fbpx

ကရင်နီ လှုပ်ရှားနယ်မြေအတွင်း ခွင့်ပြုချက် မတောင်းဘဲ ဝင်လာသည့် စစ်ကောင်စီတပ် နှင့် KNPP တို့ကြား ပစ်ခတ်မှု ဖြစ်ပွား

ကယား(ကရင်နီ)ပြည်နယ်၊ ဖားဆောင်းမြို့နှင့် မော်ချီးဒေသကြားရှိ (၇) မိုင်ကုန်းနှင့် (၆) မိုင်အကြားတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၇) ရက်နေ့ မွန်းလွဲ (၂)နာရီဝန်းကျင်က   KNPP နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲဖြစ်တာက (၆)မိုင် နဲ့ (၇)မိုင် ကြားမှာ ဖာဆောင်း မော်ချီးသွားလမ်းမှာပေါ့။ ဖြစ်စဉ်ကတော့ တပ်ကနေလာတော့ ကျွန်တော်တို စောင့်ရင်းနဲ့ပစ်လိုက်တယ်။ အရမ်းတေ့ာမကြာဘူး (၁၆)မိနစ် လောက်ပဲရှိတယ်။ လက်နက်ငယ် (၁၅) ချက်ကျော်လောက် ပစ်တယ်။ တောင်ကုန်းပေါ်ကနေ ပစ်ချလိုက်တာပေါ့။ သူတိုလမ်းကြောင်းတော့ ဟုတ်ပေမဲ့ ကျွန်တော်တိုကို ခွင့်ပြုချက်တော့ တောင်းရမှာပေါ့နော်။ ခွင့်ပြုချက်မတောင်းဘဲ သူတို ဖားဆောင်းကနေ မော်ချီကို တတ်ဖိုပေါ့လေ။ ခွင့်ပြုချက်တောင်းသင့်တာပေါ့။ အဲဒီလိုမတောင်းဘဲ လာတဲ့အတွက် ကျွန်တော်တိုဖက်က သတိပေးတဲ့အနေနဲ့ ပညာပေးပြီး ပစ်လိုက်တဲ့ သဘောမျိုးပါ။ အဲဒီအနီးနားက ကျေးရွာအချိုကိုမေးကြည့်ချက်အရတော့ သူတို ဒဏ်ရာရတဲ့ (၃) ယောက်လောက်ကို သယ်ပြန်သွားတယ်လို သိရတယ်။ သူတိုတေ့ာ ဖားဆောင်းဖက်ကို လှည့်ပြန်သွားတယ် ”ဟု KNPP မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို အတည်ပြုသည်။

အဆိုပါ နယ်မြေကို ဖြတ်သန်းသွားလာမည်ဆိုပါက KNPP ထံ ခွင့်ပြုချက်တောင်းပြီး ဝင်လာရမည့် သဘောတူညီချက်ရှိထားခြင်းဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီ၏တပ်က သတင်းမပေးဘဲ ဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်တာ ကြားနေရတယ်။ စစ်တပ်ဖက်က မိုင်းထိလို့ဆိုလားပဲ လူနာတွေ နှစ်ယောက် သုံးယောက် သယ်သွားတာတွေ့တယ်။ အခုက ဒီနားက ရွာတွေအကုန်လုံးက လူတွေမရှိတော့ဘူး ။ အကုန်တောထဲမှာ စစ်ရှောင်နေကြပြီ ” ဟု ဒေသခံ တစ်ဦးကပြောသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက် KNPP နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့ကြား တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မေလ (၂၀)ရက်နေ့တွင် ဘောလခဲနှင့် ဖားဆောင်းအကြား KNPP ထိန်းချုပ်နယ်မြေအတွင်း နယ်မြေကျော်ရောက်လာသောကြောင့် တိုက်ပွဲ ပထမအကြိမ် ဖြစ်ပွားခဲ့ပြီး ယခု မေလ ၂၇ ရက်နေ့တွင်ထပ်မံ၍ ဒုတိယအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

#Zawgyi

ကယား(ကရင္နီ)ျပည္နယ္၊ ဖားေဆာင္းၿမိဳ႕ႏွင့္ ေမာ္ခ်ီးေဒသၾကားရွိ (၇) မိုင္ကုန္းႏွင့္ (၆) မိုင္အၾကားတြင္ ၂၀၂၁ ခုႏွစ္၊ ေမလ (၂၇) ရက္ေန႔ မြန္းလြဲ (၂)နာရီဝန္းက်င္က   KNPP ႏွင့္ အာဏာသိမ္းစစ္ေကာင္စီတပ္တို႔ တိုက္ပြဲျဖစ္ပြားခဲ့ပါတယ္။

