fbpx

အနုပညာရှင်တစ်ချို့ ဖမ်းဆီးခံထားရ၊ ထွက်ပြေးနေရချိန် ရုပ်ရှင်ရုံတွေပြန်ဖွင့်ဖို စစ်ကောင်စီပြင်ဆင်

ကိုဗစ်ကာလအခြေအနေကြောင့် ရပ်ဆိုင်းထားရတဲ့ ရုပ်ရှင်ရိုက်ကူးမှုလုပ်ငန်းတွေကိုကိုဗစ်စည်းကမ်းနဲ့အညီပြန်လည်ရိုက်ကူးမှုတွေစတင်နေပြီဖြစ်ပြီး မကြာခင်ရုပ်ရှင်ရုံတွေပြန်ဖွင့်ပြီး ပြည်သူတွေ အပန်းဖြေနိုင်တော့မယ်လို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ပြောကြားကြောင်း ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေကဖော်ပြထားပါတယ်။

 

 

ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ နိုင်ငံပိုင်ရုပ်ရှင် ၁၃ ရုံကို မနေ့အောက်တိုဘာ ၁၁ ရက်နေ့က တာဝန်နဲ့ဝတ္တရားများလွှပြောင်းစာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားမှာ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်ကလည်း ရုပ်ရှင်အနုပညာများဖွံဖြိုးတိုးတက်အောင် မကြာခဏလမ်းညွှန်ထားကြောင်း ၊ အနုပညာရှင်တွေအနေနဲ့လည်း ကိုဗစ်စည်းကမ်းနဲ့အညီရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လုပ်နေပြီလို ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောပါတယ်။

“သူတိုက ရုပ်ရှင်ရုံတွေပြန်ဖွင့်မယ်ဆိုတော့ ကျွန်တော်တိုရုပ်ရှင်နဲ့အဝေးကြီးရောက်သွားသူတွေကအဝေးက လွမ်းနေရုံပေါ့။ ကျွန်တော်တိုရဲ့ အဓိကလက်နက်ကလည်းအနုပညာပါပဲ။ အဲ့ဒီလက်နက်နဲ့ပဲပွဲအစကအဆုံးထိတိုက်နေကြတယ်။ ဖမ်းဆီးခံထားရတဲ့အနုပညာသမားတွေလည်း အထဲမှာလူရော၊ စိတ်ရော ကျန်းမာနေကြပါတယ်။

စစ်အာဏာရှင်ကြေကွဲရမယ့်ဇာတ်သိမ်းခန်းလည်းရောက်ကာနီးပါပြီ” လို စစ်ကောင်စီရဲ့ ဝရမ်းထုတ်ဖမ်းဆီးမှုကြောင့် ရှောင်တိမ်းနေရတဲ့ လူငယ်ဒါရိုက်တာ သည်ခေတ်နေကပြောပါတယ်။

 

Zawgyi ဖြင့်ဖတ်ရန်

အႏုပညာရွင္တစ္ခ်ိဳ႕ ဖမ္းဆီးခံထားရ၊ ထြက္ေျပးေနရခ်ိန္ ႐ုပ္ရွင္႐ုံေတြျပန္ဖြင့္ဖို စစ္ေကာင္စီျပင္ဆင္

ကိုဗစ္ကာလအေျခအေနေၾကာင့္ ရပ္ဆိုင္းထားရတဲ့ ႐ုပ္ရွင္ရိုက္ကူးမႈလုပ္ငန္းေတြကိုကိုဗစ္စည္းကမ္းနဲ႔အညီျပန္လည္ရိုက္ကူးမႈေတြစတင္ေနၿပီျဖစ္ၿပီး မၾကာခင္႐ုပ္ရွင္႐ုံေတြျပန္ဖြင့္ၿပီး ျပည္သူေတြ အပန္းေျဖနိုင္ေတာ့မယ္လို စစ္ေကာင္စီရဲ့ ျပန္ၾကားေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ ေမာင္ေမာင္အုန္းက ေျပာၾကားေၾကာင္း ဒီေန႔ထုတ္နိုင္ငံပိုင္သတင္းစာေတြကေဖာ္ျပထားပါတယ္။

ျပန္ၾကားေရးဝန္ႀကီးဌာနလက္ေအာက္မွာရွိတဲ့ နိုင္ငံပိုင္႐ုပ္ရွင္ ၁၃ ႐ုံကို မေန႔ေအာက္တိုဘာ ၁၁ ရက္ေန႔က တာဝန္နဲ႔ဝတၱရားမ်ားလႊေျပာင္းစာခ်ဳပ္ခ်ဳပ္ဆိုတဲ့ အခမ္းအနားမွာ အခုလိုေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိင္ကလည္း ႐ုပ္ရွင္အႏုပညာမ်ားဖြံၿဖိဳးတိုးတက္ေအာင္ မၾကာခဏလမ္းညႊန္ထားေၾကာင္း ၊ အႏုပညာရွင္ေတြအေနနဲ႔လည္း ကိုဗစ္စည္းကမ္းနဲ႔အညီရိုက္ကူးေရးလုပ္ငန္းေတြ ျပန္လုပ္ေနၿပီလို ဗိုလ္ခ်ဳပ္ေမာင္ေမာင္အုန္းက ေျပာပါတယ္။

“သူတိုက ႐ုပ္ရွင္႐ုံေတြျပန္ဖြင့္မယ္ဆိုေတာ့ ကၽြန္ေတာ္တို႐ုပ္ရွင္နဲ႔အေဝးႀကီးေရာက္သြားသူေတြကအေဝးက လြမ္းေန႐ုံေပါ့။ ကၽြန္ေတာ္တိုရဲ့ အဓိကလက္နက္ကလည္းအႏုပညာပါပဲ။ အဲ့ဒီလက္နက္နဲ႔ပဲပြဲအစကအဆုံးထိတိုက္ေနၾကတယ္။ ဖမ္းဆီးခံထားရတဲ့အႏုပညာသမားေတြလည္း အထဲမွာလူေရာ၊ စိတ္ေရာ က်န္းမာေနၾကပါတယ္။

စစ္အာဏာရွင္ေၾကကြဲရမယ့္ဇာတ္သိမ္းခန္းလည္းေရာက္ကာနီးပါၿပီ” လို စစ္ေကာင္စီရဲ့ ဝရမ္းထုတ္ဖမ္းဆီးမႈေၾကာင့္ ေရွာင္တိမ္းေနရတဲ့ လူငယ္ဒါရိုက္တာ သည္ေခတ္ေနကဘီဘီစီကိုေျပာပါတယ္။