fbpx

ရုရှားကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်မည်

ရုရှားနိုင်ငံမှ ORGRES ကုမ္ပဏီက မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လိုကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။




ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ကျင်းပပြုလုပ်သော Russian Energy Week International Forum (REW 2021) သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ လ(၁၁)ရက်တွင် အဆိုပါ ORGRES ကုမ္ပဏီနှင့် ရုရှားကုန်သည်ကြီးများအသင်းတို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ရင်း နှီးပွင့်လင်းစွ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရုရှားကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ Mr. Victor Nikolaevich Chemodanov နှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံ မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။




မြန်မာနိုင်ငံ၏ လက်ရှိဓာတ်အားစနစ်တွင် ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ် အချိုး အစား (Generation Mix) အနေဖြင့် ရေအား (Hydropower) မှ (၄၇)%၊ နေရောင် ခြည်စွမ်းအင် (Solar and RE) ဖြင့် (ဝ.၆)% ၊ အပူစွမ်းအင် (Gas+ LNG+ Coal) မှ (၅၂.၄)% ဖြစ်ပြီး ယနေ့အထိ မြန်မာနိုင်ငံအတွင်းရေအားလျှပ်စစ်စက်ရုံ(၂၈)ရုံသည်စက်တပ်ဆင်အား (၃၂၂၅)မဂ္ဂါဝပ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

လာမည့်နှစ်ပိုင်းများတွင်လည်း ပြည်တွင်းရှိ ရေအားလျှပ်စစ်အရင်းအမြစ်များက ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည်စွမ်းအင် သုံးဓာတ်အားများကို ဦးစားပေးထုတ်လုပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ပြုလုပ်သည့် (၆)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင်လည်း ရုရှားကုမ္ပဏီများက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ရေနံတူးဖော်ခြင်းနှင့် ဘက်စုံသုံး ပင်လယ်ဆိပ်ကမ်းများ တည်ဆောက်ခြင်း စသည့် ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားနေကြောင်းပြောကြားခဲ့ဖူးသည်။




မြန်မာနိုင်ငံတွင် ဝင်ရောက်ထားသည့် ရုရှားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၉၄) သန်းရှိပြီး ရင်းနှီးမြုပ်နှံသည့်နိုင်ငံများထဲမှ အဆင့်(၂၂)သာရှိနေကြောင်းသိရသည်။

ထို့ပြင် ရုရှား-မြန်မာစီး ပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် စာချုပ်ချုပ်ဆိုမှုများလုပ်ရန် ရုရှားဘက်မှဝန်ကြီးတစ်ဦး ဦးဆောင်မည့်စီးပွားရေးအဖွဲ့က ယခုနှစ်မကုန်မီလာရောက်ရန်ရှိနေကြောင်းလည်းသိရသည်။ ရုရှားနိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲ၊ ပဲအမျိုးမျိုးစသည်တို့ကိုတင်ပို့ထားပြီး နှစ်စဉ်အမေရိကန်ဒေါ်လာသန်း (၆ဝ) ခန့်ရရှိကြောင်း သိရသည်။

NPNews

Zawgyi ဖြင့်ဖတ်ရန်

႐ုရွားကုမၸဏီတစ္ခုက ျမန္မာနိုင္ငံတြင္ ေရအားလၽွပ္စစ္စီမံကိန္းေဆာင္ရြက္မည္

႐ုရွားနိုင္ငံမွ ORGRES ကုမၸဏီက ျမန္မာနိုင္ငံတြင္ ေရအားလၽွပ္စစ္ႏွင့္ ဓာတ္အားခြဲ႐ုံမ်ား တည္ေဆာက္ျခင္းလုပ္ငန္းတို႔ကို ေဆာင္ရြက္လိုေၾကာင္း လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရသိရသည္။

