fbpx

ရခိုင်ပြည် စစ်ဘေးရှောင် စခန်းများတွင် ကလေးငယ်အများအပြားအရေပြားရောဂါဖြစ်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းအပါအဝင် အနီးအနားရှိ စစ်ဘေးရှောင်စခန်းမှာ နေထိုင်နေကြတဲ့ ကလေးတွေမှာ အခုရက်ပိုင်းအတွင်း အရေပြားမှာ ယားနာတွေဟာ ခန္ဒာကိုယ်အနှံ့ ဖြစ်နေကြတယ်လို့ သိရပါတယ်။ကလေးတွေမှာ အရေပြားရောဂါဖြစ်ပွားတာဟာ အခုရက်ပိုင်းအတွင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ ရေကြီးကာ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ ရေသန့်ရှင်းမှု မရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

ရခိုင်ပြည် စစ်ဘေးရှောင်

“ကျနော်တို့ဆီကို အကြောင်းကြားလာကတော့ ကျောက်တော်မြို့နယ် ကန်စောက်စစ်ဘေးရှောင်စခန်းပေါ့။ အဲဒီမှာ ကလေး ၁၀ ယောက်လောက်က အရေပြားမှာ ယားနာတွေ ပေါက်တာပေါ့၊ အများကြီးပဲပေါက်တယ်၊ တချို့ကလေးတွေမှာ အနည်းငယ်ပေါက်နေတဲ့သူတွေလည်းရှိတယ်လို့ ပြောကြပါတယ်၊ နောက်ပြီး တခြားအနီးအနားစခန်းတွေမှာလည်းပဲ အရေပြားရောဂါ အသေးစားလေးတွေ ဖြစ်နေတယ်လို့ သိရတယ်။ ကျွန်နော်တို့ ဘာကြောင့်ဖြစ်တယ်မှန်းတော့ တိတိကျကျမသိနိုင်သေးပါဘူး၊ ဒါပေမဲ့လည်း ဖြစ်နိုင်ခြေရှိတာတွေကတော့ ဒီရက်ပိုင်းတွေမှာမိုးကြီးပြီးတော့ ရေပြည့်တာ၊ နောက်အဲဒါတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းတာ၊ ရေမသန့်ရှင်းမှုတွေဖြစ်တာ ဒါတွေနဲ့ဆက်စပ်နိုင်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ အရေပြားရောဂါဖြစ်ပွားနေတဲ့ စစ်ဘေးရှောင်စခန်းက ကလေးတွေကို နီးစပ်ရာကျေးလက်ကျန်းမာရေးဌာနတွေက လာရောက်ကာ ဆေးကုသမှုတွေပေးနေတယ်လို့လည်း ဆိုပါတယ်။ဒီရက်ပိုင်း အတွင်းမှာလည်းမြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုးများနှင့်အတူ အစုလိုက်အပြုံလိုက် တွေ့ရှိမှုများကြောင့် ကိုဗစ်ဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရ သည်။

#Zawgyi

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္စစ္ေဘးေရွာင္စခန္းအပါအဝင္ အနီးအနားရွိ စစ္ေဘးေရွာင္စခန္းမွာ ေနထိုင္ေနၾကတဲ့ ကေလးေတြမွာ အခုရက္ပိုင္းအတြင္း အေရျပားမွာ ယားနာေတြဟာ ခႏၵာကိုယ္အႏွံ႔ ျဖစ္ေနၾကတယ္လို႔ သိရပါတယ္။ကေလးေတြမွာ အေရျပားေရာဂါျဖစ္ပြားတာဟာ အခုရက္ပိုင္းအတြင္းမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ စစ္ေဘးေရွာင္စခန္းေတြမွာ ေရႀကီးကာ ပတ္ဝန္းက်င္ညစ္ညမ္းမႈေတြနဲ႔ ေရသန႔္ရွင္းမႈ မရွိတာေတြေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံးရဲ႕ အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔ဆီကို အေၾကာင္းၾကားလာကေတာ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္စစ္ေဘးေရွာင္စခန္းေပါ့။ အဲဒီမွာ ကေလး ၁၀ ေယာက္ေလာက္က အေရျပားမွာ ယားနာေတြ ေပါက္တာေပါ့၊ အမ်ားႀကီးပဲေပါက္တယ္၊ တခ်ိဳ႕ကေလးေတြမွာ အနည္းငယ္ေပါက္ေနတဲ့သူေတြလည္းရွိတယ္လို႔ ေျပာၾကပါတယ္၊ ေနာက္ၿပီး တျခားအနီးအနားစခန္းေတြမွာလည္းပဲ အေရျပားေရာဂါ အေသးစားေလးေတြ ျဖစ္ေနတယ္လို႔ သိရတယ္။ ကြၽန္ေနာ္တို႔ ဘာေၾကာင့္ျဖစ္တယ္မွန္းေတာ့ တိတိက်က်မသိႏိုင္ေသးပါဘူး၊ ဒါေပမဲ့လည္း ျဖစ္ႏိုင္ေျခရွိတာေတြကေတာ့ ဒီရက္ပိုင္းေတြမွာမိုးႀကီးၿပီးေတာ့ ေရျပည့္တာ၊ ေနာက္အဲဒါေတြေၾကာင့္ ပတ္ဝန္းက်င္ညစ္ညမ္းတာ၊ ေရမသန႔္ရွင္းမႈေတြျဖစ္တာ ဒါေတြနဲ႔ဆက္စပ္ႏိုင္ပါတယ္” လို႔ ေျပာပါတယ္။

အဆိုပါ အေရျပားေရာဂါျဖစ္ပြားေနတဲ့ စစ္ေဘးေရွာင္စခန္းက ကေလးေတြကို နီးစပ္ရာေက်းလက္က်န္းမာေရးဌာနေတြက လာေရာက္ကာ ေဆးကုသမႈေတြေပးေနတယ္လို႔လည္း ဆိုပါတယ္။ျဒီရက္ပိုင္း အတြင္းမွာလည္မန္မာႏိုင္ငံတြင္ ကူးစက္ျမန္ ကိုဗစ္ ဗီဇေျပာင္းပိုးမ်ားႏွင့္အတူ အစုလိုက္အၿပဳံလိုက္ ေတြ႕ရွိမႈမ်ားေၾကာင့္ ကိုဗစ္ျဖစ္ပြားႏႈန္း သိသိသာသာ ျမင့္တက္လာျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီ လက္ေအာက္ရွိ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက သိရ သည္။