)