fbpx

PDFစွပ်စွဲခံရတဲ့ဗန်းမော်ဒေသခံလူငယ်အယောက် ၂၀ကို အကြမ်းအရမ်းဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ  ဇွန်လ ၂၂ ရက် ညပိုင်းက ဒေသခံလူငယ် အယောက် ၂၀ လောက်ကို  PDF  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလို့ စွပ်စွဲပြီး စစ်တပ်က အကြမ်းဖက် ဖမ်းဆီးသွားပါတယ်။

မနေ့ည ၉ နာရီကျော်လောက်က ဗန်းမော် ခွန်သာရပ်ကွက်နဲ့ ညောင်ပင်ရပ်အပါအဝင်  ရပ်ကွက်တချို့ကို ကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် လာပြီး ပြည်သူတွေရဲ့  နေအိမ်ထဲ  အတင်းဝင်ရောက်ကာ လူငယ် အယောက် ၂၀ နီးပါးကို အကြမ်းဖက် ဖမ်းဆီးသွားတယ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ကျောင်းသားလူငယ်တွေဖြစ်ကြပြီး  ဗန်းမော်မြို့တွင်းရှိ လက်ဖက်ရည်ဆိုင်တွေ ၊ ရပ်ကွက်တွေမှာ စစ်အုပ်စုက လူငယ်တွေကို အချိန်မရွေး ဖမ်းဆီးနေတာ ကြောင့် မိဘပြည်သူတွေ စိုးရိမ်ပူပန်နေကြပါတယ်။ ဗန်းမော်မှာ ဇွန် ၂၁ ရက် ညကလည်း ပေါက်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ လူငယ်တစ်ယောက်ကို စစ်တပ်က သေနတ်နဲ့ ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးသွားပါတယ်။အခု ဇွန်လအတွင်း ဖမ်းဆီးခံခဲ့ရသူ လူငယ်အယောက် ၃၀ ထက်မနည်းရှိနေပြီး ဘယ်မှာ ဖမ်းဆီး ချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။

#zawgyi

ကခ်င္ျပည္နယ္၊ ဗန္းေမာ္ၿမိဳ႕မွာ  ဇြန္လ ၂၂ ရက္ ညပိုင္းက ေဒသခံလူငယ္ အေယာက္ ၂၀ ေလာက္ကို  PDF  ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြလို႔ စြပ္စြဲၿပီး စစ္တပ္က အၾကမ္းဖက္ ဖမ္းဆီးသြားပါတယ္။

မေန႔ည ၉ နာရီေက်ာ္ေလာက္က ဗန္းေမာ္ ခြန္သာရပ္ကြက္နဲ႔ ေညာင္ပင္ရပ္အပါအဝင္  ရပ္ကြက္တခ်ိဳ႕ကို ၾကမ္းဖက္စစ္ေကာင္စီရဲ႕ လက္နက္ကိုင္ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဝင္ေရာက္ လာၿပီး ျပည္သူေတြရဲ႕  ေနအိမ္ထဲ  အတင္းဝင္ေရာက္ကာ လူငယ္ အေယာက္ ၂၀ နီးပါးကို အၾကမ္းဖက္ ဖမ္းဆီးသြားတယ္တာလို႔ ေဒသခံေတြက ေျပာပါတယ္။

ဖမ္းဆီးခံရသူအမ်ားစုဟာ ေက်ာင္းသားလူငယ္ေတြျဖစ္ၾကၿပီး  ဗန္းေမာ္ၿမိဳ႕တြင္းရွိ လက္ဖက္ရည္ဆိုင္ေတြ ၊ ရပ္ကြက္ေတြမွာ စစ္အုပ္စုက လူငယ္ေတြကို အခ်ိန္မေ႐ြး ဖမ္းဆီးေနတာ ေၾကာင့္ မိဘျပည္သူေတြ စိုးရိမ္ပူပန္ေနၾကပါတယ္။ ဗန္းေမာ္မွာ ဇြန္ ၂၁ ရက္ ညကလည္း ေပါက္ကုန္းရပ္ကြက္ရွိ ေနအိမ္တစ္အိမ္မွာ လူငယ္တစ္ေယာက္ကို စစ္တပ္က ေသနတ္နဲ႔ ပစ္ေဖာက္ၿခိမ္းေျခာက္ၿပီး ဖမ္းဆီးသြားပါတယ္။အခု ဇြန္လအတြင္း ဖမ္းဆီးခံခဲ့ရသူ လူငယ္အေယာက္ ၃၀ ထက္မနည္းရွိေနၿပီး ဘယ္မွာ ဖမ္းဆီး ခ်ဳပ္ေႏွာင္ထားတယ္ဆိုတာ မသိရေသးပါဘူး။