fbpx

လူသိပ်မသိတဲ့ လက်သန့်ဆေးရည်ရဲ့ကြီးမားတဲ့ ဆိုးကျိုး (၆)ချက်။

💢ကမ္ဘာ့ကပ်ရောဂါ💢အသွင် နေရာ တလွှားပြန့်ပွား
နေချိန်မှာ ကျွန်တော် တို့ဟာ မိမိ ကိုယ်တိုင် သာမက
မိမိ ချစ်တဲ့မိသားစု၊
မိမိ ချစ်တဲ့ ပတ်ဝန်းကျင် ကိုပါကာကွယ်ရန်အတွက်
🖖🖖💦💦လက်ကို ခဏခဏ ဆေးကြရပါတယ်။
အချိန်တိုင်းလိုလို သန့်ရှင်းနေဖို့အတွက်
လက်ကိုမကြာခဏ ဆေးကြောဖို့လိုအပ်ပါတယ်။ အကယ်၍!!!
သင်သာ လက်သန့်ဆေးရည်ကို
နေ့စဉ် အသုံးပြုသူ ဆိုရင်
လက်သန့်ဆေးရည်တွေက သင့်ကျန်းမာရေးကို
သင်မသိလိုက်ခင်မှာပဲ ဘယ်လိုဆိုးကျိုးတွေ မထင်ထားလောက်အောင် ဖြစ်ပေါ်စေမှာလဲကို မဖြစ်မနေသိထားသင့်ပါတယ်။🤒🤒🤒
ဒီကနေ့မှာတော့
သင့်ရဲ့ခန္ဓာကိုယ်အပြင် ကျန်းမာရေး စနစ်တခုလုံး ကို လက်သန့်ဆေးရည်တွေက
ဘယ်လို Side_Effect‌သက်ရောက်‌‌ေနလဲဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ်

နှင်းခူရောဂါအန္တရာယ်တိုးပွားစေနိုင်သည်

Covidvirus ပြန့်ပွားမှုကိုကာကွယ်ရန် လက် ဖြင့် ဆပ်ပြာ ကိုမကြာခဏဆေးကြောပါ။ အကယ်၍ရေ နှင့် ဆပ်ပြာ ကိုမရရှိဘူးဆိုပါကအနည်းဆုံးအရက်ပျံ (၆၀) ရာခိုင်နှုန်းပါသော လက်သန့်ဆေးဖြင့် အနည်းဆုံး စက္ကန့်(၂၀) ဆေးကြောသန့်စင်ရန် CDC (Disease Control and Prevention Centers https://www.cdc.gov/)ညွှန်ကြားထားပါသည်။နေ့စဉ် နေ့တိုင်း လက်သန့်ဆေးရည်ဖြင့် သန့်ရှင်းရေး ပြုလုပ်ပါကရေရှည်တွင် အရေပြားပေါ်တွင် နီခြင်း | ခြောက်ခြင်း | အက်ခြင်းများနှင့် ယားယံခြင်းအပြင် တခါတရံ တွင်အရည်ကြည်ဖုများပါ တွေ့ရလေ့ရှိသည်။

အရေးပြားကိုပျက်စီးစေနိုင်သည်

အရေးပြားသန့်ရှင်းရေးအတွက် ဖော်ဆက်ထားသော လက်သန့်ဆေးရည်များသည် ပိုးသတ်ဆေးပါဝင်သော ထုတ်ကုန်များဖြစ်ကြသည်။
အရက်ပျံ ပါဝင်သောလက်သန့်ဆေးရည်များသည်
အရေပြားပါ်ရှိ ဘတ်တီးရီးယား များပါမက
အရေပြားဆဲလ်များကိုပါ သေစေကာ
လက်ခြောက်သွေ့ခြင်းကို ဖြစ်ပေါ်စေသည်။
လက်များကိုဆေးကြောသန့်စင်ရန်အကောင်းဆုံးနည်းလမ်းမှာ ရေသန့် နှင့် ဆပ်ပြာကို အသုံးပြု၍ စက္ကန့်(၂၀)ကြာဆေးကြောခြင်းဖြစ်သည်။
သို့သော်
ရေ နှင့် ဆပ်ပြာကို လက်လှမ်းမမှီသည့်အခါ
လက်သန့်ဆေးရည်ကို မကြာခဏ သုံးစွဲရသည့်
အခြေနေမျိုးတွင် အရေပြားခြောက်သွေ့မှု ကိုကာကွယ်ရန် လက်ကိုအစိုဓာတ် အမြဲထိန်းသိမ်းသင့်သည်။

