fbpx

ရွှေကူမြို့နယ်က သစ်မာတန်ချိန် ၅၀၀၀ အမြန်ထုတ်လုပ်ရောင်းချရန် စကစကြိုးပမ်းနေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဒုတိယမြစ်ကျဉ်းအနီးက ‘ဝဲမ’သစ်ထုတ်ရေးစခန်းကနေ  သစ်မာတန် ၅၀၀၀ ထုတ်လုပ်ရောင်းချရေးစီမံချက် ပြန်စဖို့  စကစ ကြိုးပမ်းနေတယ်လို  ဒေသခံတွေက ပြောပါတယ်။

ဒီအစီအစဉ်ကို အန်အယ်လ်ဒီ အစိုးရလက်ထက် မြန်မာ့သစ်ထုတ်ရေးရဲ့အစီအစဉ်နဲ့ ရောင်းချဖို့ လျာထားခဲ့ရာက အာဏာသိမ်းခါစမှာ ရပ်ဆိုင်းခဲ့တာဖြစ်ပြီး အခု ဒီစီမံချက်ကို စကစက ပြန်အကောင်အထည်ဖော်နေတာကြောင့်  ကေအိုင်အေ အနေနဲ့ တားဆီးပေးစေလိုတယ်လို့ ဒေသခံတွေက တိုက်တွန်းပါတယ်။

“အရင်ပြည်သူ့အစိုးရလက်ထက်မှာ အဲဒီက ရလာမယ့်ငွေတွေကလည်း ပွင့်လင်းမြင်သာမှု ရှိရှိနဲ့ နိုင်ငံတော်ဘဏ္ဍာထဲကို ရောက်မယ့်ကိစ္စဆိုတော့ ဘာမှပြောစရာမရှိခဲ့ဘူး။  အာဏာ သိမ်းပြီးတဲ့နောက်မှာ အခုပြောတဲ့ သစ်မာတန်ချိန် ၅၀၀၀ ကို အမြန်ထုတ်ဖို့ ကြိုးစားနေကြတယ်။ အခုချိန်မှာ တပ်အတွက် ဝင်ငွေလမ်းကြောင်း ဖြစ်စေမယ့်ကိစ္စ မှန်သမျှကို တားဆီးနိုင်ဖို့ လိုတယ်ဗျ။ သူတို့အကျိုးစီးပွားအတွက် ပြည်သူကို ပစ်မယ့် ကျည်ဆန်ဖိုးတွေ လျှော့ချနိုင်အောင် ဝိုင်းဝန်းကြိုးစားကြရမယ့်အချိန်ပါ။ အခုသစ်ထုတ်မှာက ဝဲမ သစ်ထုတ်ရေးကွင်း ဆိုတော့ ကေအိုင်အေတပ်ဖွဲ့တွေ မကြာခဏရောက်နေတဲ့ နေရာဆိုတော့ အခုအစီအစဉ်ကို ကေအိုင်အေ အနေနဲ့ တားဆီးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ သစ်မာတန်ချိန် ၅၀၀၀ အလျင်အမြန်ရောင်းချနိုင်ရေး သစ်ထုတ်ရေးကွင်းက တာဝန်ရှိသူတွေကို ဖိအားပေးပြီး ယခင်စာရင်းတွေ တောင်းနေတယ်လို့ သိရပါတယ်။


#Zawgyi

ကခ်င္ျပည္နယ္၊ ေရႊကူၿမိဳ႕နယ္ ဒုတိယျမစ္က်ဥ္းအနီးက ‘ဝဲမ’သစ္ထုတ္ေရးစခန္းကေန  သစ္မာတန္ ၅၀၀၀ ထုတ္လုပ္ေရာင္းခ်ေရးစီမံခ်က္ ျပန္စဖို႔  စကစ ႀကိဳးပမ္းေနတယ္လို  ေဒသခံေတြက ေျပာပါတယ္။

ဒီအစီအစဥ္ကို အန္အယ္လ္ဒီ အစိုးရလက္ထက္ ျမန္မာ့သစ္ထုတ္ေရးရဲ့အစီအစဥ္နဲ႔ ေရာင္းခ်ဖို႔ လ်ာထားခဲ့ရာက အာဏာသိမ္းခါစမွာ ရပ္ဆိုင္းခဲ့တာျဖစ္ၿပီး အခု ဒီစီမံခ်က္ကို စစ္အုပ္စုက ျပန္အေကာင္အထည္ေဖာ္ေနတာေၾကာင့္  ေကအိုင္ေအ အေနနဲ႔ တားဆီးေပးေစလိုတယ္လို႔ ေဒသခံေတြက တိုက္တြန္းပါတယ္။

“အရင္ျပည္သူ႔အစိုးရလက္ထက္မွာ အဲဒီက ရလာမယ့္ေငြေတြကလည္း ပြင့္လင္းျမင္သာမႈ ရွိရွိနဲ႔ နိုင္ငံေတာ္ဘ႑ာထဲကို ေရာက္မယ့္ကိစၥဆိုေတာ့ ဘာမွေျပာစရာမရွိခဲ့ဘူး။ စစ္အာဏာ သိမ္းၿပီးတဲ့ေနာက္မွာ အခုေျပာတဲ့ သစ္မာတန္ခ်ိန္ ၅၀၀၀ ကို အျမန္ထုတ္ဖို႔ ႀကိဳးစားေနၾကတယ္။ အခုခ်ိန္မွာ စစ္တပ္အတြက္ ဝင္ေငြလမ္းေၾကာင္း ျဖစ္ေစမယ့္ကိစၥ မွန္သမၽွကို တားဆီးနိုင္ဖို႔ လိုတယ္ဗ်။ သူတို႔အက်ိဳးစီးပြားအတြက္ ျပည္သူကို ပစ္မယ့္ က်ည္ဆန္ဖိုးေတြ ေလၽွာ့ခ်နိုင္ေအာင္ ဝိုင္းဝန္းႀကိဳးစားၾကရမယ့္အခ်ိန္ပါ။ အခုသစ္ထုတ္မွာက ဝဲမ သစ္ထုတ္ေရးကြင္း ဆိုေတာ့ ေကအိုင္ေအတပ္ဖြဲ႕ေတြ မၾကာခဏေရာက္ေနတဲ့ ေနရာဆိုေတာ့ အခုအစီအစဥ္ကို ေကအိုင္ေအ အေနနဲ႔ တားဆီးေပးနိုင္လိမ့္မယ္လို႔ ေမၽွာ္လင့္ပါတယ္” လို႔ ေျပာပါတယ္။

အဆိုပါ သစ္မာတန္ခ်ိန္ ၅၀၀၀ အလ်င္အျမန္ေရာင္းခ်နိုင္ေရး သစ္ထုတ္ေရးကြင္းက တာဝန္ရွိသူေတြကို ဖိအားေပးၿပီး ယခင္စာရင္းေတြ ေတာင္းေနတယ္လို႔ သိရပါတယ္။