fbpx

ခရီးသွားလုပ်ငန်းကို ပြည်တွင်းကနေ ပြန်စနိုင်အောင်လုပ်နေပြီလို စစ်ခေါင်းဆောင်ပြော

စက်တင်ဘာလ ၂၇ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ရော နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ပါ ပေးပိုတဲ့စာမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်းပြန်လည်စတင်ဖို ပြည်တွင်းအပြင် ပြည်ပခရီးသွားတွေရဲ့ ယုံကြည်မှုကို တည်ဆောက်ရေးဟာ အရေးပါတာကြောင့် ကိုဗစ်ကပ်ရောဂါကာကွယ်ရေးအပြင် ဘေးကင်းတဲ့ဝန်ဆောင်မှု အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်ဖို ဆောင်ရွက်နေပြီလိုလည်းသူက ပြောပါတယ်။

ဝန်ဆောင်မှု ပေးနေသူတွေကို ကပ်ရောဂါကာကွယ်ရေး သင်တန်းပေးတာ၊ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ကဏ္ဍတွေမှာ ကပ်ရောဂါဆိုင်ရာ ဘေးကင်းမှုစံနှုန်း၊ လမ်းညွှန်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုတွေအဖြစ် ဒေသတွင်းအဆင့်၊ အမျိုးသားအဆင့်နဲ့ နိုင်ငံတကာအဆင့် အသိအမှတ်ပြုတဲ့လက်မှတ်တွေ ထုတ်ပေးသွားဖိုလည်းရှိတယ်လို သူကပြောပါထားတယ်။

ပုံစာ – ကိုဗစ်ကပ်ဘေးကာလ လူသူရှင်းလင်းမှုကို အခွင့်ကောင်းယူပြီး ဘုရားပုထိုးတွေထဲက ရှေးဟောင်းပစ္စည်းတွေကို ခိုးယူနေမှုကို ကာကွယ်ဖို ရဲတပ်ဖွဲဝင်တွေက ပုဂံဘုရားတွေမှာ ပြီးခဲ့တဲ့နှစ်ဇွန်လတုန်းက လုံခြုံရေးကင်းလှည့်နေတာဖြစ်ပါတယ်။

Zawgyi



