fbpx

စစ်အုပ်စုအမာခံသတင်းပေးကြောင့် မအူပင်မြို့တွင် စွပ်စွဲဖမ်းဆီးခံရသူ ၂၀ ကျော်အထိ ရှိလာ

ဧရာဝတီတိုင်း၊ မအူပင်မြိုနယ်မှာ အောက်တိုဘာလဆန်းပိုင်းက စတင်ကာ စစ်တပ်အမာခံသတင်းပေးကြောင့် စွပ်စွဲဖမ်းဆီးခံရတဲ့ ဒေသခံပြည်သူ ၂၀ ကျော်ထိရှိလာပြီဖြစ်တယ်လို သိရပါတယ်။

စစ်အုပ်စုအမာခံသတင်းပေး ဘုန်းကြီး (ခ) ဝင်းမြင့်ဆိုသူကြောင့် မအူပင်မြို အမှတ် ၁ ရပ်ကွက်က ဒေသခံ ပြည်သူတွေအပါဝင် အောက်တိုဘာလ ၄ ရက်နေ့ည တညထဲ ၁၅ ယောက်ကျော်ဖမ်းဆီးခံခဲ့ရတယ်လို ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သတင်းပေး ဘုန်းကြီး (ခ) ဝင်းမြစ်ဆိုသူဟာ စစ်အုပ်စုကို သတင်းးပေးတာတွေမက သူကိုယ်တိုင် စောင့်ကြည့် ပြီး ဦးဆောင်ပြီး ဝင်ဖမ်းတာတွေပြုလုပ်နေတာလို မျက်မြင်တွေ့သူတချိုကပြောပါတယ်။

“သူက အာဏာမသိမ်းခင်ထဲက စရဖ(စစ်ဖက်ရေးရာ ထောက်လှမ်းရေးအဖွဲ)တွေနဲ့ပေါင်းပြီး သတင်းပေးနေတာ။ အခုတော့ ပိုဆိုတာပေါ့။ မအူပင်က စစ်သားတွေကို ကျွေးဖို စရဖဝန်းထဲ သူသွားထမင်းချက်ပေးရတာ၊ နောက်ပိုင်း သူနဲ့အဆင်မပြေတဲ့သူတွေကို သူ့စိတ်ထင်တိုင်ဖမ်းခိုင်းတာ ခုလည်း သူကိုတိုင် ဝင်ပြီး အိမ်တွေလိုက်ပြ ဖမ်းတဲ့အထိရောက်လာတာ”လို မအူပင် ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့ညပိုင်းကလည်း ဘိုကလေးမြိုမှာ ဖမ်းမိတဲ့ ကျောင်းသားတွေနဲ့ အဆက်သွယ်ရှိ သူတွေကို ဖမ်းဖိုအတွက် နောက်ထပ်သတင်းပေးတဦးက လိုက်လံပြသဖမ်းဆီးသွားတယ်လို သိရပါတယ်။

မအူပင်မြိုမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ဖမ်းဆီး ခံရသူ ၁၀၀ ကျော်ထိရှိလာပြီဖြစ်တယ်လို ဒေသခံတွေကပြေဆိုပါတယ်။