“တိုက္ပြဲျဖစ္တာက (၆)မိုင္ နဲ႔ (၇)မိုင္ ၾကားမွာ ဖာေဆာင္း ေမာ္ခ်ီးသြားလမ္းမွာေပါ့။ ျဖစ္စဥ္ကေတာ့ တပ္ကေနလာေတာ့ ကြၽန္ေတာ္တို ေစာင့္ရင္းနဲ႔ပစ္လိုက္တယ္။ အရမ္းေတ့ာမၾကာဘူး (၁၆)မိနစ္ ေလာက္ပဲရွိတယ္။ လက္နက္ငယ္ (၁၅) ခ်က္ေက်ာ္ေလာက္ ပစ္တယ္။ ေတာင္ကုန္းေပၚကေန ပစ္ခ်လိုက္တာေပါ့။ သူတိုလမ္းေၾကာင္းေတာ့ ဟုတ္ေပမဲ့ ကြၽန္ေတာ္တိုကို ခြင့္ျပဳခ်က္ေတာ့ ေတာင္းရမွာေပါ့ေနာ္။ ခြင့္ျပဳခ်က္မေတာင္းဘဲ သူတို ဖားေဆာင္းကေန ေမာ္ခ်ီကို တတ္ဖိုေပါ့ေလ။ ခြင့္ျပဳခ်က္ေတာင္းသင့္တာေပါ့။ အဲဒီလိုမေတာင္းဘဲ လာတဲ့အတြက္ ကြၽန္ေတာ္တိုဖက္က သတိေပးတဲ့အေနနဲ႔ ပညာေပးၿပီး ပစ္လိုက္တဲ့ သေဘာမ်ိဳးပါ။ အဲဒီအနီးနားက ေက်း႐ြာအခ်ိဳကိုေမးၾကည့္ခ်က္အရေတာ့ သူတို ဒဏ္ရာရတဲ့ (၃) ေယာက္ေလာက္ကို သယ္ျပန္သြားတယ္လို သိရတယ္။ သူတိုေတ့ာ ဖားေဆာင္းဖက္ကို လွည့္ျပန္သြားတယ္ ”ဟု KNPP မွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို အတည္ျပဳသည္။

အဆိုပါ နယ္ေျမကို ျဖတ္သန္းသြားလာမည္ဆိုပါက KNPP ထံ ခြင့္ျပဳခ်က္ေတာင္းၿပီး ဝင္လာရမည့္ သေဘာတူညီခ်က္ရွိထားျခင္းျဖစ္ေသာ္လည္း အာဏာသိမ္းစစ္ေကာင္စီ၏တပ္က သတင္းမေပးဘဲ ဝင္လာျခင္းျဖစ္ေၾကာင္း သိရသည္။

“တိုက္ပြဲ ျဖစ္တာ ၾကားေနရတယ္။ စစ္တပ္ဖက္က မိုင္းထိလို႔ဆိုလားပဲ လူနာေတြ ႏွစ္ေယာက္ သုံးေယာက္ သယ္သြားတာေတြ႕တယ္။ အခုက ဒီနားက ႐ြာေတြအကုန္လုံးက လူေတြမရွိေတာ့ဘူး ။ အကုန္ေတာထဲမွာ စစ္ေရွာင္ေနၾကၿပီ ” ဟု ေဒသခံ တစ္ဦးကေျပာသည္။

စစ္တပ္မွအာဏာသိမ္းၿပီးေနာက္ KNPP ႏွင့္ အာဏာသိမ္းစစ္ေကာင္စီ၏တပ္တို႔ၾကား တိုက္ပြဲ (၂)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့သည့္ ေမလ (၂၀)ရက္ေန႔တြင္ ေဘာလခဲႏွင့္ ဖားေဆာင္းအၾကား KNPP ထိန္းခ်ဳပ္နယ္ေျမအတြင္း နယ္ေျမေက်ာ္ေရာက္လာေသာေၾကာင့္ တိုက္ပြဲ ပထမအႀကိမ္ ျဖစ္ပြားခဲ့ၿပီး ယခု ေမလ ၂၇ ရက္ေန႔တြင္ထပ္မံ၍ ဒုတိယအႀကိမ္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။