လူရွှင်တော်တိုင်းကျော်အပါအဝင် ဟား(၅)ကောင်လူရွှင်တော်အဖွဲ့ကတော့ အမှန်တရားဘက်ကနေမားမားမတ်မတ်ရပ်တည်နေပြီး ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါတယ်။
လူရွှင်တော်တိုင်းကျော်ကတော့ တောတောင်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး ရန်သူကို တိုက်ခိုက်ဖို့အတွက် စစ်ရေးလေ့ကျင့်နေပါတယ်။
ယခုမှာတော့ တိုင်းကျော်ရဲ့ ညီဖြစ်သူဟာ အသက်ကိုတောင်ပေးပြီး
ပြည်သူတွေအတွက် တိုက်ပွဲဝင်ပေးနေတဲ့ တိုင်းကျော်နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ပြောပြလာခဲ့ပါတယ်။
အမှန်တရားအတွက် လက်နက်ကိုင်ပြီး မတရားမှုကို တွန်းလှန်နေတဲ့ အစ်ကိုဖြစ်သူရဲ့ အကြောင်းကို
တိုင်းကျော်ရဲ့ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟလာခဲ့ပါတယ်။
တိုင်းကျော်ဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အေးအေးဆေးဆေးနေတတ်သူဖြစ်သလို
ဉာဏ်လည်းကောင်းသူဖြစ်ကြောင်း ညီဖြစ်သူက ပြောဆိုထားခဲ့ပါတယ်။
တိုင်းကျော်ဟာ ရန်လည်း ဘယ်သူနဲ့မှမဖြစ်ဖူးသလို ဘယ်သူနဲ့မှလည်း ပြသနာမတက်အောင်နေထိုင်တတ်သူဖြစ်ကြောင်း၊
အသက်(၁၄)နှစ်သားတည်းက လူရွှင်တော်အလုပ်၊ဇာတ်မင်းသားအလုပ်တွေနဲ့ အသက်မွေးခဲ့သူဖြစ်ကြောင်း ပြောပြထားခဲ့ပါတယ်။
ယခုမှာတော့ တိုင်းကျော်တစ်ယောက် သူယုံကြည်ရာအတွက် လက်နက်ကိုင်ပြီး မတရားမှုကိုတွန်းလှန်နေကြောင်း၊
တိုင်းကျော် နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း၊
သူလည်းတက်နိုင်တဲ့ ဘက်ကနေ အမြဲပါဝင်နေကြောင်း ၊
D day လာပြီဆိုတော့ ပြည်သူ့ပန်းတိုင်ဟာ မဝေးတော့ကြောင်း
ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟထားခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့
တိုင်းကျော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
(Zawgyi)
အသက်ကိုတောင်ပေးပြီး တိုက်ပွဲဝင်နေတဲ့ အစ်ကိုဖြစ်သူနဲ့ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ဖွင့်ဟလာတဲ့ တိုင်းကျော်ရဲ့ညီလေး
လူရွှင်တော်တိုင်းကျော်အပါအဝင် ဟား(၅)ကောင်လူရွှင်တော်အဖွဲ့ကတော့ အမှန်တရားဘက်ကနေ
မားမားမတ်မတ်ရပ်တည်နေပြီး ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေပါတယ်။
လူရွှင်တော်တိုင်းကျော်ကတော့ တောတောင်ထဲမှာ ပင်ပန်းဆင်းရဲခံပြီး ရန်သူကို တိုက်ခိုက်ဖို့အတွက် စစ်ရေးလေ့ကျင့်နေပါတယ်။
ယခုမှာတော့ တိုင်းကျော်ရဲ့ ညီဖြစ်သူဟာ အသက်ကိုတောင်ပေးပြီး
ပြည်သူတွေအတွက် တိုက်ပွဲဝင်ပေးနေတဲ့ တိုင်းကျော်နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း ပြောပြလာခဲ့ပါတယ်။
အမှန်တရားအတွက် လက်နက်ကိုင်ပြီး မတရားမှုကို တွန်းလှန်နေတဲ့ အစ်ကိုဖြစ်သူရဲ့ အကြောင်းကို
တိုင်းကျော်ရဲ့ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟလာခဲ့ပါတယ်။
တိုင်းကျော်ဟာ ညီအစ်ကိုသုံးယောက်ထဲမှာ အေးအေးဆေးဆေးနေတတ်သူဖြစ်သလို
ဉာဏ်လည်းကောင်းသူဖြစ်ကြောင်း ညီဖြစ်သူက ပြောဆိုထားခဲ့ပါတယ်။
တိုင်းကျော်ဟာ ရန်လည်း ဘယ်သူနဲ့မှမဖြစ်ဖူးသလို ဘယ်သူနဲ့မှလည်း ပြသနာမတက်အောင်နေထိုင်တတ်သူဖြစ်ကြောင်း၊
အသက်(၁၄)နှစ်သားတည်းက လူရွှင်တော်အလုပ်၊ဇာတ်မင်းသားအလုပ်တွေနဲ့ အသက်မွေးခဲ့သူဖြစ်ကြောင်း ပြောပြထားခဲ့ပါတယ်။
ယခုမှာတော့ တိုင်းကျော်တစ်ယောက် သူယုံကြည်ရာအတွက် လက်နက်ကိုင်ပြီး မတရားမှုကိုတွန်းလှန်နေကြောင်း၊
တိုင်းကျော် နဲ့ ညီအစ်ကိုဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်မိကြောင်း၊
သူလည်းတက်နိုင်တဲ့ ဘက်ကနေ အမြဲပါဝင်နေကြောင်း ၊
D day လာပြီဆိုတော့ ပြည်သူ့ပန်းတိုင်ဟာ မဝေးတော့ကြောင်း
ညီဖြစ်သူ ဇွန်မိုးအောင်က ဖွင့်ဟထားခဲ့တာပဲ ဖြစ်ပါတယ်။
တိုက်ပွဲဝင်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့
တိုင်းကျော်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source : Original Uploder