႐ုရွားဖက္ဒေရးရွင္းနိုင္ငံ ေမာ္စကိုၿမိဳ႕၌က်င္းပျပဳလုပ္ေသာ Russian Energy Week International Forum (REW 2021) သို႔ တက္ေရာက္ရန္ ေမာ္စကိုၿမိဳ႕၌ ေရာက္ရွိေနသည့္ လၽွပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္သန္းဦးႏွင့္အဖြဲ႕သည္ ေအာက္တိုဘာ လ(၁၁)ရက္တြင္ အဆိုပါ ORGRES ကုမၸဏီႏွင့္ ႐ုရွားကုန္သည္ႀကီးမ်ားအသင္းတို႔မွတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ၍ ႏွစ္နိုင္ငံရင္းႏွီးျမႇုပ္ႏွံမႈဆိုင္ရာ ကိစၥရပ္မ်ား၊ ႏွစ္နိုင္ငံပူးေပါင္းေဆာင္ရြက္နိုင္မည့္ အခြင့္အလမ္းမ်ားကို ရင္း ႏွီးပြင့္လင္းစြ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ျပည္ေထာင္စုဝန္ႀကီးႏွင့္အဖြဲ႕သည္ ႐ုရွားကုန္သည္ႀကီးမ်ားအသင္း၏ ဥကၠ႒ Mr. Victor Nikolaevich Chemodanov ႏွင့္ေတြ႕ဆုံ၍ လၽွပ္စစ္ႏွင့္စြမ္းအင္က႑ဆိုင္ရာ ႏွစ္နိုင္ငံရင္းႏွီးျမႇုပ္ႏွံ မႈကိစၥရပ္မ်ားကို ရင္းႏွီးပြင့္လင္းစြာေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္းသိရသည္။

ျမန္မာနိုင္ငံ၏ လက္ရွိဓာတ္အားစနစ္တြင္ ဓာတ္အားထုတ္လုပ္မႈအရင္းအျမစ္ အခ်ိဳး အစား (Generation Mix) အေနျဖင့္ ေရအား (Hydropower) မွ (၄၇)%၊ ေနေရာင္ ျခည္စြမ္းအင္ (Solar and RE) ျဖင့္ (ဝ.၆)% ၊ အပူစြမ္းအင္ (Gas+ LNG+ Coal) မွ (၅၂.၄)% ျဖစ္ၿပီး ယေန႔အထိ ျမန္မာနိုင္ငံအတြင္းေရအားလၽွပ္စစ္စက္႐ုံ(၂၈)႐ုံသည္စက္တပ္ဆင္အား (၃၂၂၅)မဂၢါဝပ္ထုတ္လုပ္လ်က္ရွိေၾကာင္း သိရသည္။

လာမည့္ႏွစ္ပိုင္းမ်ားတြင္လည္း ျပည္တြင္းရွိ ေရအားလၽွပ္စစ္အရင္းအျမစ္မ်ားက ဓာတ္အားထုတ္လုပ္မႈႏွင့္ ေနေရာင္ျခည္စြမ္းအင္ သုံးဓာတ္အားမ်ားကို ဦးစားေပးထုတ္လုပ္ရန္ စီမံေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့သည့္စက္တင္ဘာလအတြင္းက ႐ုရွားနိုင္ငံ ဗလာဒီေဗာ့စေတာ့ၿမိဳ႕၌ ျပဳလုပ္သည့္ (၆)ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္တြင္လည္း ႐ုရွားကုမၸဏီမ်ားက ျမန္မာနိုင္ငံ၏ လၽွပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း၊ ေရနံတူးေဖာ္ျခင္းႏွင့္ ဘက္စုံသုံး ပင္လယ္ဆိပ္ကမ္းမ်ား တည္ေဆာက္ျခင္း စသည့္ က႑မ်ားတြင္ ရင္းႏွီးျမဳပ္ႏွံရန္ စိတ္ဝင္စားေနေၾကာင္းေျပာၾကားခဲ့ဖူးသည္။

ျမန္မာနိုင္ငံတြင္ ဝင္ေရာက္ထားသည့္ ႐ုရွားနိုင္ငံ၏ ရင္းႏွီးျမႇုပ္ႏွံမႈသည္ အေမရိကန္ေဒၚလာ (၉၄) သန္းရွိၿပီး ရင္းႏွီးျမဳပ္ႏွံသည့္နိုင္ငံမ်ားထဲမွ အဆင့္(၂၂)သာရွိေနေၾကာင္းသိရသည္။

ထို႔ျပင္ ႐ုရွား-ျမန္မာစီး ပြားေရးဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးလုပ္ငန္းမ်ားအတြက္ စာခ်ဳပ္ခ်ဳပ္ဆိုမႈမ်ားလုပ္ရန္ ႐ုရွားဘက္မွဝန္ႀကီးတစ္ဦး ဦးေဆာင္မည့္စီးပြားေရးအဖြဲ႕က ယခုႏွစ္မကုန္မီလာေရာက္ရန္ရွိေနေၾကာင္းလည္းသိရသည္။ ႐ုရွားနိုင္ငံသို႔ ျမန္မာနိုင္ငံမွ ဆန္ႏွင့္ဆန္ကြဲ၊ ပဲအမ်ိဳးမ်ိဳးစသည္တို႔ကိုတင္ပို႔ထားၿပီး ႏွစ္စဥ္အေမရိကန္ေဒၚလာသန္း (၆ဝ) ခန႔္ရရွိေၾကာင္း သိရသည္။