fbpx

ပြိုင်ချင်တာ ပြိုင် အောက်တန်းကျတာချင်းတော့မပြိုင်နဲ့လို့ ဆိုလိုက်တဲ့ အဆိုတော် ဆောင်းဦးလှိုင်

အဆိုတော်ဆောင်းဦးလှိုင်က သူ့ဖေ့ဘွတ်အကောင့်မှအခုလိုရေးသားထောက်ပြလာခဲ့ပါတယ်။ (“ဘောလုံးပွဲကြိုက်ကြတယ်မဟုတ်လား?) ကိုယ့်အသင်းနိုင်စေချင်ရင်ကိုယ့်အသင်းကိုကောင်းအောင် တည်ဆောက်ကြပါ။ ကစားသမားကောင်းတွေရွေး၊ အု.ပ်ချုပ်သူနည်းပြကောင်းတွေရွေး၊ အသင်းခေါင်းဆောင်အကောင်းဆုံးတွေရွေး၊

 

ကြိုးစား၊လေ့ကျင့်တည်ဆော.က်၊အပင်ပ.န်းခံနိုင်အောင်သက်လုံကော.င်းအောင်၊မှန်မှန်ကန်ကန်လုပ်ကြပါ။(လူရွေးတာမမှန်ရင်လည်းဘယ်လိုမှမအောင်မြင်နိုင်ဘူး) ဆိုရှယ်မီဒီယာကအာလူးကိစ္စတွေမှာသာယာမနေကြနဲ့။ တဖက်အသင်းကအဆ.င့်မရှိအတ.န်းမရှိ၊ယု.တ်မာ၊ လူချ ၊ဒိုင်လူကြီးလာ.ဘ်ထိုး၊ အောက်တန်းကျတိုင်း

ကိုယ့်ဘက်ကပြန်ပြီအောက်တန်းစားတွေ အောက်တန်းကျတဲ့နည်းတွေအသုံးမပြုကြနဲ့။ အောက်တန်းအကျချင်းပြိုင်နေရင်ဘာမှအကျိုးမရှိနိုင်ပါဘူး။ ကျွန်တော်တို့ကတော့ကိုယ့်အသင်းကမ္ဘာ့အဆင့်တက်လှမ်းတာမျိုးမြင်ချင်စိတ်၊ အားပေးချင်စိတ်ကြောင့်လားမသိကိုယ့်အသင်းထဲအောက်တန်းကျသူတွေပါလာရင်

စိတ်ပျက်မိသလို၊တဖက်ကအသင်းသိပ်အောက်တန်းကျလွန်းတာဟာသူ့‌သေတွင်း သူတူး၊ သူ့တရားသူ့ပြန်စီရင်မှာသေချာတယ်လို့ယုံကြည်လျက်။ ဆောင်းဦးလှိုင် ၁၁.၁၁.၂၀၂၁၊ ဆိုပြီးရေးသားထားခဲ့တာပဲဖြစ်ပါတယ်နော်။

မြန်မာပြည်ကြီးလဲအမြန်ဆုံးငြိမ်းချမ်းပြီးဖတ်ရှု့ပေးကြတဲ့ မြန်မာပြည်သူ/သားများအားလုံးစစ်အာဏာရှင်လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

ခရက်ဒစ် SAI

Zawgyi Version

ပြိုင်ချင်တာ ပြိုင် အောက်တန်းကျတာချင်းတော့မပြိုင်နဲ့ ဘယ်တော့မှ အကျိုးမရှိဘူးလို့ ဆိုလိုက်တဲ့ အဆိုတော် ဆောင်းဦးလှိုင်