မျိုးပွားမှုကိုအကျိုးသက်ရောက်စေသည်

အရက် အဲကိုဟော(၆၀) ရာခိုင်နှုန်းမှ(၉၀) ရာခိုင်နှုန်းအထိပါဝင်သော လက်သန့်ဆေးရည်များသည်ပိုးသတ်ဆေးဂုဏ်သတ္တိပါဝင်တဲ့ (ethyl alcohol) ဖြင့်ဖွဲ့စည်းထားကြောင်း ဇီဝကမ္ဗဗေဒ နှင့် အာရုံကြောပါရဂူ နှင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ လက်တွေ့တွဲဖက် ပါမ္ခော ဒေါက်တာ ခရစ်(Norris)ကပြောကြားသည်။ပြီးတော့ဒေါက်တာ (Norris) က
အဲကိုဟော မပါသော တခြားလက်သန့်ဆေးရည်တွေမှာတော့ ခန္ဓာကိုယ် မျိုးပွားမှုကိုထိခိုက်နိုင်တဲ့(triclosan or triclcarban)ခေါ်တဲ့ဇီဝဒြပ်ပေါင်းတွေပါဝင်ပါတယ်။
(triclosan) သည်ကျန်းမာရေးအတွက် ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်ဟု သုတေသန လေ့လာမှုများစွာက ပေါ်ပြခဲ့သည်။

ကျန်းမာရေး စနစ် တခုလုံးအားအကျိုးသက်ရောက်မှုရှိခြင်း

အဲကိုဟော မပါဝင်သော အခြား လက်သန့်ဆေးရည်များတွင် အဲကိုဟော အစား (Triclosan) ဆိုသည့် ဓာတုဓာတ်ပေါင်း တစ်မျိူးပါဝင်သည်။
(triclosan)သည် ဘတ်တီးရီးယား ပိုးမွှားများအား
ရောဂါတိုက်ဖျက်နိုင်စွမ်းကို လိုက်လျောညီထွေ
ဖြစ်စေပြီး ဆေးယဉ်ပါးမှုကို ပိုမိုဖြစ်စေသည်။
ဟော်မုန်းဆိုင်ရာ ပြသာနာများ |
ကိုယ်ခံအားစနစ်ကိုဆိုးကျိုးများသက်‌ေရာက်စေခြင်း၊စသည်တို့သည်လည်း (triclosan)၏
ထင်ရှားသောဆိုးကျိုးများဖြစ်ကြသည်။

ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကိုအကျိုးသက်ရောက်‌စေနိုင်သည်

ယနေ့ခေတ်တွင် အမွှေးနံ့သာများပါဝင်သည့်
လက်သန့်ဆေးရည်များသည် ခေတ်စားလျက်ရှိသည်။များသောအားဖြင့် လှပ သေသပ် သောဒီဇိုင်းရှိသည့်လက်သန့်ဆေးရည်များတွင် လူကြိုက်များစေရေး အတွက် အမွှေးနံ့သာများကိုထည့်ကြသည်။ထိုအမွှေးနံ့သာများတွင်
¶ဟော်မုန်းများ၏လည်ပတ်မှု ၊
¶မျိုးပွားမူ၊
လူ့ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှု တို့ကို
ဆိုးကျိုးမျာသက်ရောက်စေနိုင်သည့်
“ဖော့တာ” နှင့် “ပါရာဘင်” စသည့်အဆိပ်ဖြစ်စေသောဓာတုပစ္စည်းများ ပါဝင်သည်။
တတ်နိုင်သမျှ လက်သန့်ဆေးရည်အသုံးပြုခြင်းကိုလျော့ချရမည်ဖြစ်သည်။

အယ်ကိုဟော် အဆိပ်သင့်ခြင်း

လက်သန့်ဆေးရည်များတွင် အဲကိုဟောအရက်အလွန်အကျွံပါဝင်သောကြောင့် ဆရာဝန်များ အနေဖြင့် အဲကိုဟော အဆိပ်သင့်ခြင်းကိုအထူးသတိပေးကြသည်။လက်သန့်ဆေးရည်ကိုအထူးအလွယ်တကူရရှိနိုင်သည့်အတွက်ကမ္ဘာတဝန်းလုံး ကလေးငယ်များ | ဆယ်ကျော်သက်များ အဲကိုကော အဆိပ်သင့်မှုဖြင့်ဆေးရုံတင်ရတဲ့ ကိစ္စတွေအများကြီးရှိခဲ့ပါတယ်။

ကဲ!!!! ဒီလောက်ဆိုရင်တော့လက်သန့်ဆေးရည်အသုံးပြုခြင်းရဲ့ ဆိုးကျိုးတွေသိရှိပြီးပြီဖြစ်တာကြောင့်ဆောင်ရန်/ရှောင်ရန်လေးတွေကို သတိပြုပြီးအသုံးပြုစေလိုပါတယ်နော်။ကျေးဇူးပါ။