fbpx

အဆိုတော် အီတိုးကို ဖောက်ခွဲရေးလုပ်ငန်းနှင့်ဆက်စပ်ဖမ်းဆီးဟု စစ်ကောင်စီ စွပ်စွဲထုတ်ပြန်

စက်တင်ဘာ ၅ ရက်နေ့က တောင်ဥက္ကလာပမြိုနယ်မှာ ကားတစီးကို စစ်ဆေးရင်း အတွင်းမှ အပြာရောင် PVC ပိုက်၊ Keypad ဖုန်းတိုနဲ့ ချိတ်ဆက်ပြုလုပ်ထားတဲ့ လက်လုပ် ချိန်ကိုက်မိုင်း ၄ လုံးကို သိမ်းဆည်းရမိတယ်လို ဆိုပါတယ်။

အဲဒီ ကားနဲ့အတူ ကိုကျော်ကိုလင်း (ခ)AJ နဲ့ စိုင်းပိုင်စိုးနောင်(ခ)မာဝီ တိုကို ဖမ်းဆီးခဲ့ပြီး ကိုကျော်ကိုလင်းရဲ့ ထွက်ဆိုချက်အရ စက်တင်ဘာ ၈ ရက်က မရမ်းကုန်းမြိုနယ်က အိမ်တလုံးကို ဝင်ရောက်ရှာဖွေရာမှာ ကိုဝင်းကိုအောင်၊ ဦးထင်ကျော်နဲ့ မအိဖြူတိုကို ဆက်လက်ဖမ်းဆီးတယ်လို သတင်းစာမှာရေးပါတယ်။ သူတိုဆီကနေ ၉ မမ ကျည် ၇ တောင့်၊ ပွိင့်-၂၂ ကျည် ၇ တောင့်၊ လက်ပစ်ဗုံး ဖြူ(စ်) ၁ ခု၊ တခြား ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိတယ်လို ဆိုပါတယ်။




သူတိုတွေထွက်ဆိုချက်အရ အီတိုး(ခ) ဝင်းထွဋ်သော်တာကို ဖမ်းဆီးတာဖြစ်ကြောင်း အီတိုးဟာ မေလတုန်းက TNLA အဖွဲဆီမှာ ဖောက်ခွဲရေးသင်တန်းတက်မယ့်သူ ၄ ယောက်ကို သူ့ကားနဲ့ ပြင်ဦးလွင် – နောင်ချိုကတဆင့် မိုးကုတ်သွား ကားလမ်းပေါ်က ပလောင်ရွာကို ပိုဆောင် ပေးခဲ့ကြောင်းလည်း သတင်းစာမှာ ဖော်ပြပါတယ်။

ပြီးတော့ မေလထဲမှာပဲ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော်ဆီကတဆင့် Signal ကနေ စာတွေ ပေးပိုတယ်လိုလည်း ဆိုပါတယ်။




ကိုကျော်ကိုလင်း (ခ) AJ၊ စိုင်းပိုင်စိုးနောင် (ခ) မာဝီ၊ မအိဖြူနဲ့ ကိုဝင်းကိုအောင်တိုကို ဖောက်ခွဲရေး သင်တန်း တက်ရောက်ပြီး ဖောက်ခွဲဖို ကြိုးစားတာတွေရှိတယ်လို အကြမ်းဖက် စစ်တပ်က စွပ်စွဲ ထုတ်ပြန်ထားပြီး ဦးထင်ကျော်ကတော့ ABSDF မှာ ပြန်ကြားရေးတာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ တယ်လိုလည်း ဆိုပါတယ်။

ဒါ့အပြင် ဇာနည်(ခ) စောဇာနည်အောင်၊ မေရီယန်၊ အောင်မြင့်မြတ်(ခ) ကဗျာ ၊ သန့်ဇင် (ခ) ကျွဲကြီး၊၊ ထက်ဝေယံမင်းလွင်(ခ)ရိုးရိုး၊ ထားထက်ထက်၊ နေရွှန်းကို(ခ) James၊ တိုင်ရွန်နဲ့ အောင်ရဲ(ခ)ပိုးဥတိုကို ဖမ်းဖို ကျန်သေးတယ်လိုလည်း စစ်ကောင်စီပြန်ကြားရေးသတင်းစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီမီဒီယာတွေမှာ ရေးသားဖော်ပြချက်တွေ မှန်ကန်မှုရှိ၊ မရှိ ဒီဗွီဘီက သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို အဆိုတော် အီတိုးအပါအဝင် ဖမ်းဆီးခံ လူငယ်တွေအနေနဲ့လည်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို ပြန်လည်တုံပြန်ချေပပြောဆိုခွင့် မရရှိပါဘူး။