ကိုဗစ်ရောဂါကြောင့် သေဆုံးမူ အများဆုံးဖြစ်တဲ့ နာတာရှည် ရောဂါရှိသူတွေ အပြင်
ဒုတိယ သတိထားဂရုစိုက်သင့်တဲ့ အုပ်စုကတော့ ကိုယ်၀န်ဆောင် မိခင်တွေဖြစ်ပါတယ်။
ကိုဗစ်-၁၉ မှ မဟုတ်ပဲ တစ်ခြား အသက်ရူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ
ကိုယ်၀န်ဆောင် မိခင်တွေ ကို ကူးစက်ခံရတဲ့ အခါမှာပြင်းပြင်းထန်ထန် ခံစားရခြင်းမှ သည်
အသက်အန္တရာယ် ဆုံးရူံးသည် အထိ ခံစားရနိုင်ကြောင်းကို အရင်က ဖြစ်ခဲ့တဲ့ တုပ်ကွေးရောဂါ (Influenza)နဲ့ ဆားစ်SARS ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတို့တုန်းက ဆေးပညာရှင်တွေ တွေ့ရှိခဲ့ထားပြီး ဖြစ်ပါတယ်။
![Pergnant people with Covid-19,United States[January 22 -October 6, 2020]](https://www.dailyinfomm.com/wp-content/uploads/2020/10/Screenshot-499_LI-1.jpg)
အမိ၀မ်းထဲက ကလေးငယ်အား ကူးစက်နိုင်သလား။
ဗြိတိန်က သားဖွားနဲ့ မီးယပ် အထူးကု ဆရာ၀န် ဒေါက်တာ မြကြာဖြူက
လက်ရှိ ဖြစ်ပွားခဲ့တဲ့ ကူးစက်ပြန့်ပွားမှုတွေကို လေ့လာပြီးသလောက်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ မိခင်ကြောင့် သန္ဓေသား ကလေးရဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာ ကိုယ်ဝန်ပျက်ကျတာတို့ ဖြစ်တယ်ဆိုတဲ့ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးဘူးလို့ သိထားရကြောင်း
ပြောပါတယ်။
ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကိုယ်ဝန် ရင့်လာချိန် တစ်နည်းအားဖြင့် ကိုယ်ဝန် ၂၈ ပတ်ကျော်လာချိန်မှာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ခံရရင် တော်တော် ပြင်းပြင်းထန်ထန် ဖြစ်လေ့ရှိတာကြောင့် အခုလတ်တလော ကူးစက်မှု များနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မယ် ဆိုရင်လည်း အန္တရာယ်ကြီးတယ်လို့ သားဖွားနဲ့ မီးယပ်ဆိုင်ရာ ဆရာဝန်ကြီးတွေက ပြောပါတယ်။
အဲဒီ အဆင့်မှာ သူ့ဗိုက်ထဲက သန္ဓေသားက မွေးဖွားဖို့ လုံလောက်တဲ့ ကြီးထွားမှု မရှိသေးရင်လည်း မိခင်အသက်ရှူရ လွယ်အောင် စောစော မွေးထုတ်ပေးရတတ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကိုယ်ဝန်အရင့်အမာ ရှိနေတဲ့ မိခင်တွေကို Ventilator စက်ကြီးတွေပေါ် တင်ပြီး ကုသတဲ့ အခါမှာ အခက်အခဲတွေ ရှိနိုင်လို့ ဗိုက်ထဲက ကလေးကို မွေးထုတ်ပြီးမှသာ ကိုယ်ဝန်ဆောင်မိခင်ကို အဲဒီ စက်တွေပေါ် တင်ပြီး ကုသနိုင်မှာ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ လူတန်မြို့ ဆေးရုံက သားဖွားနဲ့ မီးယပ်ဆိုင်ရာ အထူးကု ဆရာဝန် ဒေါက်တာ မြကြာဖြူက ပြောပါတယ်။
ဒီအခါမှာ ကလေးတွေဟာ premature birth အချိန်မတိုင်ခင်မွေးရတဲ့ ကလေးတွေ ဖြစ်လာပြီး သူတို့မှာ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ရှိလာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆိုရင်တော့ ကိုယ်ဝန် ၂၈ ပတ်ကျော် မိခင်လောင်းတွေက ၂၈ ပတ်မပြည့်သေးတဲ့ မိခင်လောင်းတွေထက် ပို အန္တရာယ်ကြီးတယ်လို့ ဒေါက်တာ မြကြာဖြူက ပြောပါတယ်။

မြန်မာနိုင်ငံတော့ ကိုဗစ်-၁၉ ရောဂါကူးစက်သူတွေ တစ်နေ့တခြားပိုမို များပြားလာနေပြီး သေဆုံးသူတွေလည်း ပိုများလာချိန်မှာ အသက် ၄၃ နှစ် အရွယ် အမျိုးသမီးတစ်ယောက်ကတော့ ကလေးမီးဖွားပြီး ၇ ရက် အကြာမှာ သေဆုံးသွားခဲ့ပါတယ်။
ရန်ကုန် ဗဟို အမျိုးသမီးဆေးရုံကြီးကို ကလေးမွေးဖွားဖို့ သူ ရောက်လာချိန်မှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိနေတာ မသိခဲ့ပါဘူး။
ကလေးကိုလည်း ဗိုက်ခွဲပြီးမွေးခဲ့ရပါတယ်။ အရေးပေါ် ခွဲစိတ် မွေးထုတ်ပေးခဲ့အပြီး နောက်တစ်ရက်မှာ ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ရှိလာလို့ ဓာတ်ခွဲနမူနာယူပြီး စစ်ဆေးခဲ့ရာမှာ ပိုးရှိနေကြောင်း သိရှိခဲ့ရတာဖြစ်ပါတယ်။
ပိုးရှိနေတာ သိရပြီးနောက် ဖောင်ကြီး ကုသရေးဌာနကို ပို့လွှတ်ခဲ့တယ်လို့ နာမည် ထုတ်ဖော် မပြောလိုကြတဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးက ဆရာဝန် အသိုင်းအဝိုင်းက တစ်ဆင့် သိရပါတယ်။
ကလေးမိခင် အမျိုးသမီးက စက်တင်ဘာလ ၂၂ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ ကလေးကတော့ ရောဂါကူးစက်မှု မရှိဘဲ အခု အချိန်အထိ ကျန်းကျန်းမာမာ ရှိနေတယ်လို့ သိရပါတယ်။
နေ့စဉ် သတင်းနှင့်ဗဟုသုတများကိုဖတ်ရှုချင်ရင်တော့ https://www.facebook.com/dailyinfomm Facebook Page သို့လာရောက်ဖတ်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။
Data – https://www.cdc.gov/
– https://www.bbc.com/burmese