fbpx

မွေးနေ့အလှူအဖြစ် အဟာရအလှူဒါနလေး ပြုလုပ်ခဲ့တဲ့ ဆီနွန်

ပရိသတ်ကြီးရေ ဆီနွန်ကတော့ ဖိလစ်ပိုင်နိုင်ငံသား တစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်တွေက

မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေ လာရောက်လုပ်ကိုင်ခဲ့ကာ မြန်မာပရိသတ်တွေရဲ့

အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

အလှူအတန်းတွေကို ရက်ရောစွာလုပ်ကိုင်တတ်တဲ့ ဆီနွန်ရဲ့ အကျင့်လေးကတော့

မြန်မာပရိသတ်တွေရဲ့ကြားမှာ ပြောစရာတစ်ခုလိုကို ထင်ကျန်နေခဲ့တာပါ။

ဆီနွန်ကလည်း မြန်မာလူမျိုးတွေရဲ့ ရိုးသားပွင့်လင်း နွေးထွေးစွာဆက်ဆံတာကြောင့်

မြန်မာနိုင်ငံကို သူရဲ့ မိခင်နိုင်ငံလိုတောင် ချစ်ခင်နေခဲ့တာပါ။

လက်ရှိမှာတော့ ဆီနွန်ကလည်း သူ့ရဲ့ နိုင်င့ကိုပြန်လည် ရောက်ရှိနေခဲ့ပြီး

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂ ရက်နေ့လေးကတော့ ဆီနွန်ရဲ့ အသက် ၃၃ နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်လေး ကျရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရှိမနေတာတောင် မြန်မာနိုင်ငံပေါ်မှာ သံယောဇဉ်ရှိလှတဲ့ ဆီနွန်ကို မြန်မာနိုင်ငံမှာရှိတဲ့

သူ့ရဲ့ ပရိသတ်တွေက မွေးနေ့အလှူလေးအနေနဲ့ အဟာရဒါန အလှူလေးတစ်ခု ပြုလုပ်ပေးခဲ့ကြပါတယ်။

ပရိသတ်ကြီးရေ ဆီနွန်ကလည်း အခုလို သူ့ရဲ့မွေးနေ့အထိမ်းအမှတ် အလှူလေး

ပြုလုပ်ပေးတာကြောင့် ကျေးဇူးတင်ကြောင်းနဲ့ သူ့ရဲ့ပရိသတ်တွေနဲ့ မြန်မာနိုင်ငံကိုလည်း

အရမ်းချစ်ကြောင်းလေးကိုပါ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပြန်လည်ပြီးတော့မျှဝေ ဖော်ပြထားခဲ့ပါတယ်။ – Unicode

ပရိသတ္ႀကီးေရ ဆီႏြန္ကေတာ့ ဖိလစ္ပိုင္နိုင္ငံသား တစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္ေတြက

ျမန္မာနိုင္ငံမွာ အႏုပညာအလုပ္ေတြ လာေရာက္လုပ္ကိုင္ခဲ့ကာ ျမန္မာပရိသတ္ေတြရဲ့

အားေပးခ်စ္ခင္မႈကို ရရွိခဲ့တဲ့ သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

အလႉအတန္းေတြကို ရက္ေရာစြာလုပ္ကိုင္တတ္တဲ့ ဆီႏြန္ရဲ့ အက်င့္ေလးကေတာ့

ျမန္မာပရိသတ္ေတြရဲ့ၾကားမွာ ေျပာစရာတစ္ခုလိုကို ထင္က်န္ေနခဲ့တာပါ။

ဆီႏြန္ကလည္း ျမန္မာလူမ်ိဳးေတြရဲ့ ရိုးသားပြင့္လင္း ေႏြးေထြးစြာဆက္ဆံတာေၾကာင့္

ျမန္မာနိုင္ငံကို သူရဲ့ မိခင္နိုင္ငံလိုေတာင္ ခ်စ္ခင္ေနခဲ့တာပါ။

လက္ရွိမွာေတာ့ ဆီႏြန္ကလည္း သူ႔ရဲ့ နိုင္င့ကိုျပန္လည္ ေရာက္ရွိေနခဲ့ၿပီး

ၿပီးခဲ့တဲ့ နိုဝင္ဘာလ ၂ ရက္ေန႔ေလးကေတာ့ ဆီႏြန္ရဲ့ အသက္ ၃၃ ႏွစ္ျပည့္ေျမာက္တဲ့ ေမြးေန႔ရက္ေလး က်ေရာက္ခဲ့ပါတယ္။

ျမန္မာနိုင္ငံမွာ ရွိမေနတာေတာင္ ျမန္မာနိုင္ငံေပၚမွာ သံေယာဇဥ္ရွိလွတဲ့ ဆီႏြန္ကို ျမန္မာနိုင္ငံမွာရွိတဲ့

သူ႔ရဲ့ ပရိသတ္ေတြက ေမြးေန႔အလႉေလးအေနနဲ႔ အဟာရဒါန အလႉေလးတစ္ခု ျပဳလုပ္ေပးခဲ့ၾကပါတယ္။

ပရိသတ္ႀကီးေရ ဆီႏြန္ကလည္း အခုလို သူ႔ရဲ့ေမြးေန႔အထိမ္းအမွတ္ အလႉေလး

ျပဳလုပ္ေပးတာေၾကာင့္ ေက်းဇူးတင္ေၾကာင္းနဲ႔ သူ႔ရဲ့ပရိသတ္ေတြနဲ႔ ျမန္မာနိုင္ငံကိုလည္း

အရမ္းခ်စ္ေၾကာင္းေလးကိုပါ သူ႔ရဲ့လူမႈကြန္ရက္စာမ်က္ႏွာကေန ျပန္လည္ၿပီးေတာ့မၽွေဝ ေဖာ္ျပထားခဲ့ပါတယ္။ – Zawgyi