YBS ယာဉ်စီးခပေးချေမှုကို မကြာခင်မှာ ကဒ်စနစ်နဲ့ ပေးချေနိုင်ဖို ပြန်လည်လုပ်ဆောင်တော့မယ်လို သိရပါတယ်။
ဒီလို ကဒ်စနစ်ပေးချေမှု အတွက် Pilot testing ကို ၂၀၂၀ ဖေဖော်ဝါရီလကတည်း ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ယာဉ်လိုင်း ၄၂ လိုင်းက ယာဉ်အစီးရေ ၁၅၉၄ စီးမှာ စက်တပ်ဆင်ပြီး ဖြစ်တယ်လို သိရပါတယ်။
ကဒ်စနစ်အသုံးပြုဖိုအတွက် ကဒ်တကဒ်ကို ငွေကျပ် ၂၀၀၀ နှုန်းထားရောင်းချပေးမှာ ဖြစ်ပြီး ကဒ် ၆၀၀၀၀ ကျော်ရောင်းချပြီးကာ အသုံးပြုနေတဲ့ ကဒ်ပေါင်းကတော့ ၃၀၀၀၀ ကျော်ရှိတယ် လို YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
ယာဉ်လိုင်းလိုင် အားလုံးက ယာဉ်အစီးရေအားလုံးကို စက်တပ်ဆင်နိုင်ဖို ဆောင်ရွက်နေပြီး ဒီကဒ်စနစ်ပြောင်းလဲမယ့် အစီအစဉ်ဟာ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ရပ်ဆိုင်း သွားတာဖြစ်တယ် လိုလည်း သိရပါတယ်။
(Zawgyi Version)
YBS ယာဉ်စီးခပေးချေမှုကို ကဒ်စနစ်ပြန်လည်စတင်နိုင်ဖို ပြင်ဆင်နေ