fbpx

ပြင်ဦးလွင်စစ်တက္ကသိုလ်DSA စက်ပစ်ကွင်းပြည်သူ ၅၀ နီးပါးအပစ်ခတ်လေ့ကျင့်

စစ်တက္ကသိုလ် စက်ပစ်ကွင်းထဲကို အရပ်ဝတ်နဲ့ ပြည်သူ ၅၀ နီးပါး ဇွန်လ ၂၆ ရက်န့က ကားတွေနဲ့လာပြီး သေနတ်ပစ်လေ့ကျင့်မှုတွေ ပြုလုပ်နေတယ်လို့ စစ်တက္ကသိုလ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းထံကနေ သိရပါတယ်။

မန္တလေးတိုင်း ပြင်ဦးလွင်မှာ စစ်တက္ကသိုလ် DSA စက်ပစ်ကွင်းနဲ့ တပ်မတော်နည်းပညာတက္ကသိုလ် DSTA  စက်ပစ်ကွင်း ၂ ခုရှိပြီး စစ်တက္ကသိုလ်တက်ရောက်နေတဲ့ ဗိုလ်လောင်းတွေပဲ လေ့ကျင့်တဲ့နေရာ ဖြစ်ပါတယ်။ အခုအရပ်သားတွေ လာရောက် လေ့ကျင့်နေတဲ့ စက်ပစ်ကွင်းက တပ်မတော်နည်းပညာတက္ကသိုလ် DSTA  စက်ပစ်ကွင်း ဖြစ်ပါတယ်။

စစ်တက္ကသိုလ် (ပြင်ဦးလွင်)

စကစ ဟာ အန်နယ်ဒီ(NLD) ပါတီအား မတရား အသင်း အဖြစ် ဖျက်သိမ်းဖို့ ကြိုးစားလျက်ရှိတဲ့ အပြင် မြန်မာနိုင်ငံ အနှံ့ အပြားမှာ အဖျက်အမှောက် လုပ်ငန်းများကို ပျူစောထီးများ၊စစ်မှုထမ်းဟောင်းများနှင့် တန်ပြန် အဖျက်အမှောက် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ယခုဖြစ်စဥ်တွင်လည်းအဲဒီစက်ပစ်ကွင်းကို တစ်ခါတစ်ရံ အာဆီယံ သေနတ်ပစ် ပြိုင်ပွဲဝင်တဲ့သူတွေ လာရောက်လေ့ကျင့်လေ့ရှိပေမယ့် အရပ်သားပြည်သူတွေ ဝင်ရောက်လေ့ကျင့်ခွင့်ပြုတဲ့နေရာတွေ မဟုတ်ဘူးလို့ အဲဒီကျောင်းဆင်းတပ်မတော်အရာရှိတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ ပြင်ဦးလွင်ဒေသခံတွေကတော့ အခုလို စစ်တက္ကသိုလ်ထဲက စက်ပစ်ကွင်းတွေမှာ သေနတ်ပစ်လေ့ကျင့်ပေးနေတာက တပ်ထောက်ခံတဲ့သူတွေ စစ်မှုထမ်းဟောင်းတွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို သေနတ်ပေးကိုင်ဖို့အတွက် စစ်ကောင်စီက လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

#Zawgyi

စစ္တကၠသိုလ္ စက္ပစ္ကြင္းထဲကို အရပ္ဝတ္နဲ႔ ျပည္သူ ၅၀ နီးပါး ဇြန္လ ၂၆ ရက္န႔က ကားေတြနဲ႔လာၿပီး ေသနတ္ပစ္ေလ့က်င့္မႈေတြ ျပဳလုပ္ေနတယ္လို႔ စစ္တကၠသိုလ္နဲ႔နီးစပ္တဲ့ အသိုင္းအဝိုင္းထံကေန သိရပါတယ္။

မႏၲေလးတိုင္း ျပင္ဦးလြင္မွာ စစ္တကၠသိုလ္ DSA စက္ပစ္ကြင္းနဲ႔ တပ္မေတာ္နည္းပညာတကၠသိုလ္ DSTA  စက္ပစ္ကြင္း ၂ ခုရွိၿပီး စစ္တကၠသိုလ္တက္ေရာက္ေနတဲ့ ဗိုလ္ေလာင္းေတြပဲ ေလ့က်င့္တဲ့ေနရာ ျဖစ္ပါတယ္။ အခုအရပ္သားေတြ လာေရာက္ ေလ့က်င့္ေနတဲ့ စက္ပစ္ကြင္းက တပ္မေတာ္နည္းပညာတကၠသိုလ္ DSTA  စက္ပစ္ကြင္း ျဖစ္ပါတယ္။

စစ်တက္ကသိုလ် (ပြင်ဦးလွင်)

စကစ ဟာ အန္နယ္ဒီ(NLD) ပါတီအား မတရား အသင္း အျဖစ္ ဖ်က္သိမ္းဖို႔ ႀကိဳးစားလ်က္ရွိတဲ့ အျပင္ ျမန္မာႏိုင္ငံ အႏွံ႔ အျပားမွာ အဖ်က္အေမွာက္ လုပ္ငန္းမ်ားကို ပ်ဴေစာထီးမ်ား၊စစ္မႈထမ္းေဟာင္းမ်ားႏွင့္ တန္ျပန္ အဖ်က္အေမွာက္ လုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိပါတယ္။ ယခုျဖစ္စဥ္တြင္လည္းအဲဒီစက္ပစ္ကြင္းကို တစ္ခါတစ္ရံ အာဆီယံ ေသနတ္ပစ္ ၿပိဳင္ပြဲဝင္တဲ့သူေတြ လာေရာက္ေလ့က်င့္ေလ့ရွိေပမယ့္ အရပ္သားျပည္သူေတြ ဝင္ေရာက္ေလ့က်င့္ခြင့္ျပဳတဲ့ေနရာေတြ မဟုတ္ဘူးလို႔ အဲဒီေက်ာင္းဆင္းတပ္မေတာ္အရာရွိေတြဆီကေန စုံစမ္းသိရွိရပါတယ္။ ျပင္ဦးလြင္ေဒသခံေတြကေတာ့ အခုလို စစ္တကၠသိုလ္ထဲက စက္ပစ္ကြင္းေတြမွာ ေသနတ္ပစ္ေလ့က်င့္ေပးေနတာက တပ္ေထာက္ခံတဲ့သူေတြ စစ္မႈထမ္းေဟာင္းေတြနဲ႔ ပ်ဴေစာထီးအဖြဲ႕ဝင္ေတြကို ေသနတ္ေပးကိုင္ဖို႔အတြက္ စစ္ေကာင္စီက ေလ့က်င့္ေပးေနတာျဖစ္တယ္လို႔ သုံးသပ္ေျပာဆိုေနၾကပါတယ္။