fbpx

မလွတ်မြောက်သေးတဲ့ သူမကို အထဲမှာဘယ်လောက်ဝမ်းနည်းနေရှာမလဲလို့ မျက်ရည်များနဲ့ပြောပြလာတဲ့ ပိုပိုရဲ့မန်နေဂျာ

ပရိသတ်ကြီးရေ အဆို‌တော် ပိုပို ကတော့ မြန်မာပြည် စစ်အာဏာသိမ်းမှု့မှာ ပြည်သူတွေနဲ့ အတူတူ အမှန်တရားဘက်က ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာကြောင့် ၅၀၅ ကနဲ့ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူမရဲ့နေအိမ်မှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

ပိုပို ဟာ အင်းစိန်ထောင်မှာ အခြားအနု ပညာရှင်များဖြစ်ကြတဲ့ အိန္ဒြာကျော် ဇင်၊ပြေတီဦး၊ ပိုင်တံခွန် နဲ့ ‌ရဲတိုက်တို့နဲ့အတူ ဖမ်းဆီးချုပ်နှောင်ခံ ထားရပြီး အခြား အနုပညာရှင်များက လွတ်ငြိမ်းချမ်းသာခွင့် နဲ့ ပြန်လည်လွတ်မြောက်လာကြပေမယ့် ပိုပို ကတော့ လွတ်မြောက်ခြင်း မရှိသေးပါဘူး။

ချစ်ရတဲ့ ပရိသတ်တွေကတော့ အဆိုတော် ပိုပို ပြန်လည်လွတ်မြောက်လာမဲ့ အချိန်ကိုမျှော်လင့်စောင့်စား နေတာပဲ ဖြစ်ပါတယ်။ သူမရဲ့မန်နေဂျာဖြစ်သူဟာလဲ ပရိသတ်ေ တွနဲ့အတူ လွမ်းနေတယ် ဆိုတဲ့အကြောင်းကို ” ဒီနေ့တော့ admin ကို နည်းနည်း ငိုခွင့်ပေးပါ မပိုပို အတွက် ဆုတောင်းပေးရုံကလွဲ မတတ်နိုင်လို့ပါ ခုဆို ၁နှစ်တောင် ပြည့်တော့မယ်

အပြင်က လူတွေအတွက် ခဏလေးဆိုပေမယ့် အထဲကလူ အတွက်တော့ ပြောမပြတတ်အောင်ပေါ့ ခုချိန်ဆို အားငယ်နေမလား ဘယ်လောက်တောင် ငိုနေလိုက်မလဲ ချစ်တဲ့လူတွေအတွက် အားတင်းထားပါဦး ခုဆို ဆံပင်တွေ ဘယ်လောက်ထိ ရှည်နေမလဲ သတိရတယ်” လို့ ရေးသား ထားတာကို တွေ့ရပါတယ်။

ဖမ်းဆီးခံထား ရတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ပိုပို အမြန်ဆုံးလွတ်မြောက် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှုပေး တဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။ Crd

Zawgyi Version

အခြားအနုပညာရှင်တွေနဲ့အတူ မလွတ်မြောက်သေးတဲ့ သူမကို အထဲမှာဘယ်လောက်တောင်ဝမ်းနည်းနေရှာမလဲလို့ မျက်ရည် များနဲ့ပြောပြလာတဲ့ ပိုပို ရဲ့မန်နေဂျာ




