fbpx

ဆန္ဒပြတဲ့သူတွေ အဖမ်းခံရရင် အချိန်မဆိုင်း လုပ်သင့်သော အရာများ

ဖမ်းခံရပြီဆိုပါကအရင်ဆုံး သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမြန်ဆုံးသွားစုံစမ်းသင့်ပါတယ်။အကယ်၍ ၄င်းနယ်မြေရဲစခန်း မှာတွေ့ရှိပါက အုပ်ထိန်းသူ သို့မဟုတ် တာဝန်ရှိလူကြီးဖြင့် ခံဝန်နဲ့ ထုတ်ရအောင်ကြိုးစားကြည့်ပါ။
(နယ်မြေရဲစခန်းမှာရှိတုန်းဆို ပိုလွယ်ကူပါတယ်)

ရန်ကုန်ဘက်နဲ့ပတ်သက်ပြီး ယခုလက်ရှိသိရသလောက်ကတော့ ရဲစခန်းမှတဆင့် ရွှေပြည်သာ စစ်ကြောရေးသို့ ပို့ပေးလေ့ရှိပြီး စစ်ကြောရေးတွင် ၂/၃ ရက်ခန့်ထားလေ့ရှိပါသည်။
ပြစ်မှုရှာမရပါက စစ်ကြောရေးမှ ပြန်လွှတ်ပေးပြီး ပြစ်မှုရှာရသူများကိုတော့ ပုဒ်မတပ်ပြီး အင်းစိန်ထောင်သို့ လွှဲပြောင်းပေးပါသည်။
အင်းစိန်ထောင်သို့ ရောက်/မရောက်သိချင်ပါက အင်းစိန်ထောင်တွင် မနက် ၇နာရီကနေ ညနေ ၂ အထိ (Sunday မပါ) လိုအပ်တဲ့အဝတ်အစား ပစ္စည်းတွေ ပို့လို့ရပါတယ်။
အဆိုပါပစ္စည်းတွေကို နာမည်၊ အဘအမည်၊ ဖမ်းဆီးခံရသည့်နယ်မြေ ၊ မှတ်ပုံတင်အမှတ် တို့နှင့်အတူ ဂိတ်မှပေးပို့ကြည့်ပါ။
အကယ်၍ ဖမ်းဆီးခံရသူသည် အင်းစိန်ထောင်မှာမရှိပါက ပေးပို့သူကိုဖုန်းဆက်၍ ပစ္စည်းများပြန်လည်လာယူဖို့ပြောပါလိမ့်မည်။

***ပစ္စည်းပြန်လာယူဖို့ အကြောင်းမကြားပါက အင်းစိန်မှာရှိတာသေချာသလောက်ရှိပါသည်။***

စခန်းမှာလဲမရှိ အင်းစိန်ထောင်မှာလဲ မရှိရင်တော့ ICRC ကို ဆက်သွယ်အကူညီတောင်းလို့ရပါတယ်။ICRC 👉 https://www.facebook.com/556205151188771/posts/2075512312591373/?d=n

ထို့ပြင် တစ်ဖက်တစ်လမ်းမှ အကူညီရစေရန် FACEBOOK မှာ အဖမ်းခံရသူ၏ details နဲ့ ဖမ်းဆီးခံနေရာပါ ဖော်ပြပြီး တင်ပေးထားပါ။(post မှာ ph no မထည့်ပါနဲ့ ကြားထဲကနေလိမ်လည်မှုများဖြစ်ပေါ်တတ်လို့ပါ ❗️)

🚨ဥပဒေရေးရာနဲ့ ပတ်သက်၍ အကြံဉာဏ်များ သို့မဟုတ် အကူညီများ လိုအပ်ပါက                Echo Of Myanmar ကို ဆက်သွယ်လို့ရပါတယ်။
အခမဲ့ကူညီပေးသွားမှာပါခင်ဗျာ…

Contact Number+959 448536610, +959 457411838, +959 695348849 +959 973813330, +959 758712805, +959 781831313,
(9:00 A.M to 9:00 P.M ထိ ဖုန်းဆက်လို့ရပါတယ